Monday, July 04, 2011

ကမ္ဘာ့အရှည်ဆုံး ပင်လယ်ဖြတ်တံတား တရုတ်ဖွင့်လှစ်

ကွင်ဒါယိုအနီးရှိ အရှည် (၄၂.၄)ကီလိုမီတာရှိသော တံတားကြီးသည် အရှေ့ပိုင်းရှိ ကမ်းခြေမြို့ ကွင်ဒါယိုကို ဂျီယိုဇူး ပင်လယ်ကွေ့အတွင်းရှိ ဟွမ်ဒါယိုနှင့် တိုက်ရိုက် ဆက်သွယ်ပေးထား
Posted on Jul 01 11 - 07:55 PM | Hits : 1639
ကမ္ဘာ့အရှည်ဆုံး ပင်လယ်ဖြတ်တံတား တရုတ်ဖွင့်လှစ်
တရုတ်နိုင်ငံသည် ကမ္ဘာ့အရှည်လျားဆုံး ပင်လယ်ဖြတ် တံတားကို စတင်ဖွင့်လှစ်လိုက်ပြီဖြစ်သည်။ ကွင်ဒါယိုအနီးရှိ အရှည် (၄၂.၄)ကီလိုမီတာရှိသော တံတားကြီးသည် အရှေ့ပိုင်းရှိ ကမ်းခြေမြို့ ကွင်ဒါယိုကို ဂျီယိုဇူး ပင်လယ်ကွေ့အတွင်းရှိ ဟွမ်ဒါယိုနှင့် တိုက်ရိုက် ဆက်သွယ်ပေးထားသည်။ အစိုးရ သတင်းဌာနများက ဇွန်လ (၂၆)ရက်နေ့က တံတား၏ ကြံ့ခိုင်မှုကို စမ်းသပ်စစ်ဆေးမှုများ အပြည့်အ၀ အောင်မြင်ပြီးမြောက်ခဲ့ပြီးနောက် ဇွန်လ (၃၀)ရက်နေ့တွင် ယာဉ်များ စတင်ဖြတ်သန်း သွားလာရန် ဖွင့်လှစ်ပေးခဲ့ကြောင်း ဖော်ပြခဲ့သည်။ ယခုတံတားကို အင်္ဂလိပ် ရေလက်ကြားတွင်သာ တပ်ဆင်တည်ဆောက်ခဲ့မည် ဆိုပါက လိုသည်ထက်ပင် ပိုရှည်နေဦးမည်ဖြစ်သည်။

longest bridge


အင်္ဂလိပ် ရေလက်ကြားသည် အကျဉ်းဆုံး နေရာတွင် (၃၂)ကီလိုမီတာသာ အကျယ်ရှိသည်။ အမေရိကန်နိုင်ငံ၊ လူဝီစီးယားနားရှိ လိတ်ခ်ပွန်ချတ်ထရိန်း ကော့စ်ဝေး တံတားသည် ယခင်က ကမ္ဘာ့အရှည်ဆုံး တံတားအဖြစ် စံချိန်တင်ထားခဲ့သော်လည်း ၎င်းထက် အရှည်(၄)ကီလိုမီတာ ပိုများသည့် တရုတ်နိုင်ငံ၏ တံတားက ကျော်ဖြတ်သွားမှုကို ခံခဲ့ရသည်။ တရုတ်သည် ကမ္ဘာ့အရှည်ဆုံး တံတားအတွက် ယွမ်ငွေ(၁၀)ဘီလျံ အကုန်အကျခံကာ (၄)နှစ်ကြာ တည်ဆောက်ခဲ့ခြင်းဖြစ်သည်။ အောက်ခြေတိုင်လုံး (၅၂၀၀)ဖြင့် ထောက်ကန်ထားသော တံတားပေါ်မှ တစ်နေ့လျင် ကားစင်းရေ (၃၀၀၀၀)ကျော် ဖြတ်သန်းသွားလာဖွယ် ရှိနေကြောင်း အာဏာပိုင်များက မျှော်လင့်ထားသည်။ ထိုတံတားကြောင့် ကွင်ဒါယိုနှင့် ဟွမ်ဒါယိုတို့ကြား သွားလာရာတွင် အချိန်နာရီဝက် လျော့နည်းသွားမည်ဖြစ်သည်။ တရုတ်သည် ရှည်လျားသော ပင်လယ်ဖြတ် တံတားများကို တည်ဆောက်လျက်ရှိရာ (၂၀၀၉)ခုနှစ်ကလည်း တရုတ်၏ စက်မှုဖွံ့ဖြိုးသော ဂွမ်ဒေါင်းဒေသမှ ဟောင်ကောင်နှင့် မကာအိုတို့သို့ တံတားတစ်စင်း သွယ်တန်းတည်ဆောက်မှု စတင်ခဲ့သည်။ အဆိုပါ တံတားမှာ (၃၅)ကီလိုမီတာ အရှည်ရှိမည်ဖြစ်ပြီး (၂၀၁၆)ခုနှစ်၌ အပြီးသတ်နိုင်ရန် မျှော်လင့်ထားကြောင်း သိရှိရသည်။

Source: BBC

 Posted  by ထွန်းမြင့်ဌေး

No comments:

Post a Comment