Friday, October 14, 2011

ဆရာကြီး ဦးသာနိုးရဲ့ ဆောင်းပါး(၃၆ )

အခုထိ တင်ပြဆွေးနွေးခဲ့တဲ့အတိုင်း အင်္ဂလိပ်ဝါကျမှာ S, V, DO, SC တို့ အနေအထားကို နေရာမမှားရအောင် အစဉ်သတိထားပြီး သုံးတတ်ဖို့ အရေးကြီးတယ်။ အင်္ဂလိပ်စကားဟာ Pronoun အချို့ကလွဲရင် ၀ိဘတ်သွယ်တယ်ဆိုတာ မရှိလေတော့ စကားလုံးကို နေရောအထားလွဲရင် အဓိပ္ပါယ်လွဲတော့တာပါပဲ။
The dog bit the man.
.........S....V.........DO
ခွေးက လူကို ကိုက်တယ်.။
The man bit the dog.
..........S....V.........DO
လူက ခွေးကို ကိုက်တယ်.။
ဒါပေမယ့် အင်္ဂလိပ်စကားမှာ S,V တို့ကို နေရာရှေ့နောက် ပြောင်းပေးရတာများလည်း ရှိပါတယ်။ အားလုံးသိကြတဲ့ဟာကတော့ When, Where, How, Why စတဲ့ စကားလုံးများနဲ့ စတင်တဲ့ အကျိုးအကြောင်းသိချင်လို့မေးတဲ့ မေးခွန်းများဖြစ်တယ်။ ဒီလို မေးခွန်းများမှာ SV အစီအစဉ်ဟာ VS အစီအစဉ် ဖြစ်သွားတယ်။
Where is Thura?
............V......S
သူရ ဘယ်မှာလည်း.။
Why are you late?
.........V....S.....SC
ဘာကြောင့် မင်းနောက်ကျတာလည်း။
Yes / No မေးခွန်းလို့ခေါ်တဲ့ ဟုတ်၊ မဟုတ် အတည်ပြုချက်ရရုံမေးတဲ့ မေးခွန်းမျိုးမှာတော့ S နဲ့ V ရှေ့နောက်ပြောင်းတာဟာ နည်းတစ်နည်းမျှဖြစ်တယ်။
Is he in?
V..S
သူအထဲမှာ ရှိလား။
Are you sure?
V......S
သေချာရဲ့လား။
နောက်တစ်နည်းက S,V အနေအထားကို မပြောင်းဘဲ စကားပြောရမှာ အသံကို မြှင့်လိုက်ရုံ၊ စာရေးရာမှာ မေးခွန်းအမှတ်ကလေး ထည့်ပေးလိုက်ရုံ လုပ်ပေးရတဲ့နည်းဖြစ်တယ်။
You did?
မင်းလုပ်တယ်၊ ဟုတ်လား။
She is here?
သူ ဒီမှာ၊ ဟုတ်လား။
နောက်တစ်နည်းကတော့ Question-tag လို့ခေါ်တဲ့ အဖျားဆွတ် မေးခွန်းတိုလေးကို သာမန်တင်ပြချက်အနေအထား (SV) နောက်မှာ ဖြည့်စွက်ပေးတဲ့ နည်းပါပဲ။
You did, did you?
မင်းလုပ်တယ်နော်။
She is here, isn't she?
သူ ဒီမှာ ရှိတယ်နော်။
Verb ဟာ နှစ်ပိုင်းသုံးပိုင်း စသဖြင့် ပါလာရင်တော့ S ဟာ ကြိယာထောက်လို့ခေါ်တဲ့ V အပိုင်းနဲ့ ကျန်အပိုင်းကြားမှာ နေရာယူတယ်။ ကြိယာထောက်ကို v အက္ခရာ အသေးနဲ့ပြပြီး ပင်မကြိယာကို V အက္ခရာအကြီးနဲ့ ပြပါတယ်။
................v.............S.................V
...............Are..........you.............coming?
How .......do............you.............do?
Where....does.........she.............live?
When......will..........the show.....begin?
မှတ်ချက်.။................။ ဒီဆောင်းပါးကို ဖတ်နေတဲ့ ကျောင်းသားဟာ You do ကို do you do ပြောင်းပေးရပုံ၊ She lives ကို does she live ပြောင်းပေးရပုံ စတဲ့ အခြေခံသဒ္ဒါလုပ်နည်းကလေးတွေကို သိကျွမ်းပြီးသာလို့ ယူဆထားပါတယ်။
အဓိပ္ပါယ် ထွေထွေထူးထူးမရှိတဲ့ Here/There တို့နဲ့ အလေးအနက် ဖော်ညွှန်းစရာ မပါရှိလှတဲ့ verb ပါတဲ့ ၀ါကျမျိုးမှာ VS အစီအစဉ်ဟာလည်း ကျောင်းသားတော်တော်များများ ရင်းနှီးသိကျွမ်းပြီး အသုံးအနှုန်းမျိုးပါပဲ။ ဒီလို သုံးလိုက်တဲ့အခါ အာရုံဟာ S အပေါ်မှာ စုပြုံေ၇ာက်သွားတယ်လို့ ဆိုရမယ်။ There ရဲ့ အဓိပ္ပါယ်ဟာ in that place - ဟိုမှာလို့ မဟုတ်တော့ဘူး။ အသံထွက်ကလဲ ( ဟိုမှာ ) အဓိပ္ပါယ်ထွက်တဲ့ there လို ပီပီသသ ရွတ်ဆိုရတာမဟုတ်ဘဲ tha လို့သာ ဖြစ်သွားတယ်ဆိုတာ သတိပြုပါ။
Here is the money.
.........V............S
Here are the books.
There are the boys.
There was no one there.
( ဒီနောက်ဆုံး ၀ါကျမှာ နောက်ဆုံးကနေတဲ့ there ကမှ ( ဟိုမှာ ) လို့ အဓိပ္ပါယ်ရတယ်။ ရှေ့က There က ဘာအဓိပ္ပါယ်မှ မရှိတဲ့ စကားမျှ ဖြစ်တယ် )
ဒီမျှအထိဟာ အလယ်တန်းအဆင့်လောက်ထိ အင်္ဂလိပ်စာ သင်ကြားဖူးတဲ့ ကျောင်းသားတိုင်း သိမယ့် အချင်းအရာတွေပဲ ဖြစ်တယ်။ ဒီနောက်မှာ S နဲ့ V ကို နေရာရှေ့နောက်ပြောင်းပေးတဲ့ အခြားအသုံးများရှိသေးတာကို တင်ပြလိုတယ်။ ကဗျာဆန်ဆန် စာပေဆန်ဆန် သုံးတဲ့အခါများမှာ တွေ့ရလေ့ရှိတဲ့ အရာတွေပဲ။ အထူးသဖြင့် အဓိပ္ပါယ် တစ်မျိုးတစ်မည် ဖြစ်သွားမယ့် အလေးအနက်ပေးချင်တဲ့ အခါများမှာ သုံးကြတယ်။ ဥပမာ ..
Came the dawn.
...V..............S
အာရုဏ် ကျင်းပေါ့။
ဒီလို အစီအစဉ်ပြောင်းလိုက်တဲ့အတွက် အာရုံဟာ V ဖြစ်တဲ့ came အပေါ်မှာ မရှိတော့ပဲ dawn အပေါ်မှာ ရောက်သွားတယ်။ dawn ကို အာရုံစိုက်သွားစေတယ်။ dawn ကို အလေးအနက်ပြုလိုတာဖြစ်တယ်။ ( မြန်မာလိုမှာလည်း “ ကျင်းပေါ့အာရုဏ် ” လို့ ပြောမယ်ဆိုရင် ပြောနိုင်တယ်။ )
Down came the rain.
..............V............S
ဒီမှာလည်း SV ပုံမှန်အနေအထား ပြောင်းပြန်သုံးထားတဲ့အပြင် down ဆိုတဲ့ particle ကို ရှေ့ဆုံးမှာ ထားလိုက်သေးတာကို တွေ့ကြရတယ်။ အဲ့သလို particle မျှမက Adverb တွေကိုပါ ရှေ့ဆုံးမှာထားပြီးသုံးတာ တော်တော်တွေ့ရတယ်။
Next followed a cartoon film.
...............V.........................V
အဲဒီနောက် ကာတွန်းကား။
Tomorrow will come my babies.
...........................V...............S
မနက်ဖြန်ရောက်လာတော့မယ့် ငါ့ကလေးတွေ။
Before us lay the great desert.
..................V.......................S
In front of us lay the great desert.
ငါတို့ရှေ့မှာ ကန္တာရကြီး။
Verb နောက်က SC ရှိခဲ့ရင် SC ကို ရှေ့ထုတ်ပြီး အစီအစဉ်ပြောင်းနိုင်တယ်။ SC ဟာ Adj ဖြစ်ခဲ့ရင်ပေါ့လေ။ SC ဟာ Noun ဆိုရင်တော့ လုပ်လေ့မရှိဘူး။ ဥပမာ ..
U Pwa's daughter became a pop singer.
....................S.............V.....................SC
ဦးပွသမီး အဆိုတော်ဖြစ်သွားတယ်။
ဒါကို လေးနက်အောင်ဟဲ့ဆိုပြီး SC ကို ရှေ့ထုတ်ပြီး ရေးမယ်ဆိုရင် .....
A pop singer became U Pwa's daughter. လို့ ဖြစ်သွားမယ်။ ဒီတော့ အဓိပ္ပါယ်က ပြောင်းသွားပြီ။ အဆိုတော်တစ်ဦးဟာ ဦးပွသမီးဖြစ်သွားတယ် လို့ နားလည်ရပေလိမ့်မယ်။
မူရင်းဆိုလိုချက် မဟုတ်တော့ဘူး။
SC ဟာ Adj ဆိုရင်တော့ SC ကို နောက်ကထားလျက်ပဲဖြစ်ဖြစ်၊ ရှေ့ကထားလျက်ပဲဖြစ်ဖြစ်၊ SV ကို VS ပြောင်းပစ်နိုင်တယ်။ ဥပမာ ..
Not often is he so upset.
...............V..S.........SC....... ( Subject - Complement )
သူ ဒီလောက် စိတ်ထိခိုက်လေ့မရှိပါဘူး။
Most remarkable were the dolphins.
....................SC........V................S
အထူးခြားဆုံးကတော့ လင်းပိုင်တွေပါပဲ။
မေးခွန်းမှာ SC ဟာ ရှေ့ကနေကာ၊ VS အနေအထားကို သုံးရပေမယ့် အာမေဍိတ်မှာတော့ SC ဟာ ရှေ့ကနေကာ၊ SV ပဲ ရှိရာကိုလည်း သတိပြုပါဦး။
How high is the mountain? ( မေးခွန်း )
.........SC...V..............S
တောင်က ဘယ်လောက်မြင့်သလည်း။
How high the mountain is! ( အာမေဍိတ် )
..........SC..............S........V.
တောင်က မြင်လှချေလား။ ( မြင့်ပါဘိ )
Posted by ကိုတူး(မိတ္ထီလာ GTI)

No comments:

Post a Comment