Wednesday, September 19, 2012

How to understand the differences between British and American English



Trousers or pants? Can you tell the difference?
ဘောင်းဘီချင်း အတူတူ Trousers နဲ့ pants ဘာကွာသလဲ သိပါသလား။
  • Man: Hey! Nice pants!
    အမျိုးသား - ဟိုလေ၊ ဘောင်းဘီက ကောင်းတယ်နော်။
    Woman: Excuse me?
    အမျိုးသမီး - ဘာပြောတာလဲ။
  • Man: I said nice pants.
    အမျိုးသား - ဘောင်းဘီက ကောင်းတယ်လို့ ပြောတာပါ
    Woman: You can’t see my pants, can you?
    အမျိုးသမီး - (အတွင်းခံ) ဘောင်းဘီကို မမြင်ရပါဘူး မဟုတ်လား။
  • Man: Of course I can.
    အမျိုးသား - မြင်ရတာပေါ့။
    Woman: How can you see my pants?
    အမျိုးသမီး - ဘယ်လိုလုပ်ပြီး (အတွင်းခံ) ဘောင်းဘီကို မြင်ရတာလဲ။
  • Man: They’re on your legs!
    အမျိုးသား - ခင်ဗျား ၀တ်ထားတာဘဲလေ။
    Woman: Ha. You haven’t been to America recently, have you?
    အမျိုးသမီး -
  • သြော်။ ဧကန္တ ရှင် အမေရိကားကပြန်လာတာ မကြာသေးဘူးနဲ့တူတယ်။ ဟုတ်လား။
  • Man: Oh I er …I ..er... actually just got back from LA! That’s “Los Angeles” by the way....
    အမျိုးသား - အင်း ကျွန်တော်ခုဘဲ LA က ပြန်လာတာ။ LAဆိုတာ လော့စ်အိန်ဂျယ်လိစ် လေ။
    Woman: I know.
    အမျိုးသမီး - သိပါတယ်။
  • Man: Yeah, I picked up some of the American words, and now I forget which ones to use! So confusing!
    အမျိုးသား - ဟုတ်တယ်၊ ကျွန်တော် အမေရိကန်စကားလုံးတစ်ချို့ တတ်လာတယ်၊ ပြီးတော့ အခု ဘယ်စကားလုံး သုံးရမယ်ဆိုတာ မမှတ်မိတော့ဘူး။ သိပ် ရှုပ်တာဘဲ။
    Woman: We call these“trousers” in Britain.
    အမျိုးသမီး - ဗြိတိန်မှာတော့ ဒီဘောင်းဘီရှည်ကို “trousers”လို့ ခေါ်တယ်။
  • Man: Of course we do...you know there are so many things …that’s it’s exactly a completely different language sometimes!
    အမျိုးသား - ဟုတ်တာပေါ့ ...မှတ်စရာတွေက သိပ်များတယ်လေ ... တစ်ခါတစ်ခါ စကားအသုံးအနှုန်းက လုံးဝကွာနေတော့လေ။
    Woman: Really?
    အမျိုးသမီး - ဟုတ်လား။
    Man: Yeah!
    အမျိုးသား - ဟုတ်တယ်။
  • Woman: Would you like a crisp?
    အမျိုးသမီး - crisp အာလူးအ ကြွပ်ကြော်စားမလား။
    Man: Crisps? In the States, they’re “chips”!
    အမျိုးသား - crisp တဲ့လား။ အမေရိကန်မှာတော့ “chips”လို့ ခေါ်တာဘဲ။
  • Woman: Oh. So if I want to order our chips in America, what do I ask for?
    အမျိုးသမီး - ဗြိတိန်မှာလည်း “chips” ရှိတယ်လေ၊ ဗြိတိန်က "chips" မျိုးကို အမေရိကားမှာ မှာချင်ရင် ဘယ်လိုမှာရမလဲ။
    Man: French fries!
    အမျိုးသား - အာလူးအချောင်းကြော် French fries လို့ ပြောရမှာ။
    Woman: I see.
    အမျိုးသမီး - သြော်။
  • Man: And you know what that is, don’t you?
    အမျိုးသား - ဒါကိုဘယ်လိုခေါ်လဲ သိတယ်မဟုတ်လား။
    Woman: A fizzy drink.
    အမျိုးသမီး - အမြှုပ်ထတဲ့ fizzy drink လို့ခေါ်တာပေါ့။
  • Man: That’s a “soda”!
    အမျိုးသား - “ဆိုဒါ” လို့ ခေါ်တယ်။
    Woman: Hmm…
    အမျိုးသမီး - အင်း။
  • Man: You know the lift over there?
    အမျိုးသား - ဟောဟိုမှာ lift ဓာတ်လှေကား မဟုတ်လား။
    Woman: Yeah?
    အမျိုးသမီး - အဲဒီတော့ ဘာဖြစ်လဲ။
  • Man: That’s an elevator.
    အမျိုးသား - elevator လို့ခေါ်ကြတယ်။
    Woman: Oh really?
    အမျိုးသမီး - သြော် ဟုတ်လား။
  • Man: You know in the States, you don’t go to watch a film...
    အမျိုးသား - အမေရိကန်မှာ ရုပ်ရှင်သွားကြည့်ရင် watch a film မဟုတ်ဘူး။
    Woman: You “watch a movie”!
    အမျိုးသမီး - “watch a movie”လို့ ပြောတာပေါ့။
  • Man: Exactly! And you don’t walk on the pavement…
    အမျိုးသား - ဟုတ်တယ်။ ပလက်ဖောင်းပေါ် လမ်းလျှောက်ရင် walk on the pavement မဟုတ်ဘူး။
    Woman: You walk on the "sidewalk"!
    အမျိုးသမီး - walk on the sidewalk ပေါ့။
  • Man: You got it!
    အမျိုးသား - ဟုတ်တာပေါ့။
    Woman: I’ve watched a lot of films...oops...movies!
    အမျိုးသမီး - ကျွန်မလည်း ရုပ်ရှင်တွေ အများကြီးကြည့်ထားတယ်လေ၊ movie တွေပေါ့။

 Posted by ကိုတူး(မိတ္ထီလာ GTI)

No comments:

Post a Comment