Wednesday, September 21, 2011

ဆရာကြီး ဦးသာနိုးရဲ့ ဆောင်းပါး(၃၂)

ဝါကျတစ်ခုမှာ Subject, Verb, Object, Complement ရယ်လို့ အစိတ်အပိုင်းများ ပါဝင်ဖွဲ့စည်းထားလေ့ရှိပုံကို ဆွေးနွေးခဲ့ပြီ။ အပိုင်းနှစ်ပိုင်းပါတဲ့ ၀ါကျဆိုရင်တော့ Subject နဲ့  Verb ပဲပေါ
Iron rusts.
သံဟာ သံချေးတက်တတ်တယ်။
The storm passed.
မုန်တိုင်း လွန်သွားပြီ။
ဝါကျမှာ အပိုင်းသုံးပိုင်းပါရင်တော့ Subject နဲ့ Verb အပြင် Object ဒါမှမဟုတ် Complement ပါ ပါနေတာ ဖြစ်လိမ့်မယ်။
1. Cows eat grass.
......S......V....O
....နွားများမြက်စားတယ်။
2. I know the woman.
...S...V.............O
....ငါ အမျိုးသမီးကို သိတယ်။
3. She is a singer.
......S...V......C
...သူက အဆိုတော်ဖြစ်တယ်။
4. He became a millionaire.
.....S......V..............C
... သူ သန်းကြွယ်သူဌေး ဖြစ်သွားတယ်။
ဝါကျ (3) မှာ a singer ဟာ Complement ဖြစ်တယ်။ ကတ္တားဖြစ်တဲ့ She ကိုပဲ ဖြည့်စွက်ပြောတာဖြစ်လို့မို့ Subject Complement လို့ ခေါ်ပါတယ်။ အလားတူ ၀ါကျ (4) မှာလည်း a millionaire ဟာ He ကိုပဲ ဖြည့်စွက်ပြောတာ ဖြစ်တဲ့အတွက် Subject Complement ခေါ်ပါတယ်။ ဒီမှာ singer ရော millionaire ပါ နာမ်တွေ ဖြစ်ကြပါတယ်။ သူတို့ကို Subject နေရာမှာ ထားပြီး ပြောနိုင်ပါတယ်။ ဥပမာ......

The singer is tired.
.........S............V
အဆိုတော် မောနေပြီ.။
The millionaire is coming.
............S.................V
သူဌေးကြီး လာနေပြီ။
အောက်ပါ ၀ါကျများကို ကြည့်ပါဦး...။
She is beautiful.
She became rich.
This seems correct.
ဒီဝါကျများမှာလည်း beautiful, rich, correct တို့ဟာ ကတ္တားကို ဖြည့်စွက်တဲ့ Subject Complement တွေပဲ ဖြစ်ကြပါတယ်။ ဒါပေမယ့် အထက်ပါ ၀ါကျများက SC များလို Noun တွေ မဟုတ်ကြပါဘူး။ Noun တွေကို ၀ိသေသနပြုကြတဲ့ Adjectives - နာမ၀ိသေသနများသာ ဖြစ်ကြပါတယ်။ သူတို့ကို သဒ္ဒါဆရာများကတော့ ကြိယာလို သုံးထားတဲ့ နာမ၀ိသေသနများ ( Adjectives used predicatively ဒါမှမဟုတ် Predicative Adjectives ) လို့ ခေါ်ကြပါတယ်။
မှတ်ချက်။............။ မြန်မာစကားမှာတော့ Subject Complement ဖြစ်နေတဲ့ Adj ရယ်လို့ မရှိပါဘူး။ ကြိယာလိုပဲ ဆို၇တယ်။ ( သူလှတယ် ) ဆိုရာမှာ ( သူ ) က ကတ္တား၊ ( လှတယ် ) က ကြိယာပဲ ဖြစ်ပါတယ်။ ( သူချမ်းသာတယ် ) ဆိုရာမှာလည်း ( သူ ) က ကတ္တား၊ ( ချမ်းသာတယ် ) က ကြိယာပါပဲ။ ( မိန်းမလှ ) ဆိုမှ ( မိန်းမ ) က နာမ်၊ ( လှ ) က နာမ၀ိသေသန၊ ( လူချမ်းသာ ) ဆိုမှ ( လူ ) က နာမ်၊ ( ချမ်းသာ ) က နာမ၀ိသေသနလို့ သတ်မှတ်ရပါတယ်။
Complement လိုတဲ့ ကြိယာတွေကတော့ အဓိကအားဖြင့် ဖြစ်တယ်လို့ အဓိပ္ပယ်ထွက်တဲ့ Be ( is, are, was, were )၊ ဖြစ်လာတယ်လို့ အဓိပ္ပာယ်ရတဲ့ become, grow, make, turn, get, remain, stand, ၊ ပုံပေါ်တယ်လို့ အဓိပ္ပာယ်ရတဲ့ seem ၊ ခံစားအသိဖြစ်တာကို ဖော်ပြတဲ့ feel, taste, smell စတာတို့ ဖြစ်တယ်။
He grew taller. ( taller- Complement )
သူ အရပ်ရှည်လာတယ်။
It is getting dark. ( dark - Complement )
မှောင်လာနေတယ်။
Ma Ni made a good teacher. ( a good teacher- Complement )
မနီ ဆ၇ာမကောင်းတစ်ယောက် ဖြစ်လာတယ်။
U Ba remained a poor man. ( a poor man - Complement )
ဦးဘ မွဲတေလျှက်ပါပဲ။
The gangster has turned informer. ( informer- Complement )
လူဆိုးဂိုဏ်းဝင်က သတင်းပေးသူဖြစ်သွားပြီ။
The dog stood guard over the hut. ( guard- Complement )
ခွေးက တဲလေးကို အစောင့်ဖြစ်နေတယ်။
Sugar tastes sweet. ( sweet- Complement )
သကြားဟာ ချိုတယ်။
A rose smells sweet. ( sweet - Complement )
နှင်းဆီဟာ မွှေးတယ်.။
တစ်ခါတစ်လေ noun SC and adj SC ဟာ အဓိပ္ပာယ်တူနေတာကို တွေ့ရတယ်။
The film was a success. ( N - Complement )
The film was successful. ( Adj- Complement )
ရုပ်ရှင်ဇာတ်ကား အောင်မြင်နေတယ်။
Indirect Object
အောက်ပါ ၀ါကျများကို လေ့လာကြည့်ပါ။
(a) Ma Ni made a good teacher.
.....Ma Ni became a good teacher.
.....နှစ်ခုစလုံး ( မနီ ဆ၇ာမကောင်း ဖြစ်လာတယ် ) ပါပဲ။ a good teacher ဟာ Subject Complement ပေါ့ ။
(b) Ma Ni made a blouse.
.....မနီ အင်္ကျီတစ်ထည် ချုပ်တယ်။
.....( Ma Ni က Subject, made က Verb, a blouse က Direct Object ဖြစ်ပါတယ်။ )
(c) Ma Ni gave Putu a blouse.
.....မနီ ပူတူးကို အင်္ကျီတစ်ထည်ပေးတယ်။
....( Ma Ni က Subject, gave က Verb, a blouse က Direct Object, Putu က ဘာလဲ )
....Ma Ni made Putu a blouse.
....မနီ ပူတူးကို အင်္ကျီတစ်ထည် ချုပ်ပေးတယ်။
....( Ma Ni က Subject, made က Verb, a blouse က Direct Object, Putu က ဘာလဲ )
(b)- ၀ါကျနဲ့ (c)- ၀ါကျများဟာ နီးစပ်ပါတယ်။ တကယ်တော့ (b)- ၀ါကျမှာ ( ပူတူး ) ပေါင်းထည့်လိုက်ရင် (c)- ၀ါကျ ဖြစ်သွားတာပါပဲ။ ဒါပေမယ့် ( ပူတူး ) ဟာ Direct Object တော့ မဟုတ်ပါဘူး။ သူ့ကို တိုက်ရိုက် ပေးတာ၊ ချုပ်တာ မဟုတ်ပါဘူး။ အင်္ကျီကမှ တစ်ကယ်အပေးခံရတာပါ။ အချုပ်လုပ်ခံရတာပါ။ ပူတူးဟာ ပေးတာ၊ ချုပ်တာနဲ့ ပါတ်သက်ပါတယ်။ ပေးခြင်းအကျိုးကျေးဇူးကို ခံစားရတယ်လို့တော့ ဆိုရမယ်။ သူ့လို အစိတ်အပိုင်းမျိုးကို Indirect Object လို့ ခေါ်ပါတယ်။ IO ဟာ V နဲ့ DO ကြားမှာ လာလေ့၇ှိကြတယ်။ သူ့ကိုတွေ့ရတဲ့ V များကတော့ give, send ( စေလွှတ် ၊ ပို့ပေး )၊ bring ( ယူလာ ၊ ခေါ်လာ )၊ make ( လုပ်ပေး )၊ present ( လက်ဆောင်ပေး )၊ buy ( ၀ယ်ပေး )၊ teach ( သင်ပေး ) တို့လို ကြိယာမျိုး ဖြစ်တယ်။ များသောအားဖြင့် IO ဟာ သက်ရှိသတ္တ၀ါကိုညွှန်းတဲ့ နာမ်များ၊ နာမ်စားများပဲ ဖြစ်ပါတယ်။ လူမှ၊ တိရစ္ဆာန်မှ ပေးလို့ပို့လို့ ရတာဖြစ်ပါတယ်။ 
Posted by ကိုတူး(မိတ္ထီလာ GTI)

No comments:

Post a Comment