Wednesday, August 31, 2011
အောင်မြင်ရေးပညာရှင်တို့၏ လက်စွဲနည်းနာများ
(ဒီစာရဲ့မူရင်းစာအုပ်ကတော့ Michael Jeffreys ၏ The Winner's Guide to Sucessဖြစ်ပါတယ်။ သူငယ်ချင်းတို့အတွက် မျှဝေပေးတာပါ။)
အောင်မြင်သောပုဂ္ဂိုလ်တွေမှာ ဘယ်လိုထူခြားသည့်အတွေး အမြင်များရှိကြသနည်း။
        သူတို့အား သူတစ်ပါးထက်ထူးခြားအောင်မြင်သောသူများဖြစ်လာအောင် တွန်းထိုးမောင်းနှင်သောအရာသည် အဘယ်နည်း။
        သည်ပုစ္ဆာများအတွက် အဖြေကိုရရှိရန်ထူးခြားသောပုဂ္ဂိုလ်တချို့ကို ကျွန်တော်
ချဉ်းကပ်မေးမြန်းခဲ့သည်။ ယင်းပုဂ္ဂိုလ်က စိတ်ဓါတ်ထက်သန်တက်ကြွရေးတရား
ဟောပြောပို့ချကြသူများထဲတွင် အထင်ရှားဆုံး ထိပ်သီးပုဂ္ဂိုလ်များနှင့် အောင်မြင်ကြီး
ပွားရေးကျမ်းပြုစုသူများထဲမှ အအောင်မြင်ဆုံး အရောင်းရ တွင်ကျယ်ဆုံးကျမ်းပြုပုဂ္ဂိုလ်
များဖြစ်သည်။
        တနည်းဆိုရသော် ကိုယ်တိုင်အောင်မြင်ထင်ရှားလျက်ရှိသည့် အောင်မြင်ကြီး
ပွားရေးသဘောတရားဆရာများ။
ကို ကျွန်တော် ပြန်လည်ထုတ်နုတ်တင်ပြပါမည်။
(၁) ကိုယ့်ကိစ္စကိုယ် တာဝန်ယူတတ်သည့်စိတ်
        လူအများစုတို့ပင် မိမိမအောင်မြင်သည့် ကိစ္စအတွက် သူတစ်ပါးကိုအပြစ်တင်
ချင်တတ်ကြသည်။ မိဘကြောင့်၊ ပတ်ဝန်းကျင်ကြောင့်၊ အထွေထွေအပြားပြားသော
အကန့်အသတ် အတားအဆီးများကြောင့်၊ စသဖြင့် အကြောင်းတွေ ပြကြသည်။ အောင်မြင်ရေးပညာရှင်များက သည်အချက်ကိုလက်မခံ။ ဒါသည် အရှုံးသမား
စိတ်ဓါတ်ဟုတ် သူတို့မြင်ကြသည်။ သူတစ်ပါးတို့ကြောင့် မိမိဘ၀နိမ့်ကျနေရသည်ဟု မှတ်ယူနေသမျှကာလပတ်လုံး ကိုယ့်ကြမ္မာကိုယ်ဖန်တီးနိုင်သော အနေအထားသို့
ရောက်ရှိလိမ့်မည်မဟုတ်ဟု သူတို့ယုံကြည်သည်။
        သူတို့၏ လက်စွဲလမ်းစဉ်က “ကိုယ့်ကိစ္စသည် ကိုယ့်တာဝန်၊ ကိုယ့်အခက်အခဲကို ကိုယ်သာဖြေရှင်းမည်” ဟူ၍ပဲဖြစ်သည်။
        သူတစ်ပါးက၊ သို့မဟုတ် ပြင်ပအကြောင်းတစ်စုံတရာက ဟန့်တားထားသဖြင့်
မိမိမအောင်မမြင်ဖြစ်နေရသည်ဟု ယူဆနေသူသည် မိမိ၏စွမ်းအားများကိုပစ်ပယ်သူ
အလဟသ အဆုံးရှုံးခံသူဖြစ်သည်။ တနည်းဆိုရသော်၊ ကျွန်တော်ဘ၀ကို ကျွန်တော်ကိုယ်တိုင်ထက် ခင်ဗျားတို့က ပိုပြီးခြယ်လှယ်နိုင်ပါတယ် ဟူသော
အောက်ကျခံစိတ်ဓါတ်ကို မွေးမြူထားသူဖြစ်သည်ဟု အောင်မြင်ရေးသမားတို့ရှုမြင်
ကြသည်။
        ဥပမာ စိတ်ဓါတ်မြှင့်တင်ရေးဆိုင်ရာ အပြောအဟောအမား လက်(စ)ဘရောင်း
ဆိုပါစို့။
        မွေးစကတည်းကပင် သူ့အားမိဘနှစ်ပါးက တင်းပြည့်ကျပ်ပြည့် လူတန်းစေ့
ဖြစ်မလာနိုင်သူလေးဟူ၍ စိတ်ပျက်လက်လျှော့ခဲ့ကြသည်။ ကလေးဘ၀၌ အရည်
အသွေးစစ်ဆေးသူတို့ကလည်း၊ ညဏ်ရည်ချို့တဲ့သူဖြစ်သည်။ သို့သော် ပညာတော့
သင်၍ရနိုင်သည် ဟူသောမှတ်ချက်မျိုးသာ ပေးခဲ့သည်။
        သည်အတိုင်းဆိုက လက်(စ)ဘရောင်းအဖို့ ဘာမှ မျှော်လင့်နိုင်စရာအကြောင်း
မရှိတော့။ သို့သော် အထက်တန်းကျောင်းသားဘ၀၌ သူ့စိတ်ဓါတ်ကိုပြောင်းလဲမြှင့်
တင်ပေးမည့် လမ်းညွှန်စကားတစ်ခွန်း ဆရာတစ်ဦးထံမှ လက်(စ)ဘရောင်းကြားရ
သည်။ “သူများတွေက မင်းကို ဘယ်လိုဘာညာ သတ်မှတ်ထားရုံနဲ့ မင်းက အဲ့ဒီ
အတိုင်း လိုက်ဖြစ်ဖို့မလိုဘူးကွ” ဟူသောစကား။
        သည်တွင် ဘရောင်းသဘောပေါက်သွားသည်။ မိမိဘ၀၊ မိမိအနာဂတ်သည်
မိမိလက်ထဲမှာပဲ ရှိသည်။ ဒါပါပဲ။
        သူ့ဘ၀ကိုသူများတွေ အထင်အမြင်အတိုင်း လျှော့တွက်မထားဘဲ မြှင့်တင်နိုင်
ဖို့ သူကြိုးစားသည်။ နောက်ပိုင်း၌ သူသည် နိုင်ငံရေးနယ်ပယ်တွင် ၀င်ဆံ့သူတစ်ဦး
ဖြစ်လာသည်။ စာအုပ်စာတမ်း ရေးသားပြုစုသူတစ်ယောက်ဖြစ်လာသည်။ အဟော
အပြောဘက်တွင် ထူးချွန်သူတစ်ယောက်ဖြစ်လာသည်။ ယခုအခါ၌မူ အမေရိကန်
ပြည်ရှိ စိတ်ဓါတ်မြှင့်တင်ရေး ဟောပြောသမားများထဲတွင် ထိပ်တန်းစာရင်းဝင် ပုဂ္ဂိုလ်
တစ်ဦးဖြစ်လာပြီး ဟောပြောခအဖြစ် တစ်နာရီလျှင် ဒေါ်လာ 20000နှုန်း ရရှိနေချေ
ပြီ။
လောက၌ လူတို့ထိန်းချုပ်ဖန်တီး၍မရနိုင်သောအရာများ ရှိတာတော့အမှန်ပဲဖြစ်ပါ
သည်။ ဥမမာ သဘာဝဖြစ်စဉ်များကို ကျွန်တော်တို့ မတားဆီးနိုင်ပါ။ ဖြစ်ပြီးခဲ့
သည့်အရာများအတွက် စိတ်ပင်ပန်းဆင်းရဲနေသဖြင့်လည်း အကြောင်းမထူးပါ။
အခြားတစ်ပါးသောသူတို့၏ သဘောသဘာဝများကို ပြုပြင်ပြောင်းလဲဖို့လည်း
အလွန်ခက်ပါမည်။ သို့သော် မည်သူမဆို မိမိအတွေးအကြံနှင့် မိမိလုပ်ရပ်များကို
ကား မိမိလက်ထဲ မိမိထည့်ထားနိုင်ပါသည်။
        အဲ့ဒါသည် ကိုယ့်ကိုကိုယ် တာဝန်ယူခြင်းဖြစ်သည်။ ကိုယ့်ကိုကိုယ်တာဝန်ယူ
သောသူ၌ မိမိဘ၀ကို မြှင့်တင်နိုင်မည့် အလွန်ကြီးမားသောစွမ်းအားများ ကိန်းအောင်း
တည်ရှိလာမည်ဖြစ်ပါသည်။
(၂) ရည်ရွယ်ချက် နှင့် အသက်ရှင်သူ
        ထက်သန်နိုးကြားရေးသမားများနှင့် ရိုးရိုး သာမန်လူများ ကွာခြားကြသည့်အဓိက
အချက်တစ်ခုက ထက်သန်သူများသည် ဘ၀ကိုရည်ရွယ်ချက်ရှိစွာ ဖြတ်သန်းရှင်သန်ကြ
ခြင်းဖြစ်၏။
        သူတို့မှာ သူတို့စွဲမြဲယုံကြည်သည့်အရာ ရှိသည်။ ဘယ်အရာသည် ငါ့အလုပ်
ဟုတိတိကျကျပြဌာန်းထားမှု ရှိသည်။ ဘ၀၌ဦးတည်ချက်တစ်စုံတစ်ရာ ရှိခြင်းသည် တင်းပြည့်ကျပ်ပြည့် လှုပ်ရှားရှင်သန်သူတစ်ဦးဖြစ်ရေးအတွက် အရေးကြီးဆုံး အခြေခံအချက်တစ်ခုဖြစ်သည် ဟူ၍ လူမှု
စိတ်ပညာကျမ်းပြု ဆရာ ၀ိန်းဒိုင်ယာက ဆိုသည်။
        ဘ၀၌ဦးတည်ချက် ခိုင်ခိုင်မာမာမရှိသည့်အခါ လူသည် လတ်တလောသက်သာ
လွယ်ကူသလို နေတတ်သည်။ ခက်ခဲတာတွေရှောင်သည်။ ကိုယ်အားညဏ်အား
စိုက်ထုတ်သုံးစွဲမှုမပြု။ ဦးတည်ချက်တစ်စုံတစ်ရာဖြစ် အသက်ရှင်သောသူမှာမှု မိမိ
အလုပ်ကောင်းစွာပြီးမြောက်ရေးကိုသာ အဓိက အာရုံပြု၍ နေတတ်သည်။
သူသည် သူနှစ်သက်သောအလုပ်ကိုရွေးချယ်ထားခြင်းဖြစ်းရာ သည်အလုပ်ကို
သူနှစ်သက်ယုံကြည်ကြောင်းသည်လည်း သူနှင့်အတူ တွဲဖက်လုပ်ကိုင်ရန် လိုလား
ထက်သန်လာတတ်ကြပေသည်။ ဦးတည်ချက်ဖြင့် ရှင်သန်သောဘ၀တစ်ခုဖြစ်ရန်
မည်သို့လုပ်ဆောင်ရမည်နည်း။ ဦးစွာပထမ မိမိအမှန်တကယ် ယုံကြည်သောအ
ကြောင်းကိစ္စတစ်ခုကို စဉ်းစားရွေးချယ်ရပါမည်။ ပြီးလျှင်သည်ကိစ္စတွင်ဝန်းရံကာ
လုပ်ငန်းတစ်ခု တည်ဆောက်ရပါမည်။
        ဥမမာ မိုက်(က)ဖယ်ရီဆိုပါစို့။ သူသည် မူလကအသံသွင်းတိပ်ခွေများဖြန့်
ချီသည့် အရောင်းကိုယ်စားလှယ်တစ်ဦး ဖြစ်ခဲ့သည်။ သည့်နောက်၌ တိုက်အိမ်မြေ
အရောင်းအ၀ယ်သမားများနှင့် တွေ့ဆုံရာမှ သည်လူတွေကို အရောင်းပညာအရည်အ
သွေးတိုးတက်အောင် လေ့ကျင့်မြှင့်တင်ပေးနိုင်က များစွာအကျိုးကျေးဇူးရှိနိုင်ကြောင်း
သတိပြုမိခဲ့သည်။ သို့နှင့် မိုက်(က)ဖယ်ရီအဖွဲ့(Mike Ferry Organization )အမည်
ဖြင့် ကုမ္ဖဏီတစ်ခု ထူထောင်ကာတိုက်အိမ်မြေ အရောင်းသမားသင်တန်းများဖွင့်လှစ်
ခဲ့သည်။ ယခုအခါ၌ သူ့ကုမ္ဖဏီသည် နှစ်စဉ်သန်း 20 ဖိုးမက အရောင်းအ၀ယ်ဖြစ်နေ
လေပြီ။
(၃) လုပ်ငန်းအစီအစဉ်ရေးဆွဲပါ
        မိမိရည်မှန်းသည့်အရာများရရှိအောင် မည်သို့မည်ပုံဆောင်ရွက်မည်ဟူသော
လုပ်ငန်းအစီအစဉ်တစ်ရပ် တိတိကျကျရေးမှတ်ထားခြင်း မရှိပါက ပန်းတိုင်သို့ရောက်
နိုင်လိမ့်မည်မဟုတ်။ လမ်းကြောင်း သေသေချာချာမသိပဲ ရပ်ဝေးခရီးထွက်သူကဲ့သို့
အချိန်ကုန်လူပန်း ငွေကုန်ခန်းကာ တစ်ဝက်တစ်ပျက်နှင့် စိတ်ပျက် နောက်ဆုတ်မိ
မည်ဖြစ်သည်။
        အမေရိကတွင် အအောင်မြင်ဆုံးအရောင်းပညာဆရာလည်းဖြစ် ၊ နာမည်ကျော်
အဟောသမားနှင့် ကျမ်းပြုပုဂ္ဂိုလ်လည်းဖြစ်သူ ဘရိုင်ယင်ထရေစီကမူ “စာရွက်ပေါ်
သေသေချာချာချရေးမထားတဲ့ရည်မှန်းချက်မန်းတိုင်ဆိုတာ ပန်းတိုင်စစ်စစ်မဟုတ်ဘူး။ စိတ်ရှုးပေါက်တဲ့အဆင့်လောက်ပဲရှိတယ်” ဟူ၍ပင်ဆိုခဲ့သည်။
        လက်ထဲ၌ ကျကျနန ရေးဆွဲထားသည့် ခရီးလမ်းညွှန်မြေပုံရှိပြီဆိုလျှင်မှု
သွားရသည့်ခရီးသည်လည်း ဖြောင့်ဖြူးသာယာမည်။ ပန်းတိုင်သို့လည်း အချိန်အတို
ဆုံး အမြန်ဆုံးရောက်ရှိမည်ဖြစ်ပေသည်။
(၄) တန်ရာတန်ဖိုးပေးရမှာ ၀န်မလေးပါနှင့်
        မည်သူမဆို ခြံနှင့်ဝန်းနှင့် သားသားနားနားနေချင်သည်။ ကားအကောင်းစားစီး
ချင်သည်။ ၀င်ငွေသန်းချီ၍ ရချင်သည်။ သို့သော် များသောအားဖြင့်မူ၊ ရချင်တာပဲရှိ
သည်။ ရအောင် ဘာတွေလုပ်မည်၊ ဘယ်လောက်အားထုတ်ကြိုးပမ်းမည်ဆိုတာမျိုး
မရှိကြ။ အောင်မြင်သွားသောပုဂ္ဂိုလ်တွေကတော့ ကိုယ်လိုချင်တာတွေရဖို့ ကိုယ်ဘက်
ကဘာတွေ ဘယ်လောက်ပေးရမည်ဆိုတာစဉ်းစားတွက်ချက်သည်။ ပြီးတော့ ပေးစရာ
ရှိတာပေးပြီးဖြစ်အောင်လုပ်သည်။ ပင်ပန်းလှချည့်ဟု မညည်း။
        ရှေ့ဘက်တင်ပြောခဲ့သည့် လက်(စ်)ဘရောင်းမှာ ဘယ်ဘက်နားရွက်၌အသား
မှာတက်နေတာရှိသည်။ ဘာကြောင့်တက်တာလဲ။ လက်(စ်)ဘရောင်းကပြောပြသည်။
        “ကျွန်တော် ဟောပြောတဲ့လုပ်ငန်းထဲ ၀င်မလို့စဆုံးဖြတ်တဲ့ အချိန်ကိုယ်က အ
တွေ့အကြုံမရှိ၊ နာမည်လဲမရှိ၊ လူယုံကြည်လောက်စရာ ဘာထောက်ခံချက်မှလဲ
မရှိတော့ လူတကာဆီ ကိုယ်ဘာသာပဲ ဆက်သွယ်ရတယ်။ ကျွန်တော်တစ်ရက်တစ်
ရက်ကိုလူတစ်ရာကျော်လောက်စီ လှမ်းလှမ်းပြီး ဖုန်းဆက်ရတယ်။ သူတို့ဆီမှာဟော
ပြောဖို့ အခွင့်အရေးရအောင် စုံစမ်းရ မေးမြန်းရ စည်းရုံးရတယ်ပေါ့ဗျာ။ ဒီနားရွက်က
အသားမာဟာ ဒေါ်လာသန်းချီတန်တယ်ဗျ” ဟူ၍ ဆိုခဲ့သည်။
(၅) ပါရဂူမြောက်အောင် လေ့ကျင့်ပါ
           ကျွန်တော်မေးမြန်းခဲ့သည့် စိတ်ထက်သန်ရေးအဟောအပြောသမားများ
မှာ တွေ့ရသည့် အထင်ရှားဆုံးအချက်တစ်ရပ်က မိမိကဏ္လတွင် မိမိသာတော်ဆုံး
အကောင်းဆုံးဖြစ်လိုသောဆန္ဒ ထက်သန်ပြင်းပြလှခြင်းဖြစ်သည်။ သူတို့သည် သူတို့
၏ကျွမ်းကျင်မှုအရည်အသွေးများ ပိုမိုတိုးတက်ကောင်းမွန်ရန်အတွက် လိုအပ်သည့်
အရာမှန်သမျှကို မတွန့်မဆုတ်လုပ်ရန်အသင့်ရှိကြသည်။
        Fortune 500 ခေါ် အမေရိကန် ထိပ်သီးလုပ်ငန်းကြီး 500 စာရင်းတွင် ပါဝင်
သည့် ကုမ္ဖဏီကြီးများ၏ အကြီးအကဲပုဂ္ဂိုလ်များကိုမှ လုပ်ငန်းပို၍ကြီးကျယ်အောင်မြင်
ရေးအတွက် ကျင့်ဆောင်ရန်နည်းနာများ ဟောပြောပို့ချရသူ ပက်ထရစ်ရှာဖရစ်(ပ)
ဆိုလျှင် မြောက်အမေရိကတိုက်မှာ လူအများကိုစိတ် လှုပ်ရှားတက်ကြွအောင် ပြော
ဟောနိုင်စွမ်းအရှိဆုံးပုဂ္ဂိုလ်တစ်ဦးဟူ၍ ချီးကျူးဖော်ပြခြင်းခံရပြီးသည့်နောက်၌ပင်
အပြောစွမ်းရည်တိုးတက်စေရန်အတွက် ရုပ်ရှင်ပြဇတ် သရုပ်ဆောင်မှုဆိုင်ရာအလုပ်
ရုံဆွေးနွေးပွဲ တစ်ခုလည်း တက်သည်။ စကာပြော နည်းပြတစ်ယောက် သီးသန့်
ငှား၍လည်း လေ့ကျင့်နေသေးသည်။
        ဘာကြောင့် သည်လောက်လေ့ကျင့်ရသလဲ။ သည့်ထက်ပို၍ပို၍ပြည့်စုံ
ပြောင်မြောက်ချင်သေးသောကြောင့်ဖြစ်သည်။သင်ကိုယ်တိုင်အဖို့လည်း စဉ်းစားကြည့်ပါ။ အကယ်၍တစ်စုံတစ်ယောက်သောသူက သင့်အလုပ်ခွင်သို့ လာရောက်ကာ သင့်လုပ်ငန်းနည်းများအကြောင်းကို အခြားသူများအားပြသနိုင်ရန်အတွက် ဗီဒီယို ရိုက်ကူးမည်ဆိုပါစို့။ သင်လွတ်လွတ်ကျွတ်ကျွတ်ဝမ်းမြောက် ဂုဏ်ယူနိုင်ပါမည်လား။ ဒါမှမဟုတ် စိတ်ထဲ စနိုးစနောင့် ဖြစ်စရာချို့ယွင်းအားနည်းချက်ကလေးတွေ သင့်မှာရှိနေမည်လား။ အကယ်၍ ယခုအနေအထားဖြင့်
ဗီဒီယိုအရိုက်ခံလိုက်ပါက နောင်သင့်စိတ်တွင်ကသိကအောက် အနှောင့်အယှက်တွေ
ကြုံရလိမ့်မည်ဟု စဉ်းစားမိမည်ဆိုက ယနေ့မှစ၍သင့်လုပ်ငန်းနယ်ပယ်တွင် အတော်
ဆုံးအကောင်းဆုံး ပုဂ္ဂိုလ်ဖြစ်အောင်ကြိုးစားအားထုတ်သွားရန် ဆုံးဖြတ်သင့်ပေပြီ။
        သင့်နယ်ပယ်မှာ ပါရဂူမြောက်နေသောသူတွေဘာတွေဘယ်လိုလုပ်ကိုင်နေကြ
သလဲ။ လေ့လာပါ။ အတော်ဆုံး အထင်ရှားဆုံးပုဂ္ဂိုလ်တွေရဲ့ ဆောင်ရွက်ပုံနည်းနာများ
ကို စူးစမ်းပါ။ ပြီး သူတို့နည်းတူ လုပ်ကိုင်ကြည့်ပါလေ။
(၆) ဘယ်တော့မှ အလျှော့မပေးနှင့်
        သည်စကားကြီးက ရိုးလွန်းပါသည်ထင်စရာရှိ၏။ သို့သော်အရေးကြီးတာအမှန်
ပဲဖြစ်ပါသည်။ အကယ်၍သင်သာပန်းတိုင်တစ်စုံတစ်ရာသို့ တကယ်ဦးတည်ချီတက်နေသူဖြစ်ရိုးမှန်က
လက်လျှော့နောက်ဆုတ်ဖို့ဆိုသည်ကို စဉ်းစားခွင့်ပင်မရှိပါ။ ပန်းတိုင်ရောက်ဖို့ဘာတွေ
လုပ်ရမည်လဲ။ လုပ်စရာရှိသမျှ သင်လုပ်ဖို့သာ အသင့်ရှိနေရပေမည်။ ဂျင်းကင်းဖီးလ်
နှင့် မာ့ခ်ဗစ်တာဟင်ဆင်တို့နှစ်ဦး Chicken Soup for the Soul ဆိုသောစာအုပ်ကိုပြု
စုပြီး၍ ပုံနှိပ်ထုတ်ဝေရန်လိုက်လံစပ်ဟပ်သည့်အခါစာအုပ်တိုက်ပေါင်း 100ကျော် က
ငြင်းပယ်ကြသည်။ ဒါကိုလက်မလျှော့ဘဲ ဆက်ကြိုးစားကြရာနောက်ဆုံး၌ ထုတ်ဝေ
ရေးလုပ်ငန်းငယ်တစ်ခုက ရိုက်နှိပ်ရန်လက်ခံလေသည်။ သည်စာအုပ်သည် ရောင်းအ
ကောင်းဆုံးစာရင်းဝင်စာအုပ်တစ်အုပ် ဖြစ်လာရုံမက ပရိတ်သတ်က နှစ်ခြိုက်လွန်း
သဖြင့် နောက်ထပ် Chicken Soup အမည်တပ် စာအုပ်တွဲများဆက်လက်ထုတ်ဝေ
ရသည်အထိ အောင်မြင်သွားခဲ့သည်။ ယခုဆိုလျှင် Chicken Soup စာအုပ်များမှာ
အုပ်ရေ 12 သန်း ကျော်အထိ ရောင်းချခဲ့ရပြီး ဖြစ်ပေသည်။
        နောက်မဆုတ်သောစိတ်ဓါတ်၏ အစွမ်း သတ္တိပေတည်း။ ထို့ကြောင့် နေ့စဉ်
ရသမျှအချိန်ကို သင့်ရည်မှန်းချက်၊ သင့်ပန်းတိုင်သို့ေ၇ာက်ရှိစေမည့် ကိစ္စရပ်များအ
တွက် အသုံးပြုပါ။ ငါယခု လုပ်နေသောအလုပ်သည် င့ါရည်မှန်းချက်ပန်းတိုင်နှင့် နီး
သထက်နီးလာစေမည့်အလုပ် ဟုတ်သလား မဟုတ်ဘူးလားမပြတ်စိစစ်ပါ။ မဟုတ်ဘူး
ဆိုလျှင် သည်အလုပ်ကို ရပ်ကာဟုတ်သည် ဆိုသောအလုပ်ကို ပြောင်း၍လုပ်ပါဟု
တိုက်တွန်းလိုသည်။
(၇) အချိန်မဆိုင်းနှင့်
        Live Your Dream ဟု အမည်ပေးထားသောစာအုပ်တွင် စာရေးသူလက်(စ်)ဘ
ရောင်းက မာရီယွန်အမည်ရှိသူ၏မိတ်ဆွေအမျိုးသမီးတစ်ဦးအကြောင်း ထည့်သွင်း
ဖော်ပြခဲ့သည်။ လက်(စ်)ဘရောင်းသည် မာရီယွန်အား သူမမကွယ်လွန်မီတစ်နေ့တွင်
ဖုန်းဆက်စကားပြောလိုက်ရ၏။ ကွယ်လွန်ပြီးနောက်၌ သူမ၏ရုံးခန်းကို ကူ၍ရှင်းလင်း
ပေးရသည့်အခါ စာရွက်စာတမ်းများထဲတွင်ပြဇာတ်စာမူကြမ်းတစ်ပုဒ်ကို သွားတွေ့ရ
သည်။ သို့သော် စာမူမှာ နိဂုံးပိုင်းမပါရှိရာပုံနှိပ်ရန်မည်သို့မျှမဖြစ်နိုင်တော့ပေ။
ဇာတ်သိမ်းပိုင်းမှာ မာရီယွန့်ခေါင်းထဲ၌သာရှိနေရာကွယ်လွန်သည့်အခါ၌သူမနှင့်အတူ
တမလွန်သို့ပါသွားခဲ့ချေသည်။ ထို့ကြောင့် လောက၌မည်သူမျှထာဝရနေရမည်
မဟုတ် ဟူသည်ကို အစဉ်သတိရှိကာ လုပ်စရာရှိသည်ကို အချိန်မဆိုင်းဘဲ လုပ်ဖို့
လို၏။
        အလုပ်တွေအများကြီး အောင်မြင်ပြီးစီးကြသူတွေကို ကြည့်လျှင် သူတို့လည်း
အကန့်အသတ်မရှိ အသက်ရှည်မည် မဟုတ်ကြောင်း သိကြသည်ပဲဖြစ်၏။ သို့သော်
သည်အတွက် စိတ်ပျက်မသွား။ စိတ်ဓါတ်ကျမသွား။ အချိန်မရွေး သေသွားနိုင်တာ
သိသည့်အတွက်ပင် အရှိန်အဟုတ်တင်ပြီး အလုပ်လုပ်ကြသည်။ သူတို့ရည်မှန်း
သည့်ပန်းတိုင်နောက်ကို အားနှင့်အင်နှင့် လိုက်ကြသည်။ စွဲစွဲမြဲမြဲဇွဲသန်သန်နှင့် ကြိုး
ပမ်းကြသည်။ သည်အခါသူတို့အောင်မြင်ကြသည်။
        စာဖတ်သူအပါအ၀င် မည်သူမဆိုလည်း အလားတူ အားထုတ်မည်ဆိုက မုချ
အောင်မြင်ရမည်သာ။
Posted by ဝတီ
No comments:
Post a Comment