Friday, August 12, 2011

ဆရာကြီး ဦးသာနိုးရဲ့ ဆောင်းပါး(၂၂)

ရည်ရွယ်ချက်ကိုပြတဲ့ ပုဒ်စုဖြစ်တယ်။ ( ကျန်းမာအောင် လမ်းလျှောက်တယ် ) ဆိုတဲ့ ၀ါကျမှာ
( ကျန်းမာအောင် ) ဆိုတဲ့ ပုဒ်စုက ရည်ရွယ်ချက်ကို ပြတာပေါ့ ။ အင်္ဂလိပ်လိုမှာ စကားဆက် so that, in order that တို့ကို သုံးတယ်။ တခါတလေ that တစ်လုံးတည်းလည်း သုံးကြပါတယ်။ ဒီပုဒ်စုတည်းက ကြိယာကို may / might တို့နဲ့ တွဲသုံးမြဲ ဖြစ်တယ်။ Present မှာ may, Past မှာ might ပေါ့ ။ ရံဖနရံခါ် can/ could and should တို့လည်း တွေ့ရပါတယ်။
We play games so that we may grow strong.
သန်စွမ်းအောင် ကစားကြတယ်။
I saved up so that I might marry.
ငါ အိမ်ထောင်ပြုနိုင်အောင် ငွေစုတယ်။
မှတ်စရာ
Result မှာ သုံးတဲ့ so…that နဲ့ မရောထွေးစေပါနဲ့ ။ Result မှာက so ပြီးနောက် Adj / Adv ရာရတယ်။ အခု Purpose မှာက so that လို့ တန်းပြီး ပြောရတာဖြစ်တယ်။ စကားလုံးတူပေမယ့် အဓိပ္ပာယ်နဲ့ အသုံးအနှုန်းမတူတာကို ကွဲကွဲပြားပြား မှတ်သားပါ။ သေချာမမှတ်လျှင် လေ့ကျင့်ခန်းလုပ်ရာမှာ ရောထွေးကုန်တတ်တယ်။
ဝါကျနှစ်ခုပေးထားပြီး so that နဲ့ အဆက်ခိုင်းလျှင် ခုလို Adv of Purpose လုပ်ရမယ့် ၀ါကျမှာ want ဆိုတဲ့ စကားလုံးပါတတ်တယ်။
( အခြား အဓိပ္ပာယ်တူ စကားလုံးများလည်း ပေးနိုင်တာပါပဲ။ ကိုယ်က သိရမယ်။ )
I work hard. I want to score high marks.
ငါ စာကြိုးစားတယ်။ ငါ အမှတ်ကောင်းကောင်း လိုချင်တယ်။
လုပ်နည်းက အလွယ်လေးပါ။ want to နေရာမှာ may ထည့် ရေးလိုက်ရုံပါပဲ။
I work hard so that I may score high marks.
အလားတူ………
He went to Mandalay. He wanted to visit his relatives.
He went to Mandalay so that he might visit his relatives.
In order that ဟာ so that နဲ့ သုံးပုံသုံးနည်း အတူတူပါပဲ။
We go to school in order that we may study our lessons.
That ကိုလည်း ဒီလိုပဲ သုံးရတာပါပဲ။ so and in order ကို ဖြုတ်ပစ်ထားတယ်လို့ ဆိုရမှာပေါ့ ။
We eat. We want to live.
We eat that we may live.
Adv Clause တို့ ထုံးစံအတိုင်း အခု Purpose ကိုလည်း ၀ါကျနောက်က ထားထား။ ရှေ့က ထားထား ရပါတယ်။
In order that there may be no mistakes, I have written the words in block letters.
အလားတူ So that there may be ………, that there may be……… စသည်ဖြင့် ရေးနိုင်ပါတယ်။
ပုဒ်စုတစ်မျိုးကတစ်မျိုး ပြောင်းရေးလို့ ရတယ်ဆိုတာ သတိပြုပါ ။ Clause of Reason နဲ့ ရေးထားတဲ့ ၀ါကျကို Clause of Purpose နဲ့ ပြောင်းရေးနိုင်ပါတယ်။
I sold my cow because I wanted to buy a computer.
ကွန်ပျူတာ ၀ယ်ချင်လို့ ငါ နွားရောင်းတယ်။
I sold my cow so that I might buy a computer.
အပြန်အလှန်အားဖြင့်လည်း………
Thita went to England so that she might study English.
Thita went to England because she wanted to study English.
မှတ်စရာ
Reason Clause ပါပေမယ့် လိုအင်ဆန္ဒပြတဲ့ ကြိယာမပါလျှင်တော့  Purpose Clause ပြောင်းလို့မရပါဘူး။
As you are late, I will punish you.
မင်းနောက်ကျလို့ ငါဒဏ်ပေးမယ်။
Adv Clause of Concession
Concession ဆိုတာ ၀န်ခံချက်လို့ အဓိပ္ပာယ်ရပါတယ်။ ( သူကြိုးစားတယ်ဆိုတာ ၀န်ခံပါရဲ့၊ ဥာဏ်မကောင်းဘူး။ ) လို့ ပြောရမှာ ပထမပိုင်းဟာ ၀န်ခံချက်ပေါ့။ အဲဒီ ( ၀န်ခံပါရဲ့ ) ဆိုတဲ့ နေရာမှာ မြန်မာလို ( ပေမယ့် ၊ သော်လည်း ) ဆိုတဲ့ စကားလုံးနဲ့ အစားထိုးနိုင်ပါတယ်။ သူစာကြိုးစားပေမယ့် ဥာဏ်မကောင်းဘူုး။ အင်္ဂလိပ်လိုမှာ Although and though တို့ကို သုံးတယ်။
Although he works hard, he is not intelligent.
Although and though ဟာ အတူတူပါပဲ။ စကားသံလိုအပ်ချက်အရ အလျဉ်းသင့်သလို ကြိုက်ရာသုံးနိုင်ပါတယ်။
ဝါကျနှစ်ခုကို အဆက်ခိုင်းလျှင် ဘယ်ဝါကျက ၀န်ခံချက်လည်းလို့ ကြည့်ပါ။ အဲဒီဝါကျရှေ့မှာ although / though ထည့်လိုက်ရုံပါပဲ။ Adv Clause တို့ ထုံးစံအတိုင်း Concession ဟာ ၀ါကျရှေ့က နေနိုင်ပါတယ်။ နောက်ကလည်း နေနိုင်ပါတယ်။
He worked hard, he did not succeed. ( He worked hard ဟာ concession လို့ သိရမယ်။ )
Although he worked hard, he did not succeed.
He did not succeed although he worked hard.
အခုလို အဓိပ္ပာယ်ကို စဉ်းစားပြီးမှ although ထည့်တဲ့ အကျင့်ကို သေသေချာချာ လေ့ကျင့်ပါ။ ဘာမှန်းမသိ ညာမှန်းမသိ ၀ါကျရှေ့တန်းပြီး although ထည့်ချင်တဲ့ အကျင့်ကို ဖျောက်ပါ။
I have no money. I want to buy it.
Although I have no money, I want to buy it.
ပိုက်ဆံ မရှိပေမယ့် ထိုအရာကို ၀ယ်ချင်တယ်။ တဲ့ ( ပိုက်ဆံလည်း မရှိဘူးပြောတယ်.. ၀ယ်ချင်တယ်တဲ့။ )
I have no money although I want to buy it.
ထိုအရာကို ၀ယ်ချင်ပေမယ့် ငါ့ မှာ ပိုက်ဆံမရှိဘူး။ တဲ့ ( ဖြစ်နိုင်ပါတယ်။ )
But နဲ့ ဆက်ထားတဲ့ ၀ါကျများကို although နဲ့ ပြောင်းပြီး အရေးခိုင်းလျှင် အခု ဆွေးနွေးခဲ့တာကို သတိပြုပါ။
I like her but I don’t love her.
Although I like her, I don’t love her.
သူမကို သဘောကျပေမယ့် မချစ်ဘူး။
I will buy it. It is expensive.
I will buy it although it is expensive.
ဈေးကြီးပေမယ့် ထိုအရာကို ငါဝယ်မယ်။
ပေးထားတဲ့ ၀ါကျထဲမှာ adj / adv ပါလျှင် however နဲ့ တွဲပြီး ၀ါကျရှေ့က ထားရမယ်။ Concession အဓိပ္ပာယ်ထွက်သွားမယ်။
It was raining hard. I went to school.
However hard it was raining, I went to school.
မိုးဘယ်လောက်ပြင်းပြင်းရွာရွာ၊ ငါကျောင်းသွားခဲ့တယ်။
She is very beautiful but I don’t want to love her.
However beautiful she is, I don’t want to love her.
သူဘယ်လောက်လှလှ၊ ဘယ်လောက်ချောချော ငါမချစ်ချင်ပါဘူး။
ဝါကျထဲမှာ something, things ဒါမှမဟုတ် noun တစ်ခုခု ပါမယ်ဆိုလျှင် whatever ကို အစားထိုးသုံးပြီး Concession ပုဒ်စု လုပ်ယူနိုင်တယ်။
You may say things. I will not love her.
Whatever you may say, I will not love her.
မင်းဘာပြောပြော၊ ငါသူမကို ချစ်မယ် မဟုတ်ပါဘူး။
Whatever ကို noun နဲ့ တွဲပြီးတော့ လည်း သုံးနိုင်ပါတယ်။
He may read books but he will not understand them.
Whatever books he may read ( he reads လည်း ရပါတယ်။ ), he will not understand them.
သူ ဘာစာအုပ်ဖတ်ဖတ်၊ နားလည်မယ် မဟုတ်ပါဘူး။
Posted by ကိုတူး(မိတ္ထီလာ GTI)

No comments:

Post a Comment