Monday, July 04, 2011

September လအတွင်း iPhone 5 ထွက်ရှိလာတော့မည်

Apple မှ အများမျှော်လင့်နေကြသော iPhone 5 အား ယခုလာမည့် September လတွင် ထုတ်လုပ်သွားရန် စီစဉ်ထားကြောင်းသိရပါတယ်။
ထို့ပြင် Apple မှ အမည်မဖော်လိုသော ပညာရှင်တစ်ဦးမှ သတင်းဌာနများသို့ ပြောကြားချက်တွင် ယခုထုတ်လုပ်သွားမည့် iPhone 5 တွင် မကြာသေးခင်ကာလအတွင်း ထုတ်လုပ်ထားသည့် A5 Processor၊ ယခင် iPhone 4 တွင် 5-megapixel ရှိသော Camera အစား 8- megapixel ရှိ Camera ကိုအသုံးပြုသွားမှာဖြစ်ကြောင်း သိရပါတယ်။
ထို့နောက် 0x158 မှထပ်မံပြီး Apple မှယခုအခါ iPad များတွင် အသုံးပြုထားသော Screen Resolution ထက်ပိုမိုသာလွန်ကောင်းမွန်သော Screen အရည်အသွေးကိုလည်း စမ်းသပ်နေကြကြောင်း ပြောကြားထားပါတယ်။
စစ်တမ်းကောက်ချက်များအရ Apple ၏ လူကြိုက်အများဆုံးနှင့် ဝင်ငွေအရဆုံး ထုတ်ကုန်မှာ iPhone များဖြစ်နေပြီး ယခုထည့်သွင်းထားသော Processor မှာ ဖုန်းအတွင်းရှိ Program များလျှင်မြန်စွာအလုပ်လုပ်ဆောင်နိုင်စေရန် စီမံထားကြောင်း သိရပါတယ်။
ယခုအချိန်တွင် Apple နှင့် Samsung တို့မှာ ဖုန်းဒီဇိုင်းများတူညီခြင်းကိစ္စ 0x081 များကြောင့် ပြဿနာများတက်လျှက်ရှိနေပြီး Android OS အသုံးပြု Samsung ၏ ဖုန်းများမှာလည်း Apple နှင့် တူညီသော နည်းပညာများကို အသုံးပြုထားကြောင်း သိရပါတယ်။
နောက်ဆုံးရသတင်းများအရ ယခုထုတ်လုပ်သွားမည့် iPhone 5 တွင် လွန်ခဲ့သော ရက်ပိုင်းအတွင်းမှ ကြော်ငြာခဲ့သည့် iOS 5 ကို အသုံးပြုသွားမည်ဖြစ်ပြီး ထူးခြားချက်မှာတော့ Apple ဟာ မဖွံ့ဖြိုးသေးသော နိုင်ငံများအတွက် ရည်ရွယ်ကာ ဈေးပေါသော iPhone များထုတ်လုပ်သွားမည်ဟု ကောလဟာလများထွက်ရှိနေကောင်းကို တင်ပြလိုက်ရပါတယ်။
 Posted By မောင်စူးစမ်း (MTLA GTI)

No comments:

Post a Comment