Saturday, 25 June 2011
”ရသေ့ကြီးဦးခန္တီ၏ သာသနာပြုအဆောင်ကောင်းဂါထာတော်”
”အရဟံ ဗဟိအန္တဇယံ သုဂတံ၊
အမိတံ ဝိရဇံ လလိတံ၊ အတုလံ။
စရဏံ တိဘဝုပသမံ ယမကံ၊
သုခဓံ သရဏံ ပဏာမာမိ ဇိနံ။
ဂါထာတော်၏အသံထွက်
“ အရဟံ ဗဟိအန်တဇယံ သုဂတန်
အ-မိတန် ၀ိရဇံ လ-လိတန် အတုလံ။
စရနန် တိဘ၀ူပသမံ ယမကန်
သုခ-ဒန် သရဏံ ပဏာမာမိ ဇိနန် ”
ဂါထာတော်၏အနက်အဓိပ္ပါယ်
(အရဟံ-နတ်လူဦးခိုက်ပူဇော်အထူးကို ခံယူတော်မူထိုက်ထသောမြတ်စွာဘုရားရှင် ကိုယ်တော်မြတ်ကြီးအား၊
အဟံ-တပည့်တော်သည်၊ မဏာမာမိ- ရိုသေလှစွာ သဒ္ဓါရိုကျိုး လက်စုံမိုး၍ ရှိခိုးကန်တော့လိုက်ပါသည်ဘုရား။ ဗဟိအန္တဇယံ- အတွင်းရန် အပြင်ရန်တို့ကို အောင်မြင်တော်မူသော မြတ်စွာဘုရားရှင်ကိုယ်တော်မြတ်ြ ကီးအား၊ အဟံ- တပည့်တော်သည် သည်၊ ပဏာမာမိ- ရိုသေလှစွာ သဒ္ဓါရိုကျိုး လက်စုံမိုး၍ ရှိခိုးကန်တော့လိုက်ပါ သည် ဘုရား။ သုဂတံ- ကောင်းသောစကားကို ဆိုတော်မူတတ်သော မြတ်စွာဘုရားရှင် ကိုယ်တော်မြတ်ကြီးအား၊ အဟံ-တပည့်တော်သည်၊ ပဏာမာမိ- ရိုသေလှစွာ သဒ္ဓါရိုကျိုး လက်စုံမိုး၍ ရှိခိုးကန်တော့လိုက်ပါသည်ဘုရား။ အမိတံ-မနှိုင်းယှဉ်အပ်သောဂုဏ်တော်အပေါင်းနှင့် ပြည့်စုံတော်မူသော မြတ်စွာဘုရားရှင်ကိုယ်တော် မြတ်ကြီးအား၊ အဟံ-တပည့်တော်သည်သည်၊
ပဏာမာမိ- ရိုသေလှစွာ သဒ္ဓါရိုကျိုး လက်စုံမိုး၍ ရှိခိုးကန်တော့လိုက်ပါသည်ဘုရား။ ဝိရဇံ-
ကိလေသာမြူအညစ်တို့ကင်းစင်တော်မြ ပီးထူသောမြတ်စွာဘုရားရှင်ကိုယ်ေ တ်ာမြတ်ကြီးအား၊ အဟံ- တပည့်တော်သည်၊
ပဏာမာမိ-ရိုသေလှစွာ သဒ္ဓါရိုကျိုးလက်စုံမိုး၍ရှိခိုး ကန်တော့လိုက်ပါသည်ဘုရား။
လလိတံ- ရောင်ခြည်တော် ခြောက်သွယ်တို့ဖြင့်ကွန့်မြူးစံ ပယ်အထူးတင့်တယ် သပ္ပါယ်တော်မူသော မြတ်စွာဘုရားရှင်
ကိုယ်တော်မြတ်ကြီးအား၊ အဟံ-တပည့်တော်သည်၊ ပဏာမာမိ- ရိုသေလှစွာသဒ္ဓါရိုကျိုး လက်စုံမိုး၍
ရှိခိုးကန်တော့လိုက်ပါသည်ဘုရား။ အတုလံ- တစ်စုံ တစ်ယောက်သောသူတို့နှင့်မျှတူတော်မမူသော အတုမရှိ၊အတူမရှိမြတ်လှစွာသည့်ြ မတ်စွာဘုရားရှင် ကိုယ်တော်မြတ်ကြီးအား၊
အဟံ-တပည့်တော်သည်၊ ပဏာမာမိ- ရိုသေလှစွာသဒ္ဓါရိုကျိုး လက်စုံမိုး၍ ရှိခိုးကန်တော့လိုက်ပါသည်ဘုရား။ စရဏံ-
နိဗ္ဗာန်ရောက်ကြောင်းအကျင့်ကောင်းနှင့် ပြည့်စုံ တော်မူသော မြတ်စွာဘုရားရှင်ကိုယ်တော် မြတ်ကြီးအား၊ အဟံ-တပည့်တော်သည်၊ ပဏာမာမိ-ရိုသေလှစွာ သဒ္ဓါရိုကျိုး လက်စုံမိုး၍ ရှိခိုးကန်တော့ လိုက်ပါသည်ဘုရား။ တိဘဝုပသမံ-
ဘဝသုံးပါးတို့မှကင်းလွတ်ငြိမ်းေ အးတော်မူသောမြတ်စွာဘုရားရှင် ကိုယ်တော် မြတ်ကြီးအား၊ အဟံ- တပည့်တော်သည်၊
ပဏာမာမိ- ရိုသေလှစွာ သဒ္ဓါရိုကျိုးလက်စုံမိုး၍ ရှိခိုးကန်တော့လိုက်ပါသည် ဘုရား။ယမကံ-ရေမီးအစုံစုံသော တန်ခိုးပြာဋိဟာကို ပြတော်မူနိုင်စွမ်းသောမြတ်စွာဘု ရားရှင် ကိုယ်တော်မြတ်ကြီးအား၊
အဟံ-တပည့်တော်သည်၊ ပဏာမာမိ- ရိုသေလှစွာ သဒ္ဓါရိုကျိုး လက်စုံမိုး၍ ရှိခိုးကန်တော့လိုက်ပါသည်ဘုရား။ သုခဓံ- လူ၊ နတ်၊ နိဗ္ဗာန် သုံးတန်သောချမ်းသာကို ပေးတော်မူ နိုင်စွမ်းသော မြတ်စွာဘုရားရှင်ကိုယ်တော်မြတ်ြ ကီး အား၊ အဟံ-တပည့်တော်သည်၊ ပဏာမာမိ-ရိုသေလှစွာ သဒ္ဓါရိုကျိုး လက်စုံမိုး၍ ရှိခိုးကန်တော့ လိုက်ပါသည် ဘုရား။
သရဏံ- လူ၊ နတ်၊ ဗြဟ္မာ သတ္တဝါတို့၏ ကိုးကွယ်ဆည်းကပ်ရာအစစ်ဖြစ်သော မြတ်စွာဘုရားရှင် ကိုယ်တော်မြတ်ကြီးအား၊ အဟံ- တပည့်တော်သည်၊ပဏာမာမိ- ရိုသေလှစွာ သဒ္ဓါရိုကျိုးလက်စုံမိုး၍ရှိခိုး ကန်တော့ လိုက်ပါသည်ဘုရား။ ဇိနံ- မာရ်ငါးပါးတို့ကို အောင်မြင်တော်မူပြီးထသောမြတ်စွာ ဘုရားရှင် ကိုယ်တော်မြတ်ကြီးအား၊အဟံ- တပည့်တော်သည် ပဏာမာမိ-ရိုသေလှစွာ သဒ္ဓါရိုကျိုး လက်စုံမိုး၍ ရှိခိုးကန်တော့ လိုက်ပါသည် အရှင်ဘုရား။)
(မှတ်ချက်။ ။အမိတံ ကို’အ-မိတံ’၊ လလိတံ ကို’လ-လိတံ’ဟုအသံထွက်ပါ။)
ထိုဂါထာတော်သည် အလွန်စွမ်းအား ကြီးမားသည့် ဘုရားရှိခိုးဂါထာတော်ဖြစ်ကြောင်း ကျွန်တော်သံသယမရှိယုံကြည်ထားပါ သည်။
ထို့ကြောင့်ပူဇော်လိုသူ (ကျွန်တော့်စာဖတ်ပရိသတ် များ) နေ့စဉ် အဆင်ပြေသလိုယုံကြည်သဒ္ဓါ ထက်သန်စွာဖြင့် ရွတ်ပွားပူဇော်ခြင်း၊ အဓိဌာန် ပုတီးစိပ်ခြင်းပြုနိုင်ရန် လက်ဆင့်ကမ်း မျှဝေလိုက် ရပါသည်။
ကျွန်တော့် ယုံကြည်မှုကိုဝန်ခံရလျှင် ဤဂါထာသည် ရသေ့ကြီးဦးခန္တီ၏ ရွှေဖြစ်ငွေဖြစ် ဂါထာ၊ ဓနသိဒ္ဓိပေါက်ဂါထာအစစ်ဖြစ်သည်ဟု ယုံကြည်ထားမိပါသည်။ ကိုယ်ကျင့်သီလ ဖြူဖြောင့်စွာဖြင့်၊ ရိုသေစွာ ဖြင့်၊ ယုံကြည်သဒ္ဓါ ထက်သန်စွာဖြင့်၊ ကောင်းသော ရည်စူးချက်တို့ဖြင့်ရွတ်ပွားပူေ ဇ်ာဖို့သာလိုအပ်ပါလိမ့်မည်။
ဂါထာတော်၏ စွမ်းအားကိုတော့ ကျွန်တော် အြွကင်းမဲ့ယုံကြည်ထားပါသည်။ ထို့အပြင် ဘုရားရှင်အား
ရိုသေမြတ်နိုးစွာ ရှိခိုးပူဇော်သည့် ဗုဒ္ဓါနုဿတိဘာဝနာဖြစ်သည့်အတွက် သံသရာအထိ ကောင်းကျိုးပေးမည့် ကုသိုလ်စွမ်းအားတွေ ဖြစ်စေမည်ဟုလည်း ယုံကြည်ထားပါသည်။Posted by ထွန်းမြင့်ဌေး
No comments:
Post a Comment