Monday, August 22, 2011

ဆရာကြီး ဦးသာနိုးရဲ့ ဆောင်းပါး(၂၄)

ဘာဖြစ်လျှင် ညာဖြစ်လျှင်ဆိုတဲ့ ပုဒ်စုကို Condition လို့ ခေါ်တယ်..။ မြန်မာလို ခေါ်စ၇ာ စကားလုံး မ၇ှိဘူး.။ ( ဘာသာစကားတစ်ခုက တစ်ခု နေရာတကာ ဘာသာပြန်လို့ မရဘူးဆိုတဲ့ ဘာသာဗေဒ သဘောတရားကို ဒီနေရာမှာ သာဓကတစ်ခုအဖြစ် တွေ့ရတာပါပဲ။ ) သုံးမျိုးရှိတယ်. တစ်မျိုးနဲ့ တစ်မျိုး ကြိယာပုံစံ ကွဲပြားတဲ့အတွက် သေသေချာချာ မှတ်ရပါတယ်..။
Condition . 1
( တကယ်ဖြစ်နိုင် )
If .... present tense ........, .......... will + v ..................
Condition . 2
( မဖြစ်နိုင်တာ ၊ ပစ္စုပ္ပန် )

If ....... past tense ........., .......... would + v ...............
Condition . 3
( မဖြစ်နိုင်တာ ၊ အတိတ် )

If ....... past perfect ........., ........ would have + v .............
နမူနာ
If you work hard, you will succeed.
If you drank poison, you would die.
If you had come earlier, you would have met her.

စာကြိုးစားလျှင် စာမေးပွဲအောင်မယ်ဆိုတာ တကယ်ဖြစ်နိုင်ပါတယ်။ ဒါကြောင့် ဒီနေရာမှာ Condition.1 ကို သုံးပါတယ်။ If နဲ့ စတဲ့ Adv Clause မှာ Present tense ကို သုံးပြီး Main Clause မှာ will ပါတဲ့ Future ကို သုံးပါတယ်။
အဆိပ်သောက်ဖို့ဆိုတာ များသောအားဖြင့် ဖြစ်ဖို့ အလားအလာ သိပ်မရှိပါဘူး။ အဆိပ်သောက်မယ့်လူ မရှိပါဘူး။ သောက်များသောက်လျှင်ဖြင့် သေလိမ့်မယ်လို့ ပြောတာပါ။ တကယ်လုပ်မှာကို ပြောနေတာ မဟုတ်ပါဘူး။ ဒါကြောင့် Condition.2 ကို သုံးပါတယ်။ Adv Clause မှာ Past tense ကို သုံးပြီး Main မှာ would ကို သုံးပါတယ်။
( I နဲ့ ဆိုရင် should သုံးလည်း ရပါတယ်။ ) Past လို့ လွယ်အောင်ပြောလိုက်တာ အများစုအဖို့တော့ မှန်တယ်။ go က went ၊ know က knew ဖြစ်ပါတယ်။ be ကိုတော့ was မဟုတ်ဘဲ were ပဲ သုံးရပါတယ်။ Conditional tense လို့ ခေါ်ပါတယ်။
If i were a cat, i would eat you up.
ငါသာ ကြောင်ဆိုလျှင် မင်းကို စားပစ်မှာ.။
မှတ်စရာ.။ ..........။ တကယ်ကို စိတ်ဆင်းရဲစရာရှိလို့ အဆိပ်သောက်မယ် လုပ်နေတဲ့ လူကိုတော့ If you drink poison, you will die. လို့ ပြောနိုင်တာပေါ့လေ။

Condition.1
လူတစ်ယောက်ဟာ စောစောလာရမှာကို မလာခဲ့ဘူး။ ဒါကြောင့် သူတွေ့ချင်တဲ့သူနဲ့ မတွေ့လိုက်ရတော့ဘူး။ ဒီတော့ စောစောကသာ လာခဲ့လျှင်ဆိုတဲ့ ပြောဟာ မဖြစ်နိုင်တာကို ပြောနေတာဖြစ်တယ်။ ဒါကြောင့် Condition.3 ကို သုံးတယ်။ If you had come earlier လို့
Past Perfect ကို သုံးရပြီး ၊ Main Clause မှာလည်း you would have met her လို့ လုပ်ပေးရပါတယ်။
Adv Clause တို့ ထုံးစံအတိုင်း If ပါတဲ့ ပုဒ်စုကို ၀ါကျရဲ့ ရှေ့ကထားလည်းရ၊ နောက်က ထားလည်း ရပါတယ်.။ အထက်က စာကြောင်းသုံးကြောင်းကို အောက်ပါအတိုင်း ပြင်ေ၇းလည်း ရပါတယ်။
You will succeed if you work hard.
You would die if you drank poison.
You would have met her if you had come earlier.
ဘယ်လိုနေရာချပြီး ရေးထားထား Verb from တွေကို မှန်အောင် ထည့်တတ်ဖို့ လေ့ကျင့်ရမယ်။ အထက်ကပြခဲ့တဲ့ ဇယားကွက်ကလေးကို အလွတ်ကျက်ထားရမယ်။ အထက်တန်းကျောင်းမှာ လေ့ကျင့်ခန်း လုပ်ရိုးလုပ်စဉ်ကတော့ ၀ါကျတစ်ခုမှာ Verb တစ်ခုပဲ အမှန်ထည့်ခိုင်းနည်း ဖြစ်ပါတယ်။ ကျက်မှတ်ထားသူအဖို့ ဘာမှ မခက်လှပါဘူး။
ဥပမာ ....... If i had known, i (go) to them.
ေ၇ှ့က If နဲ့ တွဲရက်မှာ had known လို့ Past Perfect နဲ့ ပေးထားကတည်းက Condition.3 လို့
သိပြီးနောက် Verb ကို would have gone လို့ တန်းပြီးလုပ်နိုင်ရမယ်။ အထက်တန်းကျောင်းက လွန်လာတဲ့ ကျောင်းသားများကိုသာ Verb နှစ်ခုစလုံး အမှန်ထည့်ခိုင်းတဲ့ လေ့ကျင့်ခန်း လုပ်ခိုင်းကြပါတယ်။ ဒီလိုအခါမှာတော့ စကားစပ် အခြေအနေကို နားလည်ပြီး ဖြစ်နိုင်သလား၊ မဖြစ်နိုင်ဘူးလား စဉ်းစားကာ ရုပ်ပုံစံ လုပ်ပေးတတ်ရလိမ့်မယ်။ ၀ါကျနှစ်ခုပေးထားပြီး အဆက်ခိုင်းလျှင်တော့ ပထမဘယ်ဝါကျကို Adv လုပ်မလည်းကြည့်၊ Adv ဆိုလျှင် ရှေ့က If တပ်ပေးလိုက်၊ နောက်က Condition လည်းကြည့်၊ Verb ရဲ့ ရုပ်ပုံစံ မှန်အောင် လုပ်ပေးလိုက်ရုံပါပဲ။ ဥပမာ .....
You will come tomorrow. I will give you a book.
ဖတ်ကြည့်လိုက်လျှင် ပထ၀ါကျဟာ Adv ဖြစ်နိုင်တယ်လို့ သိသာတယ်။ နက်ဖြန် မင်းလာလျှင်လို့ ပြောချင်တာ ဖြစ်မှာပေါ့။ ရှေ့ဆုံးက If ထည့်ပေးလိုက်၊ ပြီးတော့ will come ကို will ဖြုတ်ပြီး come ပဲ လုပ်ပေးလိုက်။ Present tense လုပ်ရမှာကိုး။ နောက်ဝါကျ ပြောင်းဖို့ မလိုပါ။ သတိထားရမှာကတော့ ပထမ၀ါကျကို အမြဲ You will come လို့ ချည်း ပုံသေးပေးမှာ မဟုတ်ဘူး။ You can come, You must come, You come, come စသည်ဖြင့် အမျိုးမျိုး လှည့်ရေးပြီး ပေးမှာပဲ။ ဘယ်လိုပဲ ပေးပေး ကိုယ်က Present tense လုပ်ပေးရမယ်လို့ သိထားရမယ်.။
I am not you.
I will marry her. ( သို့မဟုတ် ) I can't marry her.
ငါဟာ မင်းမဟုတ်ဘူး၊ ငါဟာ မင်းဖြစ်ဖို့ မတတ်နိုင်ဘူး။
ဒါဟာ Condition.2 လို့ သိရမယ်။ ဒီတော့ am not ကို were လို့ လုပ်ပေး၊ နောက်ကလည်း would လုပ်ပေး။
If i were you, i would marry her.
နောက်တစ်ခု .........
I did not run. i did not catch the train.
သူမပြေးလို့ ရထားမမှီဘူးဆိုတော့ ပြေးတယ်ဆိုတာ မဖြစ်နိုင်ဘူး။ did not လို့ Past tense နဲ့ ပေးထားပြန်တယ်။ ဒီတော့ Condition.3 ပဲလို့ သိရမယ်။
If i had run, i would have caught the train.
ဒီမျှလောက်ဆိုလျှင် အထက်တန်းကျောင်း အဆင့်အတွက် လုံလောက်ပါပြီ။ မှတ်စရာများကတော့ ....
1. Condition.1 မှာ Main Clause မှာ will မဟုတ်ပဲ Simple present သုံးနိုင်ပါတယ်။ နိယာမတွေမှာ တွေ့ရတယ်။ If you boil water, it becomes steam. ရေကို ကျိုချက်လျှင် အခိုးအငွေ့ ဖြစ်သွားမယ်။
2. Condition.2 မှာ If he ware လို့ ဆိုနေမယ့်အစား Were he စသည်ဖြင့် If ဖြုတ်ပြီး ပြင်ဆိုနိုင်သေးတယ်။
3. Condition.3 မှာလည်း If he had gone လို့ ပြောနေမယ့်အစား Had he gone စသည်ဖြင့် If ကို ဖြုတ်ပြီး ပြောနိုင်တယ်။
4. If you meet her ကို Should you meet her လို့ ပြောနိုင်တယ်။
5. If you work hard, you will succeed ဆိုတာကို work hard and you will succeed လို့ ပြင်ပြောနိုင်သေးတယ်။

Posted by ကိုတူး(မိတ္ထီလာ GTI)

No comments:

Post a Comment