Friday, September 16, 2011

ဆရာကြီး ဦးသာနိုးရဲ့ ဆောင်းပါး(၃၀)

နာမ်၊ ကြိယာ၊ နာမ၀ိသေသန စတာလေးတွေကို တစ်လုံးချင်းနဲ့ ပါတ်သက်လို့ ပြောင်းလဲပုံ၊ သုံးနှုန်းပုံ အတော်ကလေးဘက်စုံအောင် လေ့လာပြီးတဲ့နောက် သူတို့ ပေါင်းစပ်ပြီး ၀ါကျဖြစ်သွားပုံကို လေ့လာကြရအောင်။ ၀ါကျဆိုတာ အရိုးအစင်းဆုံး ( Birds fly လို၊ Fish swim လို ) ၀ါကျမျိုးကလွဲလို့ အစုထဲမှာ ထပ်ပြီး အစုကလေးတွေနဲ့ ဆောက်လုပ်ထားတာ ဖြစ်တယ်.။ အဲဒီအစုကလေးတစ်ခုထဲက စကားလုံးတွေဟာ ၀ါကျထဲက တခြားစကားလုံးတွေထက် သူတို့အချင်းချင်းမှ ပိုပြီး ပူးပူးကပ်ကပ် ညီညီညွတ်ညွတ် ရှိနေနိုင်ကြာတာကို တွေ့ကြရတယ်။ အောက်ပါဝါကျတွေကို လေ့လာကြည့်ပါ
The midday meal went on for a long time.
နေ့လယ်စာဟာ အခ်ျိန်အများကြီး ကြာသွားတယ်။
ဒီဝါကျထဲမှာ The midday meal ဆိုတဲ့ အစုထဲမှာ စကားလုံးသုံးလုံး ( The, midday, meal ) ဟာ အချင်းချင်း ပူးပူးကပ်ကပ်ဖြစ်နေတယ်။ တခြား စကားလုံးများဖြစ်တဲ့ went တို့ on တို့ for တို့နဲ့ သက်ဆိုင်ပေမယ့် သူတို့ချင်း ပူးကပ်သလောက် မနီးစပ်ဘူး။ အလားတူပဲ went ဟာ on နဲ့ ပူးကပ်နေတယ်။ for တို့ a တို့နဲ့ သက်ဆိုင်ပေမယ့် ပူးမိစရာ အကြောင်းမရှိဘူး။ for တို့၊ a တို့၊ long တို့၊ time တို့ဟာလည်း သူတို့လေးလုံး အချင်းချင်း ပူးမိသလောက် အခြားစကားလုံးတွေနဲ့ ပူးကပ်စရာမလိုဘူး။ ဒီအစုလေးတွေဟာ အလုပ်တစ်ခုကို ကိုယ်စီကိုယ်ငှ လုပ်နေကြတာမို့ တစ်ခုနေရာမှာ စကားလုံးတစ်လုံးနဲ့ အစားထိုးလို့ ရလေ့ရှိတယ်။ The midday meal ဆိုတဲ့ တစ်ခုအစား lunch စကားလုံးနဲ့၊ went on ဆိုတဲ့ အစုအစား lasted နဲ့ ၊ for a long time ဆိုတဲ့ အစုအစား hours နဲ့ အစားထိုးနိုင်ပါတယ်။ ဒီတော့ ခုနက ၀ါကဟာ Lunch lasted hours. လို့ ဖြစ်သွားမယ်။ ခုနက အစုသုံးစု၊ အခု စကားလုံးသုံးလုံး၊ တစ်စုဟာ စကားလုံးတစ်လုံးနဲ့ တန်းတူရည်တူဖြစ်မှန်း ထင်ရှားသိသာစေတယ်။
You need shoes that will keep out water.
ဒီဝါကျမှာ that will keep out water. ဆိုတဲ့ စကားလုံး အစုအဝေးအစား waterproof လို့ တစ်လုံးတည်း ပြောနိုင်တယ်။
There was no tree to be seen for miles.
ဒီဝါကျဟာလည်း to be seen ဆိုတဲ့ စကားလုံးတစ်စုအစား visible လို့ စကားလုံးတစ်လုံးတည်းနဲ့ သုံးနိုင်ပါတယ်။
အဲလို အချင်းချင်း ခွဲခွာမရ ပူးတွဲနေကြတဲ့ စကားလုံးတွေရဲ့ အစုအဝေးတစ်ပြုံလုံးကို စကားလုံးတစ်လုံးနဲ့ များသောအားဖြင့် အစားထိုးလို့ရတဲ့ အစုအဝေးကို စကားလုံးစု၊ ပုဒ်စု၊ ပဒစယ စသဖြင့် မြန်မာလိုခေါ်ကြတယ်။ အင်္ဂလိပ်လိုမှာ group, phrase, cluster, expression စသဖြင့် ခေါ်ကြတယ်။
စောစောက ဆိုခဲ့တဲ့အတိုင်း ၀ါကျဆိုတာ စကားလုံးအစုတွေနဲ့ စုစည်းဖွဲ့ထားတာ ဖြစ်တယ်။ ခပ်ရှည်ရှည်ဝါကျတစ်ခုမှာ အစုတစ်ချို့ဟာ အခြားအစုထက် တွဲမိတာကို တွေ့ကြရတယ်။ နှစ်စုသုံးစုပေါင်းပြီး အလုပ်တစ်ခုလုပ်နေတယ်။ စကားလုံးတစ်လုံးနဲ့ အစားထိုးနိုင်ပါတယ်။

He was writing the story of his life.
သူ သူ့ဘ၀ဇာတ်လမ်း ရေးနေတယ်။
ဒီဝါကျကို He ရယ်၊ was writing ရယ်၊ the story ရယ် of his life အစုရယ် ပိုင်းပစ်နိုင်တယ်.။ ဒီအထဲမှာ the story အစုနဲ့ of his life အစုနှစ်စုက was writing အစုထက် ပိုပြီးတွဲမိတာကို တွေ့ကြရတယ်။ ဒီနှစ်စုရဲ့နေရာမှာ autobiography လို့ စကားလုံးတစ်လုံးတည်းနဲ့ အစားထိုးနိုင်ပါတယ်။ was writing အစုကို wrote နဲ့ အစားထိုးလိုက်မယ်.။ အဲဒီတော့ ခုနက ၀ါကျဟာ...
He wrote autobiography.
နောက်တစ်ကြောင်းကြည့်ပါဦး....
Few people are able to use both hands equally well.
လူအချို့က လက်နှစ်ဖက်လုံးကို အညီမျှ ကောင်းမွန်စွာ အသုံးပြုနိုင်ကြတယ်။
( လူတိုင်း လက်နှစ်ဖက်လုံးကို တန်းတူအသုံးမပြုနိုင်ဘူး )
ဒီဝါကျမှာ Few နဲ့ people ဟာ တစ်တွဲဖြစ်သလို၊ နောက်က အတွဲလေးတွေ ပါတယ်။ Few people ကို Few တစ်လုံးတည်းနဲ့ အစားထိုးလို့ ရနိုင်တယ်။ are ကို ထိုးဖို့မလိုပါဘူး။ ကျန်တာတွေ စုပုံ၊ အစုချင်းပေါင်းစပ်ပုံကို လေ့လာကြည့်ရအောင်..
able to use both hands equally well = ambidextrous
ဒီလို အစုတွေ အစုတွေနဲ့ ဖွဲ့စည်းထားတဲ့ ၀ါကျကို အဓိက အပိုင်းနှစ်ပိုင်း ခွဲလို့ ရတယ်။ တစ်ပိုင်းက
( Subject )၊ တစ်ပိုင်းက ( Verb ) ၊ ကတ္တားဟာ တစ်လုံးတည်း ဖြစ်ချင်လည်း ဖြစ်မယ်။ အစုတွေဖြစ်ချင်လည်း ဖြစ်မယ်။ အလားတူ ကြိယာဟာလည်း စကားလုံးတစ်လုံးတည်း ဖြစ်ချင်ဖြစ်မယ်။ အစုတွေ ဖြစ်ချင်လဲဖြစ်မယ်။
မှတ်ချက်.။.........။ ကြိယာကို ၀ါကျမှာ ကတ္တားနဲ့ တွဲတဲ့အခါ predicate လို့လဲ ခေါ်ကြသေးတယ်.။ မြန်မာလို ၀ါစကလို့ ထွင်ထားကြတယ်။ တစ်ချို့က Verbal တဲ့ ။ ကျနော်တို့ကတော့ ကျောင်းသားကို အခေါ်အဝေါ် ၀န်မပိစေချင်လို့ ကြယာ ( Verb ) ပဲ ခေါ်ပါတော့မယ်။
အပိုင်းနှစ်ပိုင်းပါတဲ့ ၀ါကျတွေကို အောက်မှာ နမူနာပေးလိုက်ပါတယ်။ အများစုဟာ သတင်းစာခေါင်းစဉ်များဖြစ်ကြပါတယ်။
Snow............................................fell
Shop............................................collapsed
Department store ........................collapses
Heavy falls of snow......................have been reported
Oil prices......................................rise
Yugoslav mountaineer.................is missing
42nd Cannes Film Festival...........opens
ဒီနမူနာတွေကို ကြည့်လျှင် ပထမ နှစ်ဝါကျကဖြင့် စကားလုံးတစ်လုံးစီနဲ့ ဖွဲ့ထားကြတာဖြစ်ကြောင်း တွေ့ရမယ်။ ကတ္တား Snow နဲ့ ကြိယာ fell ၊ ကတ္တား Shop နဲ့ ကြိယာ collapsed၊ နောက်ဝါကျမှာတော့ ကတ္တားက Department store ( ကုန်တိုက် ) ရယ်လို့ စကားလုံးနှစ်လုံးပါတဲ့အစု ဖြစ်နေတယ်။ နောက်တစ်ဝါကျ ကျပြန်တော့ Heavy falls of snow ရယ်လို့ ကတ္တားမှာ စကားလုံးလေးလုံးပါပြီး ကြိုယာမှာ have been reported ရယ်လို့ စကားလုံးသုံးလုံးပါတဲ့ အစု ဖြစ်နေတယ်။ နောက်တစ်ခါ Oil prices rise မှာ ကတ္တားက Oil prices ရယ်လို့ စကားလုံးနှစ်လုံးပါ အစု၊ ကြိယာက စကားလုံးတစ်လုံးတည်း။ နောက်တစ်ဝါကျ ကတ္တားက Yugoslav mountaineer ရယ်လို့ စကားလုံးနှစ်လုံးနဲ့အစု၊ ကြိယာက is missing အလားတူ စကားလုံးနှစ်လုံးပါတဲ့အစု။ နောက်ဆုံးဝါကျမှာတော့ ကတ္တားက 42nd Cannes Film Festival စကားလုံးလေးလုံးနဲ့ ပုဒ်စု၊ ကြိယာကတော့ opens စကားလုံးတစ်လုံးတည်း.။
မှတ်ချက်။..................။ သတင်းစာခေါင်းစဉ်များမှာ အတိုချုပ်ပြီးရေးလေ့ရှိတဲ့အတွက် အထက် ဥပမာထဲက have been reported ဆိုလျှင် reported ၊ is missing ဆိုလျှင် missing မျှသာ ဖော်ပြလေ့ရှိကြပါတယ်။ 
Posted by ကိုတူး(မိတ္ထီလာ GTI)


No comments:

Post a Comment