Tuesday, August 16, 2011

အဖြူရောင်သံယောဇဉ်


အဖြူရောင်သံယောဇဉ်လေးတွေနဲ့ 
ငါတို့ နှစ်ယောက်           
သူငယ်ချင်းဘ၀လေးက
ကြည်းနူးစရာလေးတွေပါပဲ...။
တစ်ယောက်ကိုတစ်ယောက်
ဘယ်အချိန်ပဲဖြစ်ဖြစ်
အမြဲတန်းပွင့်လင်းခဲ့ကြတယ်။
မင်းနဲ့ ငါ ကြားမှာ
အကောင်းဆုံးသူငယ်ချင်းဆိုတဲ့
စည်းလေးတစ်ခုအလိုလိုနေရင်း
တားထားကြတယ်..........။
ငါဘက်ကလဲ မချိုးဖောက်သလို....
မင်းကလဲ ချိုးဖောက်မှာမဟုတ်ပါဘူး....
အမြဲတန်းပေါ့....။
ဘာဖြစ်လို့ လဲဆိုတော့.....
ငါတို့ နှစ်ယောက်ရဲ့ 
ရရှိပြီးသားခင်မင်မှုလေးကို
ပျောက်ပျယ်သွားမှာ
စိုးရိမ်မိတယ် သူငယ်ချင်းရယ်...။
Posted By ၀တီ

No comments:

Post a Comment