Saturday, July 09, 2011

ယမမင်း နှင့် Bill - Gates

မိုက်ခရိုဆော့ခ်၏ ဖခင် Bill - Gatesမှာ မတော်တဆ ကားတိုက်မှုဖြင့်သေဆုံးသွားသည်။ (တကယ်မထင်စေချင်ပါ)။ ယမမင်းက “ ခင်ဗျားကို နတ်ပြည်ပို့ရမလား၊ ငရဲပြည်ပို့ရမလား ဆုံးဖြတ်လို့ မရဘူးဖြစ်နေတယ်။ ကွန်ပြူတာတွေကို ထီထွင်ပြီး လူတွေကို ခင်ဗျား အများကြီး အကျိုးပြုခဲ့တယ်။ အံ့မခန်းတဲ့ အသုံးဝင် WINDOWS တွေကိုလည်း တီထွင်ခဲ့တယ်။ နတ်ပြည်သွားချင်သလား၊ ငရဲပြည် သွားချင်သလား ခင်ဗျားဘာသာ ဆုံးဖြတ်ပေတော့”ဟု မေးလေ၏။ Bill – Gates ကလဲ “ နတ်ပြည်နဲ့ ငရဲပြည် ဘာများကွာခြားပါသလဲ” လို့ပြန်မေးပါသည်။ ယမမင်းက “ခင်ဗျားဆုံးဖြတ်လို့ ရအောင် အဲဒီ နေရာနှစ်နေရာကို ကျုပ်အရင်လိုက်ပြမယ်”ဆိုပြီး Bill – Gates ကိုခေါ်ဆောင်သွားပါသည်။ သို့နှင့် ငရဲပြည်သို့ သူတို့ရောက်လာကြသည်။ ငရဲပြည်မှာ သန့်ရှင်းသော ပင်လယ်ကမ်းစပ်၊ ဖြူဖွေးသော သဲပြင်နှင့် မိန်းမလှလေးများဖြင့် လှပနေသည်။ Bill - Gates မှာ အလွန်ပျော်ရွှင်သွားသည်။ သို့နှင့် နတ်ပြည်သို့ သူတို့ ရောက်လာကြပြန်သည်။ နတ်ပြည်မှာ လှပသော တိမ်တိုက်နှင့် နတ်သမီးများ ပျော်ပါး နေကြသည်။ သို့သော် ငရဲပြည်လောက် စွဲဆောင်မှုမရှိပေ။ Bill - Gates “ကျွန်တော် ငရဲပြည်ပဲ သွားမယ်” ဟု ဆုံးဖြတ်ချက်ချလိုက်ပါသည်။
ယမမင်းကလဲ “ကောင်းပြီလေ ခင်ဗျားကို ငရဲပြည်ပို့ပေးမယ်” ဆိုပြီး Bill - Gates ကို ပို့ပေးလိုက်သည်။ ထို့နောက်နှစ်ပတ်ကြာသော် ယမမင်းမှာ ဒီသန်းကြွယ်သူဌေး ငရဲပြည်မှာ ဘာများလုပ်နေသလဲ ဟု သိချင်သောကြောင်း ငရဲပြည်သို့ သွားရောက်ခဲ့သည်။ Bill - Gatesမှာ လက်ကျင်း၊ ခြေကျင်းများခတ်ပြီး အနှိပ်စက်ခံနေရသည်။ Bill - Gates “ဒီနေရာဟာ အရမ်းကြောက်ဖို့ ကောင်းတယ်။ ကျွန်တော်တွေ့ခဲ့တဲ့ မိန်းမလှလေးတွေရော၊ သဲဖြူဖြူနဲ့ ပင်လယ် ကမ်းစပ်တွေရော ဘယ်ရောက်ကုန်ပြီလဲ” ဟုမေးလိုက်သည်။ ယမမင်းက “ အော် ဒါတာတွေလား....အဲဒါတွေက Screen Saver တွေလေ...”ဟု ပြန်ဖြေလိုက်ပါတော့သည်။
Posted by သူငယ်ချင်းတစ်ဦး

No comments:

Post a Comment