Tuesday, September 20, 2011

Apple iPad ကို ယှဉ်ပြိုင်မည့် Sony Tablet နှစ်မျိုး စတင်ရောင်းချတော့မည်

ဂျပန် နည်းပညာ လုပ်ငန်းကြီး Sonyက Apple၏ iPad နှင့် ယှဉ်ပြိုင်ရန် Tablet ကွန်ပျူတာ အမျိုးအစားသစ်တစ်ခုကို ထုတ်လုပ်လိုက်ပြီဖြစ်သည်။ ခေါက်သိမ်းထားနိုင်သည့် (၅.၅)လက်မအရွယ် Touch Screen နှစ်ခုပါရှိသော Sony Tablet P သည် Apple၏ဈေးကွက်လွှမ်းမိုးမှုကို တန်ပြန်ချေဖျက်နိုင်မည့် ထုတ်ကုန်အဖြစ် Sonyက မျှော်လင့်နေသည်။ Sonyသည် သမားရိုးကျ Touchsreen တစ်ခုသာ ပါသော Tablet S ကိုလည်း ထုတ်လုပ်ခဲ့သေးသည်။
(ခေါက်သိမ်းထားနိုင်သည့် Sony Tablet P)
ပေါင်စတာလင် (၄၇၉) ဈေးနှုန်းသတ်မှတ်ထားသော Tablet P သည် သိုလှောင်မှုစွမ်းရည် 16 GB ပါရှိသလို Wi-Fi၊ 3G ကွန်ရက်များနှင့် ချိတ်ဆက်နိုင်မည် ဖြစ်သည်။ အသွင်သဏ္ဍန်နှင့် ဖွဲ့စည်းပုံက Tablet P သည် iPad နှင့် ဈေးကွက်အတွင်းရှိ အခြားသော Tablet ကွန်ပျူတာများထက် သယ်ယူရန် ပိုမိုလွယ်ကူကြောင်းလည်း သိရသည်။ အခြား Tablet ကွန်ပျူတာများကဲ့သို့ပင် Tablet P သည် အင်တာနက်မှ သီချင်းများ၊ ဗီဒီယိုများ Download ပြုလုပ်နိုင်သလို ဗီဒီယိုဖုန်းခေါ်ဆိုမှုအတွက် ရှေ့ဘက်နှင့်နောက်ဘက် ကင်မရာနှစ်လုံး ပါဝင်သည်။
(Sony Tablet P အား အသုံးပြုစဉ် မြင်တွေ့ရပုံ)
၎င်းသည် ဈေးနှုန်းအားဖြင့်လည်း iPad 2 ၏ 3G နှင့် Wi-Fi နှစ်မျိုးပါ Version ထက် ပေါင်စတာလင် (၂၀)မျှ သက်သာနေသည်။ ခရစ္စမတ်ကာလအတွင်း ဈေးကွက်ထဲတွင် Tablet ကွန်ပျူတာများသည် Hot အဖြစ်ဆုံး ရောင်းကုန်များဖြစ်လာရန် ရှိနေရာ Tablet P သည် Apple ကအသစ်ထုတ်မည့် iPad 3 နှင့် အဓိက ယှဉ်ပြိုင်ရဖွယ်ရှိနေသည်။ Sony၏ Tablet S သည် (၉.၄)လက်မအရွယ် Touch Screen ကို အသုံးပြုထားကာ Wi-Fi နှင့် 3G ကွန်ရက် နှစ်မျိုးပါ Version အတွက် ပေါင်စတာလင် (၄၉၉)ကျသင့်မည်ဟု သိရသည်။
(Sony က ထုတ်လုပ်လိုက်သည့် Tablet S)
ယင်းသည် Sony ထုတ်ကုန်များအတွက် အဝေးထိန်း ရီမုအဖြစ်ပါ အသုံးပြုနိုင်မည်ဟုဆိုသည်။ Sony၏ အသစ်ထုတ် Tablet နှစ်မျိုးလုံးတွင် Google၏ Android OS အမျိုးအစား Honeycomb ကိုပင် အသုံးပြုထားကာ Processorအတွက် Nvidia ၏ Tegra ကိုသာ တပ်ဆင်ထားသည်။ Tablet S ကို စက်တင်ဘာလနှင့် Tablet P ကို နိုဝင်ဘာလများတွင် စတင်ရောင်းချသွားရန် Sonyက ကြေညာထားကြောင်းလည်း သိရှိရသည်။
(Sony Tablet P နှင့် Apple iPad တို့ကို နှိုင်းယှဉ်ထားစဉ်)
SONY TABLET S
Android 3.1 Honeycomb
9.4-inch screen
1280 x 800 resolution
512MB RAM
16GB memory
NVIDIA Tegra 2 processor
Front and rear cameras
WiFi and 3G compatible

SONY TABLET P
Android 3.2 Honeycomb
Two 5.5-inch screens
Two 1024 x 480 pixel displays
RAM unknown
16GB memory
NVIDIA Tegra 2 processor
Posted by မောင်စူးစမ်း(MTLA GTI)

No comments:

Post a Comment