Monday, September 26, 2011

အာဆီယံနိုင်ငံတချို့တွင် မြန်မာအစိုးရဘဏ်ခွဲများ ဖွင့်မည်

အစိုးရပိုင်ဘဏ်များဖြစ်ကြသော မြန်မာ့နိုင်ငံခြားကုန်သွယ်မှုဘဏ် (Myanma Foreign Trade Bank)၊ မြန်မာ့ စီးပွားရေးဘဏ် (Myanma Economic Bank) နှင့် မြန်မာ့ရင်းနှီးမြုပ်နှံမှုနှင့်ကုန်သွယ်ရေးဘဏ် (Myanma Investment Commerce Bank) စသည့် ဘဏ်သုံးခုတို့သည် အာဆီယံနိုင်ငံတချို့တွင် ဘဏ်ခွဲများ ဖွင့်လှစ်တော့မည်ဖြစ်ကြောင်း သတင်းရရှိသည်။
အစိုးရက နိုင်ငံခြားကုန်သွယ်မှု လုပ်ငန်းများတိုးချဲ့ရန်နှင့် ပြည်ပရင်းနှီးမြုပ်နှံမှုများ တိုးတက်လာရေးအတွက် အာဆီယံနိုင်ငံတချို့တွင် ဘဏ်ခွဲဖွင့်လှစ်ရန် ပြင်ဆင်နေခြင်းဖြစ်ကြောင်း မြန်မာနိုင်ငံ ဗဟိုဘဏ်အသိုင်းအ၀န်းနှင့် နီးစပ်သူများက ပြောသည်။
“ဘဏ်ခွဲတွေဖွင့်ဖို့ ၀န်ထမ်းစိစစ်ရွေးချယ်တာတွေ လုပ်နေပြီ။ မလေးရှား၊ စင်ကာပူနဲ့ ထိုင်းမှာ ဖွင့်မယ်။ ဘဏ္ဍာနဲ့အခွန်ဝန်ကြီးဌာနက ၀န်ထမ်းတွေကိုပဲ နိုင်ငံခြားလွှတ်ပြီး ဘဏ်လုပ်ငန်းတွေ လုပ်ရမှာပါ” ဟု အမည်မဖော်လိုသော ဘဏ်အရာရှိ တဦးက ပြောသည်။
စင်ကာပူနိုင်ငံတွင် မြန်မာ့နိုင်ငံခြား ကုန်သွယ်မှုဘဏ်ခွဲ၊ မလေးရှားနိုင်ငံတွင် မြန်မာ့ ရင်းနှီးမြုပ်နှံမှုနှင့် ကုန်သွယ်ရေးဘဏ်၊ ထိုင်းနိုင်ငံတွင် မြန်မာ့စီးပွားရေးဘဏ်ခွဲများ ဖွင့်လှစ်သွားမည်ဖြစ်ကြောင်း သိရသည်။
စီးပွားရေးပိတ်ဆို့မှုများ ကြုံတွေ့နေရသော မြန်မာနိုင်ငံအနေနှင့် ဘဏ်လုပ်ငန်းဆောင်ရွက်ရာတွင် အခက်အခဲများ ရှိနေကြောင်း၊ မြန်မာကုမ္ပဏီအများစုသည် စင်ကာပူနိုင်ငံတွင် ဘဏ်စာရင်းများ ဖွင့်လှစ်ကာ ရောင်းဝယ်ခြင်း၊ ရင်းနှီးမြုပ်နှံခြင်းများ ပြုလုပ်နေရသဖြင့် အာဆီယံနိုင်ငံတချို့တွင် မြန်မာဘဏ်ခွဲများ ပေါ်ပေါက်လာခြင်းသည် မြန်မာစီးပွားရေး လုပ်ငန်းရှင်များအတွက် များစွာအဆင်ပြေလာမည် ဖြစ်ကြောင်း စီးပွားရေးအသိုင်းအ၀န်းက သုံးသပ်သည်။
“စင်ကာပူမှာ ဘဏ်စာရင်းဖွင့်နိုင်ဖို့ ပွဲစားခပေးပြီး လုပ်ကြရတယ်။ စီးပွားရေးပိတ်ဆို့မှု ရှိတဲ့အတွက် လုံခြုံစိတ်ချရတဲ့ စင်ကာပူ ဘဏ်တွေဆီကပဲ အရောင်းအ၀ယ်၊ အလွှဲအပြောင်း လုပ်ရတာ။ ဘာပဲပြောပြော အခုလို အစိုးရဘဏ်ခွဲတွေ စင်ကာပူတို့၊ မလေးရှားတို့၊ ထိုင်းတို့မှာ ဖွင့်ထားလိုက်ရင် မြန်မာစီးပွားရေး လုပ်ငန်းရှင်တွေအတွက် အများကြီး အားသာချက် ရှိလာမယ်။ မရှိတာထက်စာရင် ရှိတာက ကောင်းတယ်။ ဒါပေမယ့် နိုင်ငံတကာဘဏ်တွေနဲ့ အပြိုင်အဆိုင် လုပ်နိုင်ဖို့လိုတယ်” ဟု ပြည်ထောင်စု မြန်မာနိုင်ငံ ကုန်သည်များနှင့် စက်မှုလက်မှု လုပ်ငန်းရှင်များအသင်းချုပ် (UMFCCI) မှ အလုပ်အမှုဆောင် တဦးက ပြောသည်။
မြန်မာနိုင်ငံတော် ဗဟိုဘဏ်နှင့်နီးစပ်သော အသိုင်းအ၀န်းများမှ ထွက်ရှိလာသော သတင်းများအရ လာမည့် အောက်တိုဘာလအတွင်း ဘဏ္ဍာရေးနှင့် ငွေကြေးဆိုင်ရာ အပြောင်းအလဲသစ်များကို အစိုးရက လုပ်ဆောင်သွားမည်ဟု သိရသည်။
Posted by အိမ်လွမ်းသူ

ဆရာကြီး ဦးသာနိုးရဲ့ ဆောင်းပါး(၃၃)

ဝါကျတစ်ခုမှာ ပါဝင်တဲ့အစိတ်အပိုင်းများ ဖြစ်ကြတဲ့ S, V, SC, IO, DO တို့ကို လေ့လာခဲ့ပြီးပြီ။ အောက်ပါဝါကျများကို လေ့လာကြည့်ပါ.......။
(A) 1. Thita became a good teacher. S+V+SC
.....2. Thita made a good teacher. S+V+SC
.....3. Thita made a blouse. S+V+DO
.....4. Thita made Putu a blouse. S+V+IO+DO
(B).....Experience made Thita a good teacher. S+V+DO+?
(C).....Experience made Thita efficient. S+V+DO+?
အုပ်စု (A) မှာ ပါဝင်တဲ့ဝါကျတွေဟာ ကျွန်တော်တို့ဆွေးနွေးပြီး ပုံစံတွေဖြစ်ပါတယ်။ ပထမ၀ါကျ သုံးကြောင်းမှာ အပိုင်းသုံးပိုင်စီပါရှိပြီး စတုတ္ထ၀ါကျမှာ လေးပိုင်းပါရှိတယ်။
(B) ၀ါကျကို ကြည့်ရင် (A) က ၀ါကျ (4) လိုပါပဲ.. အပိုင်းလေးပိုင်းပါနေတာကို တွေ့ရမယ်။ ဒါပေမယ့် (A) 1,2 တို့နဲ့ ပိုတူနေတာကို တွေ့ကြရတယ်။ အဓိပ္ပာယ်ကတော့ ( အတွေ့အကြုံက သီတာကို ဆရာမကောင်းတစ်ယောက် ဖြစ်သွားစေတယ် ) တဲ့။ တကယ်ကတော့ ဒီဝါကျတွေမှာပါတဲ့ ( a good teacher ) ဟာ Thita နဲ့ ဆက်စပ်နေတဲ့ Complement ချည်းပဲ ဖြစ်ပါတယ်။ (A) 1 နဲ့ 2 မှာ Thita က Subject ဖြစ်နေတော့ ( a good teacher ) ကို Subject Complement လို့ ခေါ်ရပါတယ်။ (B) မှာတော့ Thita ဟာ DO ဖြစ်နေလေတော့ ( a good teacher ) ကို Object Complement ခေါ်ရတာပါပဲ။
(C) ၀ါကျမှာ efficient ဟာ Object-Thita နဲ့ ဆက်စပ်နေတဲ့အတွက်ကြောင့် Object Complement ပဲ ဖြစ်တယ်။ ဒါပေမယ့် noun မဟုတ်တဲ့ Adj ဖြစ်နေကြောင်း တွေ့ရလိမ့်မယ်။ OC ဟာ N လည်းရ၊ Adj လည်းရတယ်လို့ မှတ်ရမှာပေါ့...။
OC နဲ့ တွဲသုံးလေ့ရှိတဲ့ V များကတော့ အထက်က (B) နဲ့ (C) ဥပမာများမှာပါတဲ့ ( ဖြစ်သွားစေတယ် ) လို့ အဓိပ္ပာယ်ရတဲ့ make, ( ခေါ်တယ် ) လို့ အဓိပ္ပာယ်ရတဲ့ call, ( ရွေးချယ်တယ် ) လို့ အဓိပ္ပာယ်ရတဲ့ elect, ( ထင်တယ် ) လို့ အဓိပ္ပာယ်ထွက်တဲ့ think, ( ယူဆတယ် ) လို့ အဓိပ္ပာယ်ရတဲ့ consider တို့လို့ Verb များပဲ ဖြစ်ကြတယ်။

Sunday, September 25, 2011

ဆဋ္ဌမအကြိမ် ကထိန်သင်္ကန်း စုပေါင်းဆပ်ကပ်လှုဒါန်းပွဲ

အချိန်။       16 October 2011 နံနက် ၁၀ နာရီမှ နေ့လည် ၂ နာရီထိ
နေရာ။        Yunan Ballroom, Fairway Club, 11 Japanese garden road, Singapore 619229
လမ်းညွှန်။   BUS No. 154ကို Boonlay Interchange (သို့) Lateside MRT မျက်နှာချင်းဆိုင်မှတ်တိုင်မှစီး၍  Yuan Ching Road ပေါ်ရှိ စတုတ္ထမြောက်မှတ်တိုင်(B21639) တွင်ဆင်းပါ။ ရှေ့သို့အနဲငယ် ဆက်လျှောက်ပါက Fairway Club သို့ ရောက်ပါမည်။
ဆက်သွယ်ရန်။   ဗုဒ္ဓဂယာ သုခါရာမကျောင်း Mhamuni Buddhuist Society--> NO.45, Corporation Rise, Taman Jurong SINGAPORE 618359
TEL-65-6777 7018 / 91852924  <---> ဒေါ်ဥမ္မာရင် ၉၁၀၇၃၃၄၂ ၊  ဦးမြင့်စိုး ၉၆၄၇၄၉၆၃ ၊ ဦးအောင်မိုးကျော်  ၉၃၃၈၆၄၈၁၊ ဦးသိန်းထွန်းအာင်  ၉၂၃၅၆၅၅၄၊  ဦးကျော်မိုးအောင်  ၉၇၈၆၈၆၆၇၊ ဒေါ်ဝင်းယုနွယ်  ၉၁၇၃၈၀၇၁၊  ဦးဝင်းနိုင်  ၉၆၈၂၅၈၄၄၁၊  ဒေါ်ဋ္ဌေးဋ္ဌေးမွန်  ၉၂၇၂၂၃၅၀၊  ဦးစိုးရီ  ၉၄၈၇၃၆၉၆၊ ဦးလှရီ  ၉၇၈၂၈၀၄၁၊  ဦးမော်စီလွင်  ၉၁၅၀၁၉၉၆၊  ဒေါ်မြင့်မြင့်မော်  ၈၁၆၃၈၁၆၅၊ ဒေါ်ခင်မျိုးမြတ်သန်း(မတူး) ၉၃၉၆၆၉၀၆
အစီအစဉ်။ နံနက်၁၀နာရီတွင် ရေစက်ချ အခန်းအနားစတင်ပါမည်။ နံနက် ၁၁ နာရီတွင် နေ့ဆွမ်း ဆက်အပ်လှုဒါန်းပါမည်။ ဧည့်ပရိတ်သတ်များကို ၁၁း၃၀နာရီမှစ၍ နေ့လည်စာကျွေးမွေးဧည့်ခံပါမည်။ 


 Posted by ထွန်းမြင့်ဌေး

Piping Handbook

Piping Handbook


ပိုက်ပြင်ပိုက်ဆက်လက်စွဲ (Piping Handbook) မြန်မာဘာသာပြန် ထွက်ပါပြီ။ စာရေးသူ ဆရာ ဦးအေးငြိမ်းထံမှာ တစ်အုပ်ကို S$20 နှင့် ၀ယ်ယူနိုင်ပါတယ်။ Soft copy လိုချင်ရင်တော့ ဒီ Blog မှာ ရှာပြီး Download  လုပ်နိုင်ပါတယ်။ Piping အလုပ်လုပ်သူတွေအတွက် တော်တော် အသုံးဝင်ပါတယ်။ သင်သာ Piping Company တစ်ခုမှာ စပြီး အလုပ် လုပ်မယ်ဆိုရင် အများကြီး အထောက်အကူ ပြုပါလိမ့်မယ်။ လက်ရှိအချိန်မှာ မြန်မာအင်ဂျင်နီယာတွေအတွက် လိုအပ်တဲ့ Piping ပညာရပ်အတွက် မြန်မာဘာသာနဲ့ရေးထားတဲ့ စာအုပ်တစ်အုပ်ဖြစ်လို့ လေ့လာဖတ်ရှူနိုင်ဖို့ သတင်းကောင်းပါးလိုက်ပါတယ်။
Posted by ထွန်းမြင့်ဌေး

မြစ်ဆုံဆည်စီမံကိန်း လေ့လာတွေ့ရှိမှုများ ပြည်သူကိုပြောပြလိုတဲ့ ဒေါက်တာထင်လှ

နယူးဒေလီ (မဇ္ဈိမ) ။        ။ မြစ်ဆုံဆည် စီမံကိန်း ကန့်ကွက်မှုများ ဖြစ်ပေါ်နေချိန် ဆည် တည်ဆောက်ခြင်းကြောင့် ဖြစ်ပေါ်လာနိုင်သော အကျိုးဆက်များကို လေ့လာခဲ့သော ဇီဝမျိုးစုံမျိုးကွဲနှင့် သဘာဝထိန်းသိမ်းရေးအသင်း Biodiversity And Nature Conservation Association (BANCA) ဥက္ကဌ ဒေါက်တာထင်လှက သူ၏ လေ့လာတွေ့ရှိချက်များ ပြည်သူလူထုကို ချပြလိုကြောင်းနှင့် ပြောဆိုခွင့်ရရှိရန် အစိုးရနှင့် တရုတ် ကုမ္ပဏီကို တောင်းဆိုပေးပါရန် ပန်ကြားလိုက်သည်။

လေ့လာမှုအတွက် စီမံကိန်း ကုမ္ပဏီနှင့် သဘောတူညီမှုတွင် မည်သည့်ကိစ္စကိုမျှ ထုတ်ဖော်ခြင်းမပြုရန် သဘောတူညီ ထားသည့်အတွက် ပြောဆိုခွင့်မရခြင်းသာဖြစ်ပြီး ခွင့်ပြုချက်မရချင်း ထုတ်ဖော်ခွင့်ရမည် မဟုတ်ကြောင်း ဆိုသည်။

BANCA အဖွဲ့မှာ ဧရာဝတီမြစ်ဝှမ်း ရေအား လျှပ်စစ် စီမံကိန်းကြောင့် ပတ်ဝန်းကျင် အပေါ် သက်ရောက်မှုများနှင့် ပတ်သက်၍ ငါးလကြာ လေ့လာ ဆန်းစစ်ခဲ့သည်။ လေ့လာမှုများအတွင်း သစ်တောပျက်စီးခြင်းများ၊ သဘာဝ
တောရိုင်း တိရစ္ဆာန်များအား စည်းကမ်းမဲ့ ဖမ်းဆီးသတ်ဖြတ်၊ ရောင်းချမှုများ တွေ့ခဲ့ရသည်ဟု ပြောသည်။

စက်တင်ဘာလ ၁၇ ရက်နေ့က နေပြည်တော်တွင် ပြုလုပ်သည့် ဆည်စီမံကိန်းများအလုပ်ရုံဆွေးနွေးပွဲတွင် လည်း လေ့လာခဲ့မှုများအား “သဘာဝပတ်ဝန်းကျင်နှင့် လူမှုပတ်ဝန်းကျင်ဆိုင်ရာ အကျိုးသက်ရောက်မှု” စာတမ်း
ကို တင်သွင်းခဲ့သည်။ သို့သော် ယင်းစာတမ်းမှ တွေ့ရှိမှုအားလုံး မဟုတ်ဘဲ တချို့အဝက်ကိုသာ တင်ပြခွင့်ရရှိခဲ့ခြင်း
ဟု သိရသည်။

ယင်းအပြင် စက်တင်ဘာလ ၂၃ ရက်နေ့တွင်လည်း သတင်းစာ ရှင်းလင်းပွဲ ပြုလုပ်မည်ဟု သတင်းများ ထွက်ပေါ်ခဲ့ပြီး ယင်းကိစ္စများနှင့် ပတ်သက်၍ မဇ္ဈိမသတင်းထောက် ထွန်းထွန်းက ဆက်သွယ်မေးမြန်း ထားသည်။

Saturday, September 24, 2011

ညစ်ညမ်းဝက်ဘ်ဆိုက်များမှလွဲ၍ ဘလော့ဂ်များအပါအ၀င် ၀က်ဘ်ဆိုက်များအားလုံးကို ဖွင့်ပေးလိုက်ပြီဖြစ်သော မြန်မာပြည်

ညစ်ညမ်းဝက်ဘ်ဆိုက်များမှ လွဲ၍ ဘလော့ဂ်များအပါအ၀င် ကြည့်ရှုခွင့်ပိတ်ထားသည့် ၀က်ဘ်ဆိုက်များအားလုံးကို ဖွင့်ပေးလိုက်ပြီဖြစ်ကြောင်း မြန်မာ့ဆက်သွယ်ရေးလုပ်ငန်း၊ သတင်းအချက်အလက်နှင့်နည်းပညာဌာနမှ အင်ဂျင်နီယာချုပ်က အတည်ပြုပြောကြားခဲ့သည်။
“မောင်နဲ့နှမ၊ သားနဲ့အမိ ကြည့်ဖို့မသင့်တော်တဲ့ Porn ၀က်ဘ်ဆိုက်တွေကလွဲရင် တခြားဝက်ဘ်ဆိုက်တွေ၊ ဘလော့ဂ်တွေအကုန်လုံးကို ဖွင့်ပေးလိုက်ပါပြီ။ အရင်ကပိတ်ထားတဲ့ ၀က်ဘ်ဆိုက်အရေအတွက်က ၇ သောင်းဝန်းကျင်ရှိပြီး အခုဖွင့်ပေးလိုက်တာက ၀က်ဘ်ဆိုက်ပေါင်း ၃ သောင်းကျော်လောက် ရှိတယ်။ ညစ်ညမ်းဝက်ဘ်ဆိုက်တွေဖြစ်တဲ့ Porn  ၀က်ဘ်ဆိုက် ၂ သောင်းကျော်ကိုတော့ ဆက်ပိတ်ထားပါတယ်။ ကြည့်လို့မရသေးတဲ့ ၀က်ဘ်ဆိုက်ရှိရင် လာရောက် တောင်းဆိုနိုင်ပါတယ်”ဟု အဆိုပါ တာဝန်ရှိသူက စက်တင်ဘာလ ၁၇ရက်နေ့တွင် ပြောကြားခြင်းဖြစ်သည်။
လက်ရှိတွင် ၀က်ဘ်ဆိုက်များကို Proxy ဖြင့် ကျော်ရန်မလိုဘဲ ကြည့်ခွင့်ရလာသော်လည်း အင်တာနက်မြန်နှုန်းမှာ နှေးကွေးလေးလံလျက်ရှိရာ အဆိုပါအခက်အခဲကို ဖြေရှင်းရန် အစီအစဉ်ရှိကြောင်း သိရသည်။
“အင်တာနက်မြန်နှုန်း နှေးကွေးရတဲ့ အကြောင်းရင်းကို အဖြေရှာဖို့လည်း စီစဉ်နေတယ်။ ပြည်ပ Third Party အဖွဲ့အစည်းတစ်ခုက ပညာရှင်တွေ လာရောက်ပြီးတော့ အင်တာနက်စပေးတဲ့နေရာမှာ ရှိနေတဲ့ မြန်နှုန်းနဲ့ End User ဆီ ရောက်တဲ့အခါရှိနေတဲ့ မြန်နှုန်းတွေ၊ ဘယ်လိုအကြောင်းတွေကြောင့် နှေးရတာလဲဆိုတာတွေကို သေချာလေ့လာပြီး အဖြေရှာသွားမှာဖြစ်ပါတယ်”ဟု ၎င်းကပြောကြားသည်။
လက်ရှိတွင် CNN, Reuters, YouTube, Twitter, Mizzima စသည့် ၀က်ဘ်ဆိုက်များ၊ ဘလော့ဂ်များမှာ ပိတ်ပင်ထားခြင်းမရှိတော့ဘဲ ကြည့်ရှုခွင့်ရနေကြောင်း သိရသည်။
“၀က်ဘ်ဆိုက်တွေ ဖွင့်ပေးလိုက်တာ အားလုံးအတွက်ကောင်းပါတယ်။ အင်တာနက်ဆိုတာ Tools တစ်ခုပဲဖြစ်ပြီး ကောင်းတယ်၊ ဆိုးတယ်ဆိုတာက သုံးတဲ့သူအပေါ်မှာပဲ မူတည်ပါတယ်”ဟု ကွန်ပျူတာ လုပ်ငန်းရှင်အသင်းမှ ဦးအောင်ကျော်မိုး က ပြောကြားခဲ့သည်။
“မဆီမဆိုင် အပိတ်ခံထားရတဲ့ ၀က်ဘ်ဆိုက်တွေကို ဖွင့်ပေးသင့်တာကြာပါပြီ။ အင်တာနက်သုံးတဲ့အခါ အရွယ်မရောက်သေးသူတွေ၊ မရင့်ကျက်သေးသူတွေအနေနဲ့ သတိထားသုံးသင့်ပါတယ်။ နောက်တစ်ခုက pfingo လိုမျိုး အင်တာနက်ပေါ်ကခေါ်ရတဲ့ ဖုန်းဝန်ဆောင်မှုတွေကိုလည်း တရားဝင် ခွင့်ပြုသင့်ပါတယ်။ နိုင်ငံတကာမှာလည်း တခြားဖုန်းဝန်ဆောင်မှုတွေနဲ့ အပြိုင်အဆိုင် လုပ်ကြတာပဲ။ ကိုယ့်ဝန်ဆောင်မှုကို လူတွေသုံးဖို့အတွက် တခြားဝန်ဆောင်မှုကို ပိတ်ပစ်တယ်ဆိုတာမျိုးကတော့ မလုပ်သင့်ပါဘူး” ဟုဆိပ်ကမ်းသာလမ်းရှိ ကွန်ပျူတာပစ္စည်း အရောင်းဆိုင်မှ တာဝန်ရှိသူက သုံးသပ်ခဲ့သည်။
ဝက်ဘ်ဆိုက်များကို ကြည့်ရှုခွင့်ပြုရာတွင် နိုင်ငံတော်၏ဂုဏ်သိက္ခာကို ထိခိုက်နစ်နာစေရန် ပြုလုပ်ဆောင်ရွက်သည့် ၀က်ဘ်ဆိုက်များ၊ တိုင်းရင်းသားစည်းလုံးညီညွတ်မှုကို  ပြိုကွဲအောင် ပြုလုပ်ဆောင်ရွက်နေသည့် ၀က်ဘ်ဆိုက်များ၊ နိုင်ငံတော်၏အကျိုးစီးပွားကိုပျက်အောင် ပြုလုပ်နေသည့် ၀က်ဘ်ဆိုက်များနှင့် ကြည့်ရှုရန်သင့်တော်မှုမရှိသည့် ညစ်ညမ်းဝက်ဘ်ဆိုက်များအပ ကျန်ဝက်ဘ်ဆိုက်များအားလုံးကို ကြည့်ရှုခွင့်ပေးလိုက်ခြင်း ဖြစ်ကြောင်းသိရှိရသည်။
Posted by အိမ်လွမ်းသူ

ဒယ်အိုးဆရာတော် တရားပွဲ

အမေ့ပျောက်ခံသွေးရင်း (သို့) တောင်ဘက်အစွန်းက ဂျစ်ပစီများ

လူဦးရေ နှင့် အုပ်စုများ

            ဆလုံတွေ ဆိုတာက ဒီကနေ့ ဒီကျွန်း မှာတောဝက် လိုက်နေတာတွေ့ရပေမဲ့ နောက်တစ်နေ့ အခြားကျွန်းမှာ ခရင်း ခွာနေတာတွ့ချင်တွေ့ရတတ်တာမျိုး၊ ပြီးတော့ နယ်နမိတ်တွေ ရေကြောင်းအပိုင်းအခြားတွေလည်း သူတို့မသိ၊ ဒီ ကနေ့ မြန် မာရေမှာတွေ့ပေမဲ့ နောက်တရက်ကျ ထိုင်းရေပိုင်နက်ထဲရောက်နေတတ်ပြန်ရော၊ နောက် ၃-၄ရက်ဆို မလေးရှားရဲ့ လန် ကာ ဝီနားမှာတွေ့ချင်တွေ့နေရပြန်တာမို့ သူတို့ရဲ့လူဦးရေဘယ်လောက် ရှိသလဲဆိုတာပြောရတာအလွန်ခက်တယ်။
(လွန်ခဲ့တဲ့ ၄-၅နှစ်က မြန်မာအစိုးရက မှတ်ပုံတင်ထုတ်ပေးတယ်၊ ထိုင်းအစိုးရကလည်း ဘုရင်ကိုယ်တိုင် မျိုးရိုး နာ မည်တွေ ပေးပြီးထိုင်းလူမျိုးအဖြစ်အသိမှတ်ပြုသလို၊ မလေးရှားကလည်း သူ့နယ်နိမိတ်အတွင်းက ဆလုံတွေကို မလေး ရှား တိုင်းရင်းသားဆိုပြီး အမှတ်အသားတွေ လုပ်တယ်။ ဆိုလိုတာက ဆလုံတွေရဲ့ နယ်မြေကို သူတို့ဆန္ဒမပါဘဲ ခွဲခြားလိုက်တာပေါ့။ ဒီလိုလုပ်လိုက်တဲ့ အကျိုးဆက်ကနေ အဖေဖြစ်သူက မြန်မာရေမှာ မြန်မာမှတ်ပုံတင်ကိုင် သားဖြစ်သူ ထိုင်းမှတ်ပုံတင်နဲ့ ထိုင်းလူမျိုးဖြစ် အဲသလို အဓ္ဓမ ခွဲခြားတာကို ခံလိုက်ရသလို ဖြစ်သွားတာပေါ့ )...
              ဒီတော့ဘာဖြစ်သလဲ မှတ်ပုံတင်ကို လှေခေါင်မိုးမှာထိုးပြီး ဆလုံတွေ သွားချင်ရာသွားနေတာဘဲ၊ ရေတပ်က တခါ တလေပါးနားရိုက်ပြီး မင်းတို့ နောက်တခါ ထိုင်းရေထဲသွားရင် ပစ်မြုတ်မယ်လို့ ခြိမ်းချောက်တာကို မျက်နှာငယ်လေး နဲ့ ပြန်ကြည့်ပြီး၊ ကြောက်ပါဘီ ဆရာရယ် ကျွန်တော်နောက်မသွားတော့ပါဘူး ဆိုပြီး နောက်ဆို ရင် ရေတပ်သင်္ဘောတွေ ကိုရှောင်ပြီး ကျွန်းကြိုကျွန်းကြားက သွားမြဲတိုင်းသွားတာဘဲ...
               ဥပမာ- လာတာ (Lata) လို့ သူတို့ခေါ်တဲ့ ထိုင်းတွေရဲ့ ကော့ဆူရင်း( ရှမ်းကျွန်းမဲ ) - Surin Marine National Park ဟာ ဂျာဒက်လို့ ဆလုံတွေခေါ်တဲ့ မြန်မာ့တောင်ဘက်စွန်း ရေတပ်စခန်းတည်ရှိရာ ဇာဒက်ကြီးကျွန်း-St.Mattew   နဲ့ က နီးနီးလေးရယ်၊ လှမ်းကြည့်ရင်တောင် မြင်နေရတာမို့ ဒီကျွန်းကြီး ၂ကျွန်းမှာ အခြေချတဲ့ ဆလုံတွေက သွားလိုက် လာ လိုက်ပေါ့။ နှစ်နိုင်ငံရေပိုင်နက်ဆိုတာ သူတို့အတွက်ဘယ်လိုမှ မသက်ရောက်ပါဘူး၊ ၂ဘက် ရေတပ်သားတွေရဲ့ မူးမူးနဲ့ တခါ တလေ ပါးအရိုက်ခံရတာ၊ ဆောင့်အကန်ခံရတာ တို့ကလွဲရင်ပေါ့။ ဒီတော့ လူဦးရေ ဘယ်လောက် လဲဆို တာ ပြောဖို့ အရမ်း ခက်တယ်။
             စည်းစနစ်အရမ်းကျတဲ့ ဗြိတိသျှတွေကတော့ Boy Scouts တို့ Girl Guides တို့သုံးပြီး အတတ်နိုင်ဆုံး ဆလုံ လူ ဦးရေကိုရအောင်လုပ်ခဲ့ဖူးတယ် ၁၉၁၁လောက်မှာပေါ့။ အဲဒီဆလုံသန်းခေါင်စာရင်းအရ တစ်ထောင်ရှစ်ရာ ကိုးဆယ့် သုံးယောက် ရှိတယ်လို့ဆိုပါတယ်။ ကျား-၉၆၄ယောက်နဲ့ မ-၉၂၅ယောက်ရှိခဲ့သတဲ့။ ဒီအရေအတွက်ဟာ ထားဝယ် ကျွန်း ကနေ ကော့သောင်းအထိ ဧရိယာမှာပါ။ ထိုင်းနဲ့ မလေးဘက်မှာရှိတဲ့ ဆလုံတွေ မပါသေးပါဘူး။ဒီသန်းခေါင်စာရင်းဟာ ဆလုံ တစ်ယောက်ကို ၂ခါရေတွက်မိတာတို့ လူမရောက်တဲ့ ကျွန်းကြိုကျွန်းကြားမှာ ရောက်နေတဲ့ ဆလုံလှေတွေကို မရေ တွက် မိ တာတို့လည်းရှိနိုင်ပါတယ်။
             Walter Graninge White ကတော့ ညောင်းမှိုင်း (Elphinstone island)၊ ဒုံး (Ross island)၊ ကတန် (King island)၊ ပဉ္စဘု (Bentik island)၊ နဲ့ လက်စွက်အော် (Domel island) ကျွန်းတစ်ဝိုက်မှာတင် သူဖာသာသူ စာရင်းကောက်ယူတာ အနည်းဆုံး ဆလုံ၂၅ဝဝ လောက်ရှိတာ တွေ့တယ်လို့ ဆိုပါတယ်၊ သူ့ကဆက်ပြီး ဇာဒက်ကျွန်းအုပ်စုဟာ ပိုကြီးတဲ့ ဆလုံအုပ်စုဖြစ်လို့ ဒုံးအုပ်စုထက်ပိုများမယ်လို့ ယူဆခဲ့တယ်။ ဒီတော့ မြိတ်ကျွန်းစုမှာ ဆလုံ ၅ဝဝဝလောက်ရှိတယ်လို့ သာမန်ကောက်ချက်ချနိုင်ပါတယ်၊ ဒါက ၁၉၁၁ခုနှစ်ကပေါ့နော် ...
             ဒါပေမဲ့ နှစ်ပေါင်း ၉ဝကြာ ၂ဝဝ၁ခုနှစ်မှာ ဆလုံစုစုပေါင်း ၁ဝဝဝတောင် မပြည့်ချင်တော့တာ အံ့သြ ဘွယ်တွေ့ရ တယ်။ လူဦးရေဆိုတာ ကြာလေများလာလေမဟုတ်လား၊ ပြီးတော့ မြစ်ဝကျွန်း၊ ရန်ကုန်နဲ့ ပဲခူးနယ်က မွန်တွေ ပျောက် ကွယ် သွားသလို၊ တကောင်းကနေ ပြည်အထိကျယ်ပြန့်တဲ့ ဒေသကြီးက ပျူတွေပျောက်သွားသလို၊ လူမျိုးအချင်းချင်း အမြိုခံလိုက် ရတဲ့ ပုံစံလည်း မတွေ့ရဘဲနဲ့ ဘာလို့ဆလုံတွေ ပျောက်ကုန်တာလည်း။
         
၂ဝဝ၁ မှာ ဒေါက်တာဂျက်အီဗာနော့ရဲ့ လေ့လာချက်အရ

   >>> ညောင်ဝီမှာ လှေ ၁၁စင်း နဲ့ အခြေတကျအိမ်ဆောက်နေတာမတွေ့ရဘူး (၂ဝဝ၆ မှာကျွန်တော်တွေ့ရတာ လှေ ၆စီးနဲ့ အိမ်ဆောက်နေတဲ့ ဆလုံတွေပဲတွေ့ရတော့တယ်)
  >>>  ဂျာလန်းမှာ လှေ ၂၉စင်းနဲ့ အခြေတကျအိမ်ဆောက်နေတာမရှိ (အဲဒါတော့ကျွန်တော်မသိဘူး လမ်းကြောင်း မ သင့်တော့ ဂျာလန်းကို ကျွန်တော်မရောက်ခဲ့ရဘူး၊ ပြီးတော့ ဂျာလန်းကျွန်းမှာ အမြှောက်တပ်ထိုင်ထားတာ ဒီပြင် သစ်ဒေါက် တာဘယ်လိုလုပ်ဝင်သွားသလဲ ကျွန်တော်မစဉ်းစားတတ်)
   >>> မကြုံဂလက်မှာ လှေ၂၅စင်း နဲ့ အိမ်ခြေ၅ဝတွေ့ရတယ် (လှေတွေနည်းသွားပေမဲ့ အိမ်တွေအများကြီး ကျွန်တော်တွေ့ ခဲ့ရပါတယ်)
   >>> ဇာဒက်ကြီးမှာ လှေ၃ဝနဲ့ အိမ်၇ဝ (ကျွန်တော်မရောက်ပါ)
   >>> ဆူရင်း မှာ လှေ၁၂စင်း နဲ့ အိမ်၂ဝ (အခု လှေ၂၉စင်းနဲ့ အိမ်တွေ ၄ဝလောက်တွေ့ရတယ်၊ ဆူနာမီဖြစ်ပြီးတဲ့နောက်မှာ အကူညီတွေရတာကြောင့် ဆူရင်းကဆလုံတွေ ပိုအဆင်ပြေနေသလိုဘဲ၊ ဒီတော့ ဇာဒက်က သူတို့ဆွေမျိုးတွေကို သွားခေါ်လာသလားမသိ)
   >>> လငန်းမှာ လှေ၁၅စင်းနဲ့ အိမ်၁၅လုံး (လှေ၁ဝစင်းနဲ့ အိမ်၁၈လုံးတွေခဲ့ရတယ်)
   >>> ပဉ္စဘု နဲ့ မီးစိမ်းမှာ လှေ၁ဝစင်း (ကျွန်တော် ၈စင်းတွေ့ခဲ့ရတယ်)
   >>> ညောင်မှိုင်းမှာ လှေ၂၁စင်းနဲ့ အိမ် ၃ဝ ဒါပေမဲ့ လှေတွေက ဆလုံပုံစံထက် မြန်မာလှေပုံစံပိုများတယ်
   >>> ဒုံမှာက ရွာ ၂ရွာ၊ ဆလုံ၃ဝဝလောက်ရှိမယ်၊ လှေက၁၅စင်းနဲ့ အိမ်ကအလုံး၅ဝ (ဗမာ နဲ့ ကရင်အိမ်တွေနဲ့ရောနေတော့ ကျွန်တော်မခွဲတတ်ဘူး) ....

ဆလုံအုပ်စုများ နှင့် ဘာသာစကား

ယေဘူယျအနေနဲ့ မြိတ်ကျွန်းစုထဲက ဆလုံတွေကို အုပ်စုသုံးစု ခွဲလို့ရပါတယ်။

   ၁) ဒုံးအုပ်စု - ဒုံး (Ross island)၊ ညောင်မှိုင်း (Elphinstone island)၊ မီးစိမ်း (Lioyds island) နှင့် ပဉ္စဘု (Bentik island) ...
    ၂) လန်းပိအုပ်စု - လငန်း (The sisters islands)၊ လန်းပိ (Lampi island)၊ မကြုံဂလက် (Pulu Nala island)၊ ညောင်ဝီ(Pulu Bada)၊ ကျွန်းဖီလာ(Gt.Swinton island)၊ ဂျာလန်း(Lough Brough island) ...
    ၃) ဇာဒက်ကြီးအုပ်စု - ဇာဒက်ကြီး (St.Mattew island)၊ ဇာဒက်ကလေး (St.Luke island)၊ သံကျွန်း (Davis island)၊ ဆူရင်း (Surin island of Thailand)

            ဆိုပြီးတော့ ဖြစ်ပါတယ်။ အုပ်စုခွဲတာ ဦးဆောင်သူကွဲလို့သာ ခွဲနိုင်တာဖြစ်ပြီး အနေအထိုင်၊ အစားအသောက်၊ အလေ့အထနဲ့ ဘာသာစကား ပြောင်းလဲမှုသိပ်မတွေ့ရပါ၊ ဒါပေမဲ့ ဒုံးအုပ်စုနဲ့ ဇာဒက်အုပ်စု စကားပြောတာ နည်းနည်းပါးပါး ကွဲပြားနေတာရှိတယ်လို့ ဆလုံဘာသာစကားကျွမ်းကျင်သူတွေက ဆိုပါတယ်၊ လေသံဝဲတာရှိသလို အခိျု့လုံးဝမတူတဲ့ အခေါ်ဝေါ်တွေလည်းရှိသတဲ့။ ဆလုံတွေစကားရဲ့ ၄ဝရာနုန်းက ပသျှူး(မလေး) စကားပါ -မလေးရှေးဟောင်းစကားဆိုပါတော့။ ဘာသာစကားလေ့လာသူတွေစကားအရ ဟိုး ကမ္ဘောဒီယားနဲ့ ဗီယက်နာမ်တောင်ပိုင်းမှာ တခါက ထွန်းကားခဲ့ဖူးတဲ့ ဃ့ောစေ နိုင်ငံကြီးမှာ ပြောတဲ့ စကားလို့ ဆိုကြပါတယ်...
            ကျွန်တော်သတိထားမိတာကတော့ ဒုံးအုပ်စုမှာ ထိုင်းစကားတတ်တဲ့ ဆလုံတွေအရမ်းနည်းပြီး၊ ဇဒက်ကြီးအုပ်စုက ဆလုံတွေမှာကတော့ ထိုင်းစကားပြောတတ်သူ အတော်များပါတယ်။ အဲဒုံးအုပ်စုနဲ့ လန်းပိအုပ်စုမှာ ပသျှူးစကား (မလေးစကား)တတ်တဲ့ ဆလုံတွေအတော်များများ တွေ့ရပါတယ်။

ဆက်ရန်......

Credit to Mokenlay (Myanmar Cupid)
Posted by ဂျစ်တီး

Friday, September 23, 2011

အားကစားဂျာနယ်ဖတ်ရှုနိုင်ရန်

ခုတလော Eleven Media Group မှတဆင့် အပတ်စဉ်ထုတ်ဝေလျက်ရှိသော First Eleven နှင့် Premier Eleven အားကစားဂျာနယ်(၂)စောင်ကို Internet မှတဆင့် ဖတ်ရှုရတာ အခက်အခဲရှိနေတာကို ဘောလုံးဝါသနာရှင် သူငယ်ချင်းတို့လဲ သိကြမှာပါ။ ကျွန်တော်လက်လှမ်းမှီသလောက် ရှာဖွေထားတဲ့ ဂျာနယ် Link တွေကို သူငယ်ချင်းတို့အတွက် မျှဝေပေးလိုက်ပါတယ်။

Premier Eleven Vol-9 No-4 (New)

First Eleven Vol-12 No-16 (New)

First Eleven Vol-12 No-15 

Premier Eleven Vol-9 No-3



Posted by ဝတီ

လီကွမ်ယုတိုက်တွန်းမူအပေါ် တုံပြန်ချက်

စင်္ကာပူဝန်ကြီးချုပ်ဟောင်း လီကွမ်ယု၏ ပါရဂူဘွဲ့ရရှိရန် ကြိုးစားနေသည့် ခေတ်ပညာတတ် အမျိုးသမီးများအပေါ် ထားရှိသောသဘောထားကို အမျိုးသမီးအဖွဲ့အစည်းများမှ ဝေဖန်ပြစ်တင်လိုက်သည်။
လွန်ခဲ့သည့်အပတ်က နန်ယန်တက္ကသိုလ်တွင် ပြုလုပ်သည့်ဆွေးနွေးပွဲတစ်ခုအတွင်း ပါရဂူဘွဲ့ယူရန် ကြိုးပမ်းနေသည့် ကျောင်းသူတစ်ဦးမှ စင်္ကာပူနိုင်ငံအတွင်းသို့ နိုင်ငံခြားသားဝင်ရောက်လာမှုနှင့် ပတ်သက်၍သောမေးခွန်းကို ဖြေကြားရာတွင် “ ပါရဂူဘွဲ့ယူဖို့ အချိန်ဖြုန်းမနေနဲ့ အိမ်ထောင်ပြုဖို့ ကြိုးစားပါ၊ မိသားစုဘ၀က သင့်ရဲ့ပါရဂူဘွဲ့ထက် အရေးပါတယ်၊ ကျွန်တော်မျှော်လင့်တာက ပါရဂူဘွဲ့လည်းရ၊ အိမ်ထောင်ဖက်လည်းရဖို့ မျှော်လင့်ပါတယ်” ဟု ဖြေကြားခဲ့သည်။
(ထိုမေးမြန်းချက်ကို စင်္ကာပူနိုင်ငံရဲ့ ဒုက္ခ ဆောင်ပါးတွင်ဖော်ပြခဲ့ပြီး ဖြစ်ပါသည်။)
လီကွမ်ယု၏ မှတ်ချက်နှင့်စပ်လျဉ်း၍ (Association of women for Action and Research -Aware) မှ ဥက္ကဌ နီကိုးတန်မှ လီကွန်ယု၏မှတ်ချက်ကို ငြင်းချက်ထုတ်လိုက်ပြီး၊ လူ့အဖွဲ့အစည်းဖွံ့ဖြိုးတိုးတက်ရေး၊ လူငယ်နှင့်အားကစားဆိုင်ရာ ကုလသမဂ္ဂကိုယ်စားလှယ် ယာကို့ Yacob မှ ကြေငြာချက်ထုတ်ပြန်ကာ တုံ့ပြန်ခဲ့သည်။ စင်္ကာပူနိုင်ငံသည် အမျိုးသမီးများအပေါ် ခွဲခြားဆက်ဆံမှုတိုက်ဖျက်ရေး Cedaw ကို လက်မှတ်ရေးထိုးထားသည့် နိုင်ငံဖြစ်သည်။
“ကျားမတန်းတူမှုဟာ စင်္ကာပူရဲ့လူမှုစီးပွားရေးဖွံ့ဖြိုးမှုမှာ အဓိကအရေးပါတယ်။ ကျားမခွဲခြားမှုအပေါ် အခြေမခံတဲ့တစ်ဦးချင်း၏ အရေးပါမှုကိုချဲ့ထွင်ပြီး ဦးစားပေးထားရမည်” ဖြစ်ကြောင်း ပြောဆိုခဲ့သည်။
“စင်္ကာပူရဲ့စီးပွားရေးဖွံ့ဖြိုးမှုကို ထိန်းထားဖို့အတွက် တစ်နှစ်ကို နိုင်ငံခြားသားအလုပ်သမား ခြောက်သောင်းလိုတယ်။ နိုင်ငံခြားသားအလုပ်သမားဦးရေကို လျော့ချဖို့အတွက် စင်္ကာပူမိသားစုတစု ကလေးမွေးနှုန်းက (၁ ဒသမ ၈) သို့မဟုတ် (၂ ဒသမ ၁) ရှိဖို့လိုတယ်” ဟု နိုင်ငံခြားသား အလုပ်သမား ၀င်ရောက်မှုနှင့် ပတ်သတ်၍ လီကွမ်ယုက မှတ်ချက်ပေးခဲ့သည်။   
Aware ဥက္ကဌ နီကိုးတန်မှ အမျိုးသမီးများအပေါ် ခွဲခြားဆက်ဆံမှုတိုက်ဖျက်ရေး Cedaw ကို လက်မှတ် ရေးထိုးထားသည့် နိုင်ငံအနေဖြင့် “ ရှေးရိုးစွဲကိုအခြေခံတဲ့ အမျိုးသား၊ အမျိုးသမီးဆိုတဲ့ အယူအဆကို စင်္ကာပူရဲ့ လူမှုရေးနဲ့ယဉ်ကျေးမှုနယ်ပယ်မှာ သင့်လျှော်သလို ထိန်းညှိဖို့ အစိုးရမှာတာဝန်ရှိကြောင်း” ပြောဆိုခဲ့သည်။ “ လီကွမ်ယုလို သြဇာတိက္ကမကြီးတဲ့ပုဂ္ဂိုလ်က ဒီလိုမှတ်ချက်မျိုးပေးတာ လူမှုရေးပြောင်းလဲမှု ဖြစ်စဉ်မှာ အရေးပါတယ်။ သူ့ရဲ့မှတ်ချက်က အမျိုးသမီးဆိုတာ အိမ်ထောင်မှု အလုပ်လုပ်ဖို့ နဲ့ အမျိုးသားရဲ့တာဝန်က အိမ်ထောင်စုကို ပံ့ပိုးဖို့ဖြစ်တယ်ဆိုတဲ့ ရှေးရိုးစွဲဟာ ဒီနေ့လူမှုအဆင့်အတန်းကို လိုက်မီအောင် ကြိုးစားနေတဲ့ မိသားစုတွေကို အထင်သေးရာရောက်ကြောင်း” ထောက်ပြပြောဆိုခဲ့သည်။
Posted by အိမ်လွမ်းသူ