Thursday, January 26, 2012

ရန်ကုန်တိုင်းဒေသကြီးကို လျှပ်စစ်ဓာတ်အား ဗို့အားပြည့် ပေးနိုင်တော့မည်

မန်မာနိုင်ငံ၏ အမြင့်ဆုံးမြစ်ကျော်တာဝါတိုင်နှင့် အလုံဓာတ်အားခွဲရုံတည်ဆောက်မှုမှာ ယခုအခါပြီးစီးခဲ့ပြီဖြစ်သည့်အတွက် ရန်ကုန်တိုင်းဒေသကြီးကို လျှပ်စစ်ဓာတ်အား ဗို့အားပြည့်ပေးနိုင်တော့မည်ဖြစ်ကြောင်း သိရသည်။

ရန်ကုန်တိုင်းဒေသကြီးအတွင်းရှိ မြို့နယ်များသို့ လျှပ်စစ်ဓာတ်အားဖြန့်ဖြူးပေးရာတွင် ဗို့အားပြည့်ပေးနိုင်ရန်အတွက် လှိုင်သာယာမဟာ ဓာတ်အားလိုင်းမှ ဓာတ်အားကို ရယူနိုင်ရန် ၄၆၂ ပေ အမြင့်ရှိသောတာဝါတိုင်လေးတိုင်ကို လှိုင်မြစ်ကိုဖြတ်ကာ တည်ဆောက်ခဲ့ကြောင်း သိရသည်။ ခန့်မှန်းကုန်ကျငွေအမေရိကန်ဒေါ်လာ ၁၀ သန်းကျော် အကုန်အကျခံတည်ဆောက်ခဲ့ရသော အဆိုပါမြစ်ကျော် တာဝါတိုင်နှင့် အလုံဓာတ်အားခွဲရုံကိုလည်း ယခုလဆန်းပိုင်းတွင် ဖွင့်လှစ်ပေးတော့မည်ဟု သိရသည်။

"ဒီအလုံဓာတ်အားခွဲ စက်ရုံကို ဒီလထဲမှာ ဖွင့်ဖို့ စီစဉ်နေပါတယ်။ ဒီလိုမျိုး နောက်ထပ် ဒဂုံ(အရှေ့) ဓာတ်အားခွဲရုံကိုတော့ တည်ဆောက်မှာပါ"ဟု အမှတ်(၂) လျှပ်စစ်ဓာတ်အားဝန်ကြီးဌာန ပြည်ထောင်စုဝန်ကြီး ဦးခင်မောင်စိုးက ပြောသည်။

ယခု တည်ဆောက်ပြီးစီးခဲ့ပြီးဖြစ်သည့် အလုံဓာတ်အားခွဲရုံမှ ဓာတ်အားများကို မော်တင်ဓာတ်အားခွဲရုံမှ ဓာတ်အားများကို မော်တင်ဓာတ်အားခွဲရုံမှ တစ်ဆင့်မြို့တွင်းမြို့နယ်များကို ပေးဝေမည်ဖြစ်ပြီး ယင်းခွဲရုံမှ လွှတ်တော်ဓာတ်အားခွဲရုံ၊ MRTV-3 ဆင်မလိုက်ဓာတ်အားခွဲရုံတို့ကို ပေးဝေမည်ဖြစ်ပြီး ယင်းနှင့် ချိတ်ဆက်ထားသော မြို့နယ်များကိုလည်း အဆင့်ဆင့်ချိတ်ဆက်ကာ ဗို့အားပြည့်ပေးဝေ သွားမည်ဖြစ်ကြောင်း သိရသည်။

"ရန်ကုန်မြို့ကြီးကို 230 KVA လိုင်းနဲ့ ပတ်ထားရင် ဓာတ်အားပေးတဲ့နေရာမှာ တစ်ခုခုဖြစ်ရင်တောင် ဓာတ်အားပေးတဲ့အခါမှာ မဟာဓာတ်အားလိုင်းပတ်ထားတဲ့အတွက် ဓာတ်အားကို ဆက်ပေးနိုင်မှာ ဖြစ်ပါတယ်"ဟု ရန်ကုန်တိုင်းဒေသကြီး လျှပ်စစ်ဓာတ်အားပေးဝေရေးအဖွဲ့မှ တာဝန်ရှိသူတစ်ဦးက ပြောသည်။

ယခုအခါ ရန်ကုန်တိုင်းဒေသကြီးကို သန်လျင်ဓာတ်အားခွဲရုံမှ လျှပ်စစ်ဓာတ်အားများကို ပေးထားနိုင်ပြီဖြစ်ပြီး မကြာမီအချိန်တွင်လည်း ဒဂုံ(အရှေ့)တွင် ယင်းကဲ့သို့ ဓာတ်အားခွဲရုံတစ်ရုံထပ်မံ တိုးမြင့်လာတော့မည်ဖြစ်ကြောင်း သိရသည်။


The Flower News

No comments:

Post a Comment