Wednesday, September 21, 2011

ကမ္ဘာ့လုံခြုံရေးကို ခြိမ်းခြောက်နေသော အာတိတ်ရေခဲပြင် အရည်ပျော်မှု

၉/၁၁ တိုက်ခိုက်မှု(၁၀)နှစ်ပြည့်တွင် ကမ္ဘာ့လုံခြုံရေးနှင့် ပတ်သက်သော သုတေသနစာတမ်းနှင့် ဆောင်းပါးများ ရေးသားဖေါ်ပြခဲ့ကြသော်လည်း လက်ရှိကမ္ဘာ့လုံခြုံရေးကို အဓိကခြိမ်းခြောက်လာနေသော ရာသီဥတုပြောင်းလဲမှုကို မျက်ကွယ်ပြုခဲ့ကြသည်။
စက်တင်ဘာတိုက်ခိုက်မှု နှစ်ပတ်လယ်နေ့မတိုင်မီ တစ်ရက်အလိုတွင် ဂျာမန်သိပ္ပံပညာရှင်တစ်ဦးမှ အာတိတ်ဒေသတွင် ရေခဲတည်ရှိမှုသည် အနိမ့်ဆုံးအဆင့်သို့ သမိုင်းတင်ရောက်ရှိခဲ့ကြောင်း ရာသီဥတုပြောင်းလဲမှုနှင့် ပတ်သက်၍ သတိပေးပြောကြားခဲ့သည်။
ကမ္ဘာကြီး၏မြောက်ပိုင်းရေခဲပြင်သည် တဖြည်းဖြည်းခြင်း လျော့ကျနေသည်။ ဤကဲ့သို့ လျော့ကျနေရခြင်း၏ အဓိကအကြောင်းအရင်းမှာ ကမ္ဘာ့မြောက်ဝင်ရိုးစွန်းတွင် သစ်တောများပြုန်းတီးမှုသည် အဓိကအရင်းခံဖြစ်ကြောင်း၊ ကမ္ဘာ့ရာသီဥတုမှာလည်း ခန့်မှန်း၍မရနိုင်သော နည်းလမ်းဖြင့် ပြောင်းလဲနေကြောင်း ပြောကြားခဲ့သည်။ စက်တင်္ဘာ(၈)ရက်နေ့တွင် ဂျာမနီနိုင်ငံ (Bremen) တက္ကသိုလ်တွင် သုတေသနပညာရှင်များမှ (၂၀၀၇)နှစ်သည် အာတိတ်ဒေသတွင် ရေခဲအရည်ပျော်မှု အများဆုံးဖြစ်ကြောင်း၊ ၂၀၁၁ ရေခဲအရည်ပျော်မှုမှာ ဒုတိယစံချိန်တင် ဒုတိယအနေအထားတွင် ရှိနေကြောင်းထောက်ပြခဲ့သည်။
(၂၀၀၇) နှစ် စံချိန်တင်ထားမှုသည် မကြာမီကျိုးပျက်တော့မှာဖြစ်ကြောင်း အမေရိကန်ကိုလိုရာဒိုရှိ အမျိုးသားဆီးနှင်းနှင့်ရေခဲသုတေသနဌာန သိပ္ပံပညာရှင် ( Mark Serreze) မှပြောဆိုခဲ့သည်။ “ ဒီနှစ်ရဲ့ထူးခြားမှုကတော့ ထူးခြားတဲ့ရာသီဥတု အခြေအနေမရှိခဲ့ဘူး။ နွေရာသီရာသီဥတု အခြေအနေကလည်း ပုံမှန်အခြေအနေမှာ ရေခဲအရည်ပျော်မှုက (၂၀၀၇) ခုနှစ် အဆင့်ထိ ရောက်နေတယ်၊ အာတိတ်ရေခဲပြင်သည် ပါးလွာနေသည့် အတွက် ပုံမှန်ရာသီဥတု အခြေအနေမှာတင် ဆက်လက် အရည်ပျော်နေဦးမှာ ဖြစ်ပါတယ်” ဟု ပြောဆိုခဲ့သည်။
၂၀၀၇ ခုနှစ်မှ စတင်ကာ အာတိတ်ရေခဲ့ပြင် အရည်ပျော်မှုကြောင့် ကမ္ဘာ့အနောက်မြောက်နှင့် မြောက်ပင်လယ် ရေလမ်းကြောင်းမှာ တနေ့တခြား ကျယ်ပြန့်လျက်ရှိနေသည်။ မကြာသေးမီက ရေနံတင် သင်္ဘောတစ်စီးသည် အမေရိကန်၊ ဟူစတန်မြို့မှ အာတိတ်သမုဒ္ဒရာကှို ဖြတ်သန်းခုတ်မောင်းရာ ထိုင်းနိုင်ငံ မေတာဖုရေနက်ဆိပ်ကမ်းသို့ (၈) ရက်ခရီးဖြင့် ရောက်ရှိခဲ့သည်။ ယခင်က သင်္ဘောများ သွားလာ၍ မရသောအာတိတ်သမုဒ္ဒရာသည် ယခုအခါ ရာသီဥတုပြောင်းလဲမှုကြောင့် သင်္ဘောများပင် သွားလာ နေကြပြီဖြစ်သည်။
၁၉၇၉ ခုနှစ်မှ မွေးသောခလေးသည်၊ နှစ် (၅၀) မပြည့်မီ အာတိတ်ဒေသတွင် နွေရာသီ၌ ရေခဲလုံးဝမရှိ သည်ကို တွေ့ရမည်ဟူ၏။  ဤပြောင်းလဲမှုဖြစ်စဉ်သည် ကမ္ဘာ့ပြောင်းလဲမှု ဖြစ်စဉ်တွင် အလွန် မြန်ဆန်ခြင်းဖြစ်သည်။ ကမ္ဘာကြီး ပူနွေးလာရခြင်း၏ အကျိုးဆက်အဖြစ် အာတိတ်ဒေသ၏ အနေအထားသည် အဖြူရောင်မှ နက်ပြာရောင်အဖြစ် ပြောင်းလဲသွားမည်ဖြစ်ပြီး  သမုဒ္ဒရာရေပြင်သည် နေ၏အပူချိန်ကို (၂၄) နာရီ စုပ်ယူရမည်ဖြစ်သည်။ အဖြူရောင်မှ အနက်ရောင်အဖြစ် ပြောင်းလဲသွားပါက ကမ္ဘာ့ရေပြင်၊ မြေပြင်၌ တစ်စတုရန်းမီတာပတ်လည်တွင် အပူစွမ်းအင် (၀.၃) ၀ပ် ထပ်တိုးလာမည်ဖြစ်ကြောင်း” နော်ဝေနိုင်ငံ ၀င်ရိုးစွန်း သုတေသနဌာနမှ ဟတ်ဒဆင်က တွက်ချက်ပြခဲ့သည်။ သူ၏ တွက်ချက်မှုများသည် အာတိတ်ဒေသ၌ ရေခဲလုံးဝမရှိတော့သည့် အခြေအနေကို အခြေခံထားခြင်းဖြစ်သည်။
ဤအပူချိန်သည် ကမ္ဘာမြေပြင်အနေအထားနှင့် ညီမျှသည့် စတုရန်းမီတာ သန်းပေါင်း (၅၁၀) အကျယ်အ၀န်းကို စွမ်းအင်ပေးနိုင်စွမ်းရှိသည့် အနေအထားဖြစ်သည်။ ကမ္ဘာ့အပူချိန်သည်လည်း (၀.၂၅) စင်တီဂရိတ် မြင့်တက်လာမည်ဖြစ်ကြောင်း မက်နီဆိုတားပြည်နယ် စိန့်သောမစ်တက္ကသိုလ်မှ ဂျွန်အေဗရာဟန်မှ ပြောဆိုခဲ့သည်။ အပူချိန်သည် အာတိတ်ဒေသတွင် ပထမဆုံး ဖြစ်ပေါ်ပြီး၊ အာတိတ်ဒေသ၏အပူချိန်မှာ လွန်ခဲ့သောနှစ် (၃၀-၄၀) က ရှိခဲ့သောအပူချိန်ထက် (၃-၅) စင်တီဂရိတ်ထက် ပိုမိုမြင့်မားနေသည်။ ယခုဆောင်းရာသီတွင် အာတိတ်ဒေသ၏ အပူချိန်မှာ (၂၁) စင်တီဂရိတ် အထက်တွင် ရှိနေမည်ဖြစ်သည်။
ကမ္ဘာကြီးပူနွေးလာမှုသည် ကမ္ဘာတဝှမ်းရှိ လူသားအားလုံးကို ထိခိုက်စေမည် ဖြစ်သည်။ (Global Governance Project) မှ ဖေါ်ပြချက်အရ သက္ကရာဇ် (၂၀၅၀) အရောက်တွင် ရာသီဥတု ပြောင်းလဲမှုကြောင့် ကမ္ဘာတဝှမ်း၌ ဒုက္ခသည်ဦးရေ သန်း (၂၀၀) ရှိမည်ဖြစ်သည်။
ကမ္ဘာ့ရာသီဥတု ပြောင်းလဲမှုသည် ကမ္ဘာ့အနာဂတ်ကို စိန်ခေါ်နေသော်လည်း အမေရိကန်အပါအ၀င် ဖွံ့ဖြိုးပြီးနိုင်ငံများမှ စိတ်ပါဝင်စားခြင်းမရှိဘဲ အကြမ်းဖက်မှုတိုက်ဖျက်ရေးအတွက် ဒေါ်လာထရီလီယံနှင့် ချီကာ သုံးစွဲခဲ့ကြသည်။ အီရတ်နှင့်အာဖဂန်တွင် စစ်ရေးအတွက်သုံးခဲ့သော ငွေကြေးသည် လေ၊ နေရောင်ခြည်၊ ရေလှိုင်းနှင့်မြေအောက် အပူလောင်စာတို့မှ လျှပ်စစ်စွမ်းအင်ထုတ်ယူသုံးစွဲပါက အမေရိကန်နိုင်ငံ အနေဖြင့် (၁၀၀) ရာခိုင်နှုန်းအထိ ရရှိနိုင်မည်ဖြစ်ကြောင်း ကယ်လီဖိုးနီးယား အခြေစိုက် ကာဗွန် သုတေသနဌာနမှ ရစ်ရှစ်ဟမ်းဘတ်မှ ထောက်ပြခဲ့သည်။
Source: IPS/ Record Arctic Ice Melt Threatens Global Security
Posted by မောင်စူးစမ်း(MTLA GTI)

No comments:

Post a Comment