ပြည်ထောင်စုဆိုတဲ့အတိုင်းကျွန်တော်တို့နိုင်ငံမှာလူမျိုးစုပေါင်းများစွာယှဉ်တွဲနေထိုင်နေကြတယ်။မူရင်းပေါက်ဖွား ရာ ကွဲ ချင် ကွဲလွဲနိုင်ပေမဲ့ အတူတကွနေလာတာကြာတော့ အားလုံဟာ တကယ့်သွေးရင်းသားရင်းတွေ ဖြစ်နေကြပါပြီ၊ ဒီတော့ အားလုံးကိုကျွန်တော်တို့ကသွေးရင်းသားရင်းတိုင်းရင်းသားညီနောင်းများလို့ခေါ်ဝေါ်သုံစွဲကြတယ်။အဲဒီထဲမှာအချိုကတော့ လူမျိုးစုကြီးအဖြင့်ကြွားကြွားဝင့်ဝင့်အခိျု့ကတော့လူမျိုးစုကလေးတွေအဖြစ်နဲ့သိမ်သိမ်ငယ်ငယ်၊အချို့ကလည်းသမိုင်းအစဉ် လာကြီးမားစွာနဲ့အချို့ကတော့သမိုင်းမှာမထင်မရှား။ဒီလိုနဲ့အတွေအခေါ်မတူ၊ ဓလေ့ထုံးစံကွဲသူတွေထုံးစံအတိုင်းအငြင်း ပွားကြ ရန်ဖြစ်ကြအာဃာဓထားကြရန်ညှိုးတွေပွားကြနဲ့ စစ်တွေတိုက်လူတွေသတ်ဖြစ်လာခဲ့ကြတာသမိုင်းတစ်လျှောက် နှစ်တွေထောင် ချီ ခဲ့ကြ ပါပြီ။
ဒီလိုရုန်းရင်းကန်ရင်း တခါက အမေ့အပျောက်ထားခံခဲ့ရဖူးတဲ့ လူမျိုးစုလေးတွေထဲက အချို့ကိုတောင် အခု အခြေ ခံဥပဒေမှာကိုယ်ပိုင်အုပ်ချုပ်ခွင့်ရနယ်မြေတွေအဖြစ် ထည့်သွင်းစဉ်းစားလာရတဲ့အထိ ဖြစ်လာတယ်။ ဒါပေမဲ့ လက်ရှိ ကျွန်တော် တို့နေထိုင်နေကြပုံကဗမာအများစုကလည်း ရှမ်းရွာထဲမှာဝင်နေထိုင်ကြသလို ရှမ်းအများစုကလည်း ပအိုဝ့်၊ပလောင် ရွာတွေ မှာနေကြတယ်။ မွန်တွေအများကြီးက ကရင်ရွာတွေထဲမှာနေနေသလို ချင်းတွေအများကြီးက ဗမာနယ်လို့ပြောရမဲ့ ဝက်ထီး ကန်လို နေရာမျိုးမှာတွေနေရပြန်ရော၊ တခါကချင်တွေရဲ့ ဗန်းမောမြို့မှာ ရှမ်းတွေအများကြီးနေကြပြန်တယ်။ ဒီတော့ ငါ့ အမိ ဆိုတဲ့အစွဲမာနတွေ မြင့်နေသမျှ ပြဿနာတွေက ဆက်ရှိနေမြဲ ယမ်းငွေ့တွေက လွှမ်းမိုးနေဆဲ ....
ဒါပေမဲ့ အဲဒီလောကရဲ့အမှိုက် ဇာတိပုညဂုဏ်မာနတွေကင်းရှင်းပြီး လောကကြီးကိုအကောင်းမြင်တဲ့စိတ်နဲ့ ရှင် သန်နေ တဲ့ လူမျိုးစုလေးတစ်စု ကျွန်တော်တို့ နိုင်ငံမှာရှိပါတယ်။ သူတို့ဟာ မြန်မာ့သမိုင်းတစ်လျှောက် ဘယ်တုန်းကမှ မှတ် တမ်း အ တင်မခံခဲ့ရခြင်းကိုလည်း အားမငယ်ခဲ့ကြဘူး၊ သူတို့ရဲ့စားကျက်တွေထဲတပါးသူတွေဝင်ရောက်လာပြီးလာရောက် ရှာဖွေ စား တာကိုလည်းခွင့်လွတ်စိတ်နဲ့ကြိုဆိုတယ်၊ သဘာဝတရားကိုဆန့်ကျင်ပြီးမကြီးပွားချင်သလို၊ သဘာဝတရားကိုကိုယ် ပိုင် လုပ် သူတွေလည်းဆန့်ကျင်တယ်၊ ဘောင်ခက်ထားခြင်းကိုရှာင်ကွင်းခြင်းနဲ့ဆန့်ကျင်ပြီး၊ ထိတ်တိုက်ရင်ဆိုင်နည်းကိုသမိုင်း စဉ် တစ်လျှောက်ရှာင်ရှားခဲ့သူများဖြစ်ကြတယ်။
သူတို့ကတော့ ပင်လယ်ပြင်ကြီးထဲမှာ လှေတစင်းတက်တစ်လက်ရှိရင် အသက်ရှင်နိုင်ပြီဆိုတဲ့ မြိတ်ကျွန်းစုက ဆလုံ လို့အများသိတဲ့ မော်ကင်းတွေပါဘဲ ....
မော်ကင်း (သို့) ဆလုံတို့၏မူလအစ
ဆလုံတွေက သူတို့ကိုယ်သူတို့ မော်ကင်း (Maw-Ken) လို့ခေါ်ဝေါ်သုံးစွဲကြပါတယ်။ ဘာအဓိပ္ပါယ်လည်းလို့မေးရင် ''ရေပေါ်နေတဲ့လူ'' လို့ လွယ်လွယ်ပြန်ဖြေတတ်ကြပေမဲ့ အဓိပ္ပါယ်ကအတော်နက်ရှိုင်းလွန်းလှပါတယ်။ L'maw ဆိုတာက နစ်မြုတ်တာကိုခေါ်ပြီး O'ken ဆိုတာ ရေငံ ကိုဆိုလိုတာပါ။ ဒီတော့ ဆက်လိုက်ရင် ''ရေငံမှာနစ်မြုတ်ခြင်း'' လို့ အဓိပ္ပါယ်ဖေါ် ရမှာပါ။ ကမ္ဘာပေါ်မှာ ဘယ်လူမျိုးမှ ဒီလိုခေါ်ဝေါ်သုံးစွဲမှာမဟုတ်ပါဘူး၊ ဒါဆိုဘာလို့ သူတို့ကိုယ်သူတို့ ဒီလိုခေါ်ရသလဲ ....
ဒီဒေသကို လွမ်းမိုးတဲ့ ဗမာတွေ မွန်တွေက သူတို့ကို ''ဆလုံ''လို့ခေါ်ကြတယ် ဘာလို့ဒီလိုခေါ်သလဲ ဘယ်သူမှ မသိပါ။ ဗမာတွေကို ''နောင်'' လို့ ဆလုံတွေကခေါ်ပြီး မလေးကို ''ဘာတိတ်'' လို့ခေါ်ပါတယ်၊ ထိုင်းတွေကိုတော့ ''ဆင်း''တဲ့။
ဗမာကို ''နောင်''လို့ ဘာကြောင့်ခေါ်မှန်းမသိပေမဲ့ မလေးကို ''ဘာတိတ်''ခေါ်သံကြားတော့ ကျွန်တော်တို့ ပါတိတ် ထမီ လို့ခေါ်တာကိုသတိရမိပါတယ်။ ''ဆင်း'' လို့ထိုင်းကိုခေါ်တာကြတော့ အရင် Siam နိုင်ငံတော်ကို ရည်းညွှန်း တယ် လို့ ခန့်မှန်းလို့ရပါတယ်။ (ကျွန်တော်တို့ အောက်ပြည်သားတွေက ထိုင်းတွေကို သျှမ်းလို့ခေါ်ဝေါ်ကြပါတယ်)။ ထိုင်းတွေက ဆလုံတွေကို Chao Ley ''ချောင်လေး''း) (ပင်လယ်သူ-ပင်လယ်သား) လို့ခေါ်ကြပါတယ်၊ ကျွန်တော်တို့ ဆလုံ လို့ ခေါ်ကြတာတာ ဒီကနေဆင်သက်လာတာလားမသိ ....
ဆလုံတွေကို ပထမဦးဆုံးစိတ်ဝင်တစားနဲ့ သုတေသနပြုသူတွေက ခရစ်ယာန်သာသနာပြုတွေပါ။ သူ တို့ ဟာရေငံ မှာနစ်မြုတ်ခြင်း ဆိုတဲ့ အဓိပ္ပါယ်ကို အထူးစိတ်ဝင်စားကြပါတယ်၊ ဘာလို့လည်း ဆိုတော့ ဟိုး နောင်ခတ် က ကြွင်းရစ်တဲ့ လူတွေများလားဆိုပြီးတော့ပေါ့။ ဒါပေမဲ့ နောက်ပိုင်းမှာ ဆလုံတွေဟာ Austronesian အုပ်စုဝင်တွေ ဆိုတာသိလာကြပါတယ်။ မလေး-အင်ဒို-ဖိလိစ်ပင်းနဲ့ ပေါ်လီနီးရှန်းတွေဟာ ဆလုံတွေနဲ့ အမျိုးအနွယ်တူတွေ ပါ။ တ ခါက မြန်မာသမိုင်းပညာ ရှင် တစ်ယောက်တင်သွင်းတဲ့ စာတမ်းတစ်စောင်မှာ ဟိုးသထုံခေတ်က သုဝဏ္ဏဘူမိကို ပင်လယ်က ဘီလူးကြီးတွေ လာတိုက်လို့ အာသောကမင်းကြီး စေလှတ်သာသနာပြုတဲ့ အရှင်သုဏ္ဏနဲ့ အရှင်ဥတ္တ့ရ တို့၂ပါးဟာ ရတနသုတ်နဲ့ အာဋာဏာဋိယသုတ်ကို ရွတ်ဖတ်ပြီး မောင်းထုတ်ခဲ့ရတယ်ဆိုတဲ့ ပုံပြင်ထဲက ပင်လယ်ထဲက ရေဘီလူးတွေဆိုတာ ဆလုံတွေကို ရည်ညှန်းဟန်ရှိတယ်လို့ သုံးသပ်ထားပါတယ်၊ ပြီးတော့ သူက ဘီးလူးကျွန်းဆိုတာ အရင်ကဆလုံတွေနေခဲ့တဲ့ ကျွန်း တစ် ကျွန်းဖြစ်နိုင်တယ်လို့တောင် ဆွဲရေးသွားပါသေးတယ်၊ ဒါပေမဲ့ ဘာအထောက်အထားမှမရှိပါဘူး။ ဖြစ်နိုင်တာက ဟိုးအရင်က ဆလုံတွေဟာ တနင်္သာ ရီ ကမ်းမြှောင်နဲ့ ကရာကျွန်းဆွယ်ဆက်တို့မှာ နေထိုင်ခဲ့ရာက မြန်မာနဲ့ မလေးတွေကြောင့် ပင်လယ်ထဲ ဆင်းခဲ့ ရ သူတွေ ဖြစ်ဖို့များပါတယ်။
ဆက်ရန်
Credit to Mokenlay (Myanmar Cupid)
Posted by ဂျစ်တီး
No comments:
Post a Comment