Saturday, September 10, 2011

ဆရာကြီး ဦးသာနိုးရဲ့ ဆောင်းပါး(၂၉)

( ကတ္တား ) ဆိုတဲ့ ပါဠိဝေါဟာရက ( ပြုလုပ်သူ ) လို့ အဓိပ္ပာယ်ရတယ်။ ဒါကိုစွဲနေတဲ့ ကျောင်းသားဟာ အင်္ဂလိပ်သဒ္ဒါရဲ့ Passive Voice နဲ့ တွေ့ရတဲ့အခါ မျက်စိလည်သွားတတ်တယ်။ အဲဒီလို မဖြစ်ရလေအောင် Subject ဆိုတဲ့ ဝေါဟာရကို ရေရေလည်လည် နားလည်အပ်တယ်။ Subject ဆိုတာ ( ပြုလုပ်သူ ) လို့ အဓိပ္ပာယ်မရပါဘူး။ ကြိယာ ( ၀ါစက Predicate ) က ပြောပြနေသူလို့ နားလည်ရမယ်။ အောက်ပါဝါကျတွေမှာ He ဟာ Subject ချည်းပါပဲ။
He saw a thief. ( S-V-DO )
He shouted. ( S-V )
He was killed. ( S-V )
ပြုလုပ်သူကို အင်္ဂလိပ်သဒ္ဒါမှာ agent လို့ ခေါ်ပါတယ်။ Subject ဟာ agent ဖြစ်ချင်တဲ့အခါ ဖြစ်မယ်။
( ၀ါကျ ၁ နဲ့ ၂ ) ။ မဖြစ်ချင်လည်း မဖြစ်ပေဘူး။ ( ၀ါကျ ၃ ) ။ Passive Voice ၀ါကျမှာ Subject ဟာ အလုပ်ခံရသူဖြစ်တယ်။ ပြုလုပ်သူ agent ကို ဖော်ပြဖို့လိုတဲ့အခါ by ဆိုတဲ့ စကားလုံးလေးနဲ့တွဲပြီး ဖော်ပြလေ့ရှိတယ်။ ဥပမာ……..

He was killed by the thief.
ဒီဝါကျမှာ He ဟာ Subject ဖြစ်ပြီး agent က thief ဖြစ်တယ်။
Passive Voice ၀ါကျမှာ ပြုလုပ်သူ agent ကို မသိတဲ့အခါဖြစ်ဖြစ်၊ စကားထဲထည့်ပြောရလောက်အောင် အရေးမကြီးတဲ့အခါဖြစ်ဖြစ် ဖြုတ်ထားလေ့ရှိတယ်။ ဥပမာ….. အထက်က၀ါကျမှာ သူ့ကိုသတ်တာ သူခိုးလို့ သိတဲ့အတွက် ....
He was killed by the thief.
တကယ်လို့ သတ်တဲ့လူသတ်သမားဟာ ဘယ်သူဘယ်ဝါမှန်း မသိရသေးဘူးဆိုရင် agent ကို ထည့်မပြောနိုင်ပေဘူး။
He was killed last week.
အောက်ပါဝါကျများမှာ agent ကို ထည့်ပြောရလောက်အောင် အရေးမကြီးတဲ့အတွက် ( သိပင် သိစေတော့ ) ထည့်မပြောပဲချန်ထားတယ်။
A book is made of paper.
She was born in 1921.
The results will be announced soon.
ခုလို Passive Voice ကို သုံးလိုက်တဲ့အတွက် အရေးကြီးတဲ့ book, She, results တို့ကို Subject နေရာ ထားကာ အလေးပေးနိုင်တဲ့ အကျိုးအမြတ်ရရှိတယ်။ Active မှာ Object နှစ်ခု ပါခဲ့ရင် သူက ဆင်းကက်လာတဲ့ Passive ပုံစံနှစ်မျိုး ဖြစ်နိုင်တယ်။
They give the student a prize.
...S.....V............IO..........DO
A prize was given the student.
....S............V..................IO
The student was given a prize.
.........S...............V...........DO
အဲဒီ Passive ပုံစံနှစ်ခုမှာ ပထမပုံစံ S-V-IO ကပိုပြီး ယုတ္တိတန်သလို ရှိတယ်။ အပေးခံရတာ ဆုမဟုတ်လား ။ ကျောင်းသားမဟုတ်ဘူး။ ဒါပေမယ့် အင်္ဂလိပ်စကားမှာက Active ပုံစံက ပိုပြီးအသုံးများတယ်။ အဲ့ဒီထဲမှာ S-V-DO ပုံစံက အသုံးများဆုံးဖြစ်ပြီး S-V-IO ( DO မပါတဲ့ပုံစံ ) ဆိုတာက ရှားပါးဘိခြင်း။ ဒီတော့ Passive မှာလည်း S-V-DO ပုံစံပဲ တွင်ကျယ်လာတော့တယ်။ ဒါတင်မက Passive မှာ S-V-IO သုံးဦးတော့ IO ကို to စကားလုံးလေးနဲ့ သုံးမိသွားတတ်တယ်။
The prize was given to the student.
.........S.............V...................IO
IO ဟာ pronoun ဖြစ်နေလျှင်တော့ to သုံးတဲ့ပုံစံ အသုံးမများပြန်ပါဘူး။ Where did you get that book? လို့ မေးခဲ့ရင် အဖြေဟာ..
I was given it. ( S-V-DO )
It was given me. ( S-V-IO )
တစ်ခုမဟုတ်တစ်ခု အလွယ်တစ်ကူနဲ့ ထွက်လာပေလိမ့်မယ်.။ It was given to me. လို့ မရေးသလောက်ပါပဲ။
Noun + Verb + Noun ပုံစံတစ်ခုဟာ S-V-DO လား၊ S-V-SC လား ၊ တစ်ခုခု ဖြစ်ရပေလိမ့်မယ်။ ပုံမှန်ကတော့ V ကိုကြည့်လိုက်ရင် ဘယ်လိုပုံစံဖြစ်တယ်လို့ သိနိုင်ပါတယ်။ ဒါပေမယ့် တစ်ချို့နေရာတွေမှာ ပုံစံနှစ်ခုစလုံး အံဝင်ခွင်ကျဖြစ်နေတတ်တယ်။ အဲလိုအခါမျိုးမှာ အကောင်းဆုံးနည်းကတော့ Passive Voice ပြောင်းကြည့်တဲ့နည်းပါပဲ။ S-V-DO မှာသာ Passive ပြောင်းလို့ရပေလိမ့်မယ်။ S-V-SC ဆိုရင် ပြောင်းလို့မရပါဘူး။
Thita became a doctor. ( Passive မပြောင်းလဲနိုင်။ S-V-SC ပုံစံ )
Thita made an excellent model.
( S-V-DO လား ၊ S-V-SC လား ဝေခွဲမရနိုင်။ စကားစပ်အရသာ သိနိုင်မယ်။ )
သတင်းစာခေါင်းစဉ်များမှာ စကားလုံးတွေကို ဖြုတ်ထားလေ့ရှိတယ်ဆိုတဲ့ အကြောင်း အရင်ဆောင်းပါးများမှာ တင်ပြခဲ့ဖူးပါပြီ။ ခေါင်းစဉ်များမှာ ဖြုတ်လေ့အရှိဆုံး စကားလုံးတွေထဲမှာ တစ်မျိုးကတော့ Passive Voice မှာ ပါရမြဲ Be စကားလုံးလေးတွေ ( is, are, was, were စသည်) ပါပဲ။ ဒီတော့ Noun နဲ့ Past Participle နဲ့သာ ပါဝင်တဲ့ သတင်းစာခေါင်းစဉ်းများမှာ Passive Voice လို့ နားလည်ရမယ်။ is, are, was, were ပါသလို သဘောထားတတ်ရမယ်။ ဥပမာ..
New kaifu Cabinet Inaugurated. ( =was inaugurated )
French Reporter Ordered to Leave. ( =was ordered )
Seoul Peace Prize Committee Formed. ( =was formed )
မှတ်စရာ။..........။ သတင်းစာခေါင်းစဉ်မှာ Active Voice နဲ့ past tense ကို သုံးခဲပါတယ်။ အတိတ်ဖြစ်စေတော့ Present tense ကိုပဲ သုံးတတ်တယ်။ ဒါကြောင့် ed ထည့်ထားတဲ့ Verb ကို Passive လို့ပဲ နားလည်အပ်တယ်။
Hatlstone kills at last three people. ( killed လို့ မသုံဘူး )
Drug Abuse Institute Opens ( opened လို့ မသုံးဘူး။ )
Poland, Israel Restore Ties. ( restored လို့ မသုံးဘူး )
လေ့ကျင့်ခန်းမှာ Passive ၀ါကျတစ်ကြောင်းကို S,V စသည်ဖြင့် ခွဲခြားအပြခိုင်းရင် by နဲ့ တွဲရက်ရှိတဲ့ agent ကို Adverb အဖြစ် ပြပါလေ ..။ ယောင်မှားပြီး Subject လို့ မပြမိစေပါနဲ့.။ ဥပမာ...
The cat was killed by the dog.
.........S...........V................A
She is called Mi Mi by her parents.
.S..........V.......DO................ A
The pagoda was built by a queen.
..........S................V............. A
Active ကနေ Passive Voice ပြောင်းရင် They, We, One, Someone, Somebody စတဲ့ agent များကို by နဲ့ တွဲပြီး ဖော်ပြဖို့ မလိုတော့တာကိုလည်း သတိပြုပါ။
Posted by ကိုတူး(မိတ္ထီလာ GTI)

No comments:

Post a Comment