Saturday, March 03, 2012

ဟာသ

5 comments:

ဇေကြီး said...

facebook ပေါ်ကို ပုံလေးတစ်ပုံတက်မယ်မကြံနဲ့ ဟိုဘလော့က ခိုးကူး ဒီဘလော့က ခိုးကူးနဲ့ ခက်ပါရဲ့။ ခိုးကူးပြဿနာက online ထိတောင်ရောက်နေပါပေါ့လား။

Htun said...

ရယ်စရာကောင်းလို့ တခြားသူငယ်ချင်းတွေလည်း ရီရအောင် တင်ထားတာပါ။ ခိုးကူးလို့လည်း ဘယ်သူ့ကိုမှ မထိခိုက်ပါဘူး။

ဇေကြီး said...

မူရင်းတင်တဲ့သူကို လေးစားတဲ့ အနေနဲ့ credit ပေးသင့်တယ်ထင်ပါတယ်။ ယဉ်ကျေးမှု့အရပေါ့။ ကိုယ်က အလွယ်တကူ copy/paste လုပ်လိုက်တာဖြစ်ပေမယ့် သူက အချိန်ဘယ်လောက် ပေးထားမှန်းမသိဘူးလေ။ ခိုးကူးလို့ ဘယ်သူ့ကိုယ်မှ မထိခိုက်ဘူးထင်ရင် ကိုယ်ဖန်တီးထားတာ တစ်ခုကို သူများက ကိုယ်နာမည် မဖော်ပြပဲ သူဟာလိုလိုနဲ့ သူ့ဘလော့မှာ တင်ထားရင် ဘယ်လိုနေမလဲဆိုတာ ကိုယ်ချင်းစာကြည့်ပါ။ online မှာမြန်မာဘလော့တွေ များလာပေမယ့် တကယ့် လူနည်းနည်းလောက်သာ ကိုယ်တိုင်ဖန်တီးတာဖြစ်ပြီး အများစုက copy/paste တွေချည်းဖြစ်နေတဲ့အတွက် ပိုစ့်တစ်ခု အသစ်တက်တယ်ဆိုရင် ဟိုဘလော့မှာ ဒီပိုစ့် ဒီဘလော့မှာလည်း ဒီပို့စ်ဖြစ်နေတာတွေ တွေ့ရလို့ အပြုသဘောနဲ့ ၀င်ဆွေးနွေးချင်းဖြစ်ပါတယ်။ ကိုယ်တိုင် မဖန်တီး နိုင်ရင်တောင် သူများဖန်တီးမှု့ကို လေးစားအသိမှတ်ပြုတတ်တဲ့ စိတ်သဘောထားမျိုး ထွန်းကားစေချင်ပါတယ်။

ဂျစ်တီး said...

အခုလို အပြုသဘောနဲ့ ဝေဖန်ပေးတဲ့ ကိုဇေကြီး ကို ကျေးဇူးတင်ကြောင်း ပြောပါရစေ။ online မှာမြန်မာဘလော့တွေ များလာသလို အပြန်အလှန် ဖလှယ်နေကြတာတွေ ကိုလည်း ကျွန်တော်တို့ တွေ့မိပါတယ်။ တကယ်တော့ ကိုယ်ပိုင်ဖန်တီး ဖို့ဆိုတာ လွယ်တာတော့ မဟုတ်ပါဘူး။ လုပ်နိုင် ရေးနိုင်တဲ့ သူတွေကိုလည်း ကျွန်တော်တို့ လေးစားအားကျမိပါတယ်။ ကိုယ်ပိုင် ဖန်တီးမယ်၊ ပင်ကိုယ်ရေး လေးတွေလုပ်မယ်ဆိုရင် အတော်ကို အချိန်ပေ့းရပါတယ်။ ကိုယ်ပိုင်အနေနဲ့ စာရေးမယ် ဆိုရင်တော့ စာများများဖတ်ဖို့ လိုပါတယ်။ ခရီးသွား စောင်းပါးလေးတွေ ရေးမယ်ဆိုရင်လည်း ခရီးထွက် ဖို့လိုပါတယ်။ အနုပညာလေးတွေ ဖန်တီးမယ် ဆိုရင်လည်း အနုပညာ ဗီဇ လေးတော့ အနည်းငယ် ရှိရပါတယ်။ ကျွန်တော် တို့ရဲ့ ဘလော့ လေးကို မြင်လိုက်တာနဲ့ ကျွန်တော်တို့ ဖတ်မိတာ ကြားမိတာ လေးတွေကို ဒီနေရာ လေးကနေ လက်လှမ်းမှီ သလောက် စုစည်းတင်ပြ နေတယ်ဆိုတာ သတိထားမိမှာပါ။ ကောင်းမယ်ထင်တဲ့ ဟာလေးတွေကို သူငယ်ချင်းတွေ၊ စာလာဖတ်တဲ့ သူတွေ ကိုပြန်လည် မျှဝေတဲ့ သဘောပါ။ ယူခဲ့တဲ့ နေရာတွေကို လည်း ကျွန်တော်တို့ လေးလေးစားစား နဲ့ Source လေးတွေ အောက်မှာ ရေးထားတာ ကိုလည်း သတိပြုမိ မှာပါ။ ကိုယ်ပိုင် လိုလို ရေးထားတာ မရှိပါဘူး။ အခု ကိုဇေကြီး ထောက်ပြ တာလေးကတော့ သတိ လက်လတ် ဖြစ်သွား ခဲ့တာပါ။ ဘာကြောင့်လဲဆိုတော့ ဒီ Group ရဲ့ Member တစ်ယောက် က Forward mail ကနေရခဲ့ တာလေးကို ပြန်မျှဝေ တဲ့ အနေနဲ့ တင်လိုက်တာပါ။ မူလဖန်တီး သူကို မလေးစား လို့ မဟုတ်ပါဘူး။ ဘာပဲပြောပြော ဒါလေးတွေ ကိုလည်း သတိထား ရမယ် ဆိုတဲ့ အသိလေး တစ်ခု ရလိုက်တဲ့ အတွက် ခုလိုပြောပြ ပေးတဲ့ ကိုဇေကြီး ကိုကျေးဇူးတင်တာပါ။ တန်ဖိုးရှိတဲ့ အကြံပြုချက်တွေ၊ ဝေဖန်မှုတွေ ကိုလည်း ကြိုဆို လျက်ပါလို့ ပြောပါရစေ။

ဇေကြီး said...

ဟုတ်ကဲ့ ကျွန်တော်လည်း ဒီဘလော့ အပါအ၀င် မြန်မာဘလော့ တော်တော်များများနဲ့ ဖိုရမ်တွေကိုပဲ ၀င်ကြည့်ဖြစ်ပါတယ်။ ခုအချိန်မှာ facebook ဆိုတာကြီးခေတ်စားနေပေမယ့် ကျွန်တော့အတွက်တော့ ဘလော့နဲ့ ဖိုရမ်တွေလောက် မနှစ်သက်မိသေးပါဘူး။ ကျွန်တော်လည်း ဘလော့နည်းနည်းရေးပါတယ်။ ဇေကြီးဆိုတဲ့ နာမည်နဲ့ပါပဲ။ ကိုဂျစ်တီးပြောတာ မှန်ပါတယ်။ ဘလော့မှာ ကိုယ်ပိုင်ဖန်တီးမှု့တွေကိုပဲတင်မယ်ဆိုရင် ဘလော့ဂါဟာ စာဖတ်အားတော်တော်ကောင်းမှဖြစ်မှာပါ။ အဓိက Wikipedia အပါအ၀င် အင်္ဂလိပ်လိုရေးထားတဲ့ ဘလော့တွေကို များများဖတ်နိုင်မှ ဖြစ်မှာပါ။ ကျွန်တော် လေးစားတဲ့ ဘဘော့ဂါ တစ်ချို့ရဲ့ စာမျက်နှာတွေမှာ သူတို့ရဲ့ဖန်တီးမှု့တွေကို credit မပေးပဲနဲ့ယူသုံးတဲ့အတွက် စိတ်မကောင်းဖြစ်မိတဲ့ ဆိုတဲ့ပိုစ့်တွေဖတ်ရပါတယ်။ သူတို့တွေဟာ အလုပ်တဖက်နဲ့ မအားအလပ်တဲ့ကြားက ရတဲ့အချိန်လေးကိုလုပြီး စာတွေလိုက်ဖတ်ပြီး ပြန်မျှဝေပေးနေတဲ့သူတွေပါ။ ကျွန်တော်တို့မလုပ်နိုင်တာကို သူတို့လုပ်ပေးနေတဲ့အတွက် လေးစားဖို့ကောင်းပါတယ်။ အဲဒီဘလော့ဂါတွေက ငွေကြေးတပြားမှ မရပဲ ဘလော့ကိုအလည်ရောက်တဲ့သူတွေရဲ့ comment လေးတွေရဲ့အားနဲ့ ခရီးဆက်နေတဲ့သူတွေပါ။ သူတို့ရဲ့ ဘလော့စာမျက်နှာတွေမှာသူတို့ဖန်တီးမှု့တွေကို တခြားသူတွေက credit မပေးပဲ ကိုယ်ပိုင်ဖန်တီးသယောင်ယောင် ခပ်တည်တည်နဲ့ ၀င်ကစွတ် လုပ်နေတဲ့ပေါ် စိတ်မကောင်းကြောင်းတွေ ရေးသားကြတာမြင်တော့ ကျွန်တော်ကိုယ်တိုင်လည်း အဲဒီလုပ်ရပ်ကို အတော်လေး ကသိကအောက်ဖြစ်မိပါတယ်။ ဘလော့တွေမှာလည်း သူတို့ရဲ့ ဖန်တီးမှု့တွေကို စိတ်ကြိုက်ယူသုံးမျှဝေကြပါ ဒါပေမယ့် သူတို့ကို credit လေးတော့ပေးပါဆိုပြီး မေတ္တာရပ်ခံချက်လေးတွေ ရေးထားကြပါတယ်။ ဖိုရမ်တွေမှာတော့ အဲလို credit မပေးပဲ ပိုစ့်တွေကို ဆက်တိုက်တင်လာရင်တော့ admin ပိုင်းက အရေးယူမှု့တွေလုပ်ပါတယ်။ အင်မတန်ကောင်းတဲ့ စည်းကမ်းလေးပါ။ ကျွန်တော်အခုလို ၀င်ရေးတာကိုလည်း ဆရာလုပ်တယ်လို့ မထင်စေချင်ပါဘူး။ မူရင်းဖန်တီးသူတွေကို ကျွန်တော်တို့က လေးစားမှု့ရှိမှ သူတို့ကရှေ့ဆက်သွားချင်မှာပေါ့ဗျာ။ ကျွန်တော်တို့က အသိမှတ်ပြုရုံ၊ ကျေးဇူးတင်ရုံလောက်လေးနဲ့ သူတို့အချိန်ပေးဖန်တီးတဲ့ အသီးအပွင့်တွေကို အသင့်စားသုံးနေရတာလေ။ ကျွန်တော့အယူအဆလေးကို တင်ပြခြင်းနဲ့ မူရင်းဝေမျှသူ ဘလော့ဂါကြီးများအတွက် တတ်နိုင်သလောက် ၀န်းရံပေးရုံလေးသာဖြစ်ပါတယ်ခင်ဗျာ။ ကျေးဇူးတင်ပါတယ်။

Post a Comment