Tuesday, August 16, 2011

စမိတာ ကိုယ့်အမှား

တစ်နေ့ တစ်နေ့
ပို့စ် အသစ်တင်
ဟိုပြင်ဒီပြင်
လူဝင်လျှင်ပျှော်၊
တော်တော်နှင့် မအိပ်
ဒီစိတ်သာရှိ။

ဟိုလူဝင်ပါ
ဒီလူလာပါ
အကြံပေးပါ
ဆက်သွယ်ကြပါ
တစာစာအော်
ခေါ်နေငြားလည်း
နည်းနည်းမှ မလှုပ်
ကိုယ့်လူအုပ်ကြောင့်
စောင့်ရကျိုးမနပ်
လမ်းခုလပ်မှ
လှည့်ပြန်မလား
စဉ်းစားမိပြီ ။   ။

Posted by ငခဲ

2 comments:

ထွန်းမြင့်ဌေး said...

သူငယ်ချင်းရေ..............Blog တစ်ခု အောင်မြင်ဖို့ဆိုတာ အချိန်ယူရမယ်။ စာဖတ်သူတွေကို ကိုယ့် Blog က ဘာပေးနိုင်မလဲပေါ် မူတည်တယ်။ Eg....drlunswe blog ဆို နိုင်ငံရေး post တွေ ဖတ်လို့ရတယ်။ အစိုးရဘက်ကတောင် သတိထားရတဲ့ blog အဆင့် ရောက်နေပြီ။ burmeseclassic ဆို လူတော်တော်များများ ကြည့်နေတဲ့ Web Site တစ်ခုပေါ့။ dhammadownload ဆို ဆရာတော် တော်တော် များများတောင် အားကိုးနေရတဲ့ Web Site တစ်ခု ဖြစ်နေပြီ။ ဘယ်အပိုင်းကို တို့ ဦးစားပေး လုပ်မလဲဆိုတာ အရေးကြီးတယ်။

ငခဲ said...

Yes, friend. Agreed. Anyway, we'll continue it.

Post a Comment