Friday, August 12, 2011

မဖြေနိုင်မှန်း သိသော်လည်း

မင်း ငါ ဆုံခိုက် ၊ဘုရားလိုက်ဖို့
ငါတိုက်တွန်းငြား၊ မင်းပြောကြားခဲ့
မအားသေးဘူး နောက်မှကွယ်..........။
ဆိတ်ငြိမ်နေရာ ၊ အေးရိပ်သာဝယ်
အာနာပန ၊ ရသမျှကို
သွင်းပ ရှုရှိုက် ၊ အတူလိုက်ဖို့
ငါတိုက်တွန်းငြား ၊ မင်းပြောကြားခဲ့
မအားသေးဘူး ၊ နောက်မှကွယ်........။
ဟိုတနေ့က
မအားနေရင်း ၊ သူငယ်ချင်းဟာ
သေမင်းခေါ်ရာ ၊ မငြင်းသာပဲ
လိုက်ပါ ၊ သွားရရှာလေပြီ။ . . .
ကိုယ်ခေါ်စဉ်က ငြင်းလို့ရလည်း
ခုမှမငြင်း ၊ လိုက်သွားခြင်းကြောင့်
ရင်တွင်းစကား ၊ဆိုမိငြားသည်
အားသွားလို့လား သူငယ်ချင်း....................။
From Forward Mail.
Posted  by ထွန်းမြင့်ဌေး 

3 comments:

Anonymous said...

မင်းရဲ့ သူငယ်ချင်းက ဘယ်သူများလဲ...

Anonymous said...

မင်းဖြစ်ချင် ဖြစ်မှာပေါ့။

Anonymous said...

ငါမဖြစ်နိုင်တာတော့ သေချာတယ်ကွာ။ မင်းဖြစ်မှာပါကွာ။

Post a Comment