Saturday, July 09, 2011

ကျေင်းစာသင်ခန်းထဲက ကမ္ဘာလုံး

တခါက ပညာရေးဝန်ကြီး တစ်ဦးဟာ ကျောင်းတစ်ကျောင်းကို ကြည့်ရှုစစ်ဆေးဖို့ သွားရောက်ခဲ့ပါတယ်။ အတန်းတစ်တန်းထဲ ၀င်ကြည့်တော့ အခန်းထဲမှာ ကမ္ဘာလုံး တစ်လုံး တင်ထားတာတွေ့လို့ ကျောင်းသားတစ်ယောက်ကို ခေါ်ပြီး ........
“ဒီကမ္ဘာကြီးဟာ ဘာလို့ ၂၃ နှစ်ပိုင်းတစ်ပိုင်း ဒီဂရီ တိမ်းစောင်းနေသလဲ” လို့မေးလိုက်တယ်။ မေးခံရတဲ့ ကျောင်းသားက ပျာပျာသလဲနဲ့ “ကျွန်တော်လုပ်တာ မဟုတ်ပါဘူး...” လို့ ပြန်ဖြေတယ်။ ပညာရေးဝန်ကြီးက ၀င်လာတဲ့ နောက်ကျောင်းသားတစ်ဦီးကို မေးလိုက်ပြန်တယ်။ ကျောင်းသားက လက်ကာပြပြီး...
“ကျွန်တော်အခုမှ ၀င်လာတာ... ကျွန်တော်လုပ်တာ မဟုတ်ဘူး” လို့ ဖြေပြန်တယ်။ ပညာရေးဝန်ကြီးက ဆရာဖက်လှည့်ပြီး “ဒါ..ဘယ်လိုဖြစ်ရတာလဲ” လို့ (ဆရာက တပည့်တွေကို ဘယ်လို သင်ခဲ့သလဲဆိုတဲ့ ပုံစံနဲ့) မေးလိုက်တယ်။
ဆရာက တောင်းပန်တဲ့ လေသံနဲ့ “သူတို့ကို အပြစ်တင်လို့ မရပါဘူး..ဒီကမ္ဘာလုံးက၀ယ်လာကတည်းက ၂၃ နှစ်ပိုင်းတစ်ပိုင်း ဒီဂရီတိမ်းစောင်းနေတာပါ” လို့ပြန်ဖြေတယ်။ ပညာရေးဝန်ကြီးက ခရမ်းချဉ်သီးလို့ ပေါက်ကွဲတော့မယ့် မျက်နှာနဲ့ကျောင်းအုပ်ကြီးဖက် လှည့်ကြည့်လိုက်တယ် ဆိုရင်ပဲ ကျောင်းအုပ်ကြီးက “ပြောရမှာ အားတော့နာတယ်...ကျောင်းက ရန်ပုံငွေ အခက်အခဲဖြစ်နေလို့ ဒီကမ္ဘာလုံးကို လမ်းဘေးဈေးမှာ ၀ယ်ခဲ့လို့ အခုလိုတိမ်းစောင်းနေတာပါ” လို့ ပြန်ဖြေလိုက်တော့တယ်။ 
 Posted by သူငယ်ချင်းတစ်ဦး

No comments:

Post a Comment