Tuesday, June 07, 2011

Passport သက်တမ်းတိုးခြင်းနှင့် ပတ်သက်ပြီး ရှောင်ကျဉ်ရန်


 ကျမကိုယ်တွေ့ ကြုံတာလေးတစ်ခုကို စင်္ကာပူမှာရှိတဲ့  သူငယ်ချင်းများ
ကျမလိုနောက်နောင် အလားတူအဖြစ်မျိုးမဖြစ်ရလေအောင် သင်ခန်းစာအနေနဲ့ 
တင်ပေးလိုက်တာပါ... ကျမ passport သက်တမ်းတိုးဖို့ service ပေးတဲ့ အေဂျင်စီကို  သွားခဲ့ ပါတယ်...လိပ်စာက ကိုပိုးတီ၊မနွယ် ကောင်းထက်
သံရုံးဝန်ဆောင်မှု လုပ်ငန်း 111 North Bridge Road ,Penisular plaza ,#
05-59 ,Singapore (179098)  ဖြစ်ပါတယ်... ၁၂-၅-၂၀၁၁ ရက်နေ့ ကပါ...
အေးဂျင့်နဲ့ တွေ့ ပြီး ပတ်စ်စပို့ သက်တမ်းတိုးဖို့  အခွန်ဆောင်ရန်
ကိစ္စအားလုံးပြောခဲ့ ပါတယ်... သံရုံးကိုအခွန်ဆောင်ရန် ငွေပမာဏနှင့်
အေးဂျင့်ဖီးစ် ငွေပမာဏ၀န်ဆောင်ခတို့ ကို နှစ်ဦးနှစ်ဖက် သဘောတူပြီး
ကျသင့်ငွေကို တစ်ခါတည်းပေးခဲ့ ပါတယ်... ၃-၆-၂၀၁၁ ညနေတွင်
ကျမအေးဂျင့်မှကျမဆီ ဖုန်းဆက်၍ အခွန်ဆောင်ပြီး ပတ်စ်စပို့ သက်တမ်းတိုးပြီးပြီ ဖြစ်ကြောင်း နောက်တစ်နေ့ တွင် ပတ်စ်စပို့ လာယူလို့ ရပြီဖြစ်ကြောင်း ပြောပါသည်...၄-၆-၂၀၁၁ ရက်နေ့ တွင် ကျမသွားယူသောအခါ
သတ်မှတ်ထားသော ငွေပမာဏထက် ပိုပြီးတောင်းပါသည်...ကျမက သဘောတူသတ်မှတ်ထားသော
ငွေပမာဏထက်ပိုမပေးနိုင်ကြောင်း ပြောလိုက်ပါသည်...ထိုအခါ ၄င်းအေးဂျင့်မှ
ကျမပတ်စ်စပို့ ကို ပြန်မပေးနိုင်ဟုပြောပါသည်... ကျမက ပတ်စ်စပို
့ပြန်မပေးလျှင် သံရုံးကိုတိုင်မည်ဟု ဆိုသောအခါ အေးဂျင့်မနွယ်မှ နင်တို
့လို စောက်ဖြစ်မရှိတဲ့ မလောက်လေးမလောက်စားကောင်မတွေက သံရုံးကိုတိုင်ဦး
မတဲ့ လား...ဒီမယ်... အဲဒီသံရုံးကလူတွေကို ငါ့အိပ်ကပ်ထဲ ထည့်ထားတာ
...တိုင်......ကြိုက်တဲ့ နေရာသွားတိုင် ဟုရိုင်းစိုင်းစွာ
ပြောဆိုပါသည်... ကျမတို့ လို ရေမြေခြားမှာ အလုပ်လုပ်ရသော အလုပ်သမားများ
အဖို့  ပတ်စ်စပို့ သည် ဘယ်လောက်အရေးကြီးသလဲ ဆိုတာ ကို နိုင်ငံရပ်ခြားတွင်
အလုပ်လုပ်ကိုင်နေသော သူငယ်ချင်းများ အားလုံးသိကြမှာပါ... ကျမရဲ့ S-pass
card သက်တမ်းလည်း ကုန်ခါနီးပြီဖြစ်လို့  ပတ်စ်စပို့ ကလည်း
ကျမအတွက်အရမ်းအရေးကြီးတာပါ... ကျမရဲ့ ပတ်စ်စပို့ ကို
ဆုတ်ဖြဲပြီးလွှင့်ပစ်လိုက်ရင်ကော ကျမ ဘာဆက်လုပ်ရမလဲ... ဒါကြောင့် ကျမလို
စင်္ကာပူမှာလုပ်ကိုင်နေသော သူငယ်ချင်းများကိုလည်း ကျမလို အဖြစ်မျိုး
မဖြစ်ရလေအောင် ကိုပိုးတီ၊မနွယ်ဆိုသော အေးဂျင့်ကို ရှောင်ကြဉ် နိုင်အောင်
သိစေချင်လို့ ရေးလိုက်တာပါ...ဒီမေးလ်ရသော သူငယ်ချင်းများ အားလုံးကိုလည်း
forward လုပ်ပေးစေချင်ပါတယ်...ထိုမှသာ သူတို့ ရဲ့  အကျည်းတန် တဲ
့လုပ်ရပ်ကို ဟန့်တားနိုင်လိမ့်မည်ဟု ထင်ပါတယ်...ကျေးဇူးတင်ပါတယ်...
.လိပ်စာက ကိုပိုးတီ၊မနွယ် ကောင်းထက် သံရုံးဝန်ဆောင်မှု လုပ်ငန်း 111 North
Bridge Road ,Penisular plaza ,# 05-59 ,Singapore (179098)
ကျေးဇူးပြု၍ forward လုပ်ပေးစေချင်ပါတယ်...

--
With best wishes,

YU MON SOE

xxxxxxxxxxxxxxxxxxxxxxxxxxxxxxxxxxxxxxxxxxxxxxxxxxxxxxxxxxxxxxxxxxxxxxxxxxxxxxxxxxxxxxxx
ဝန်ခံချက်။      ။ Forward Mail မှ တင်ပြလိုက်ပါတယ်။

Posted  by ထွန်းမြင့်ဌေး

No comments:

Post a Comment