Tuesday, January 31, 2012

မျက်ကပ်မှန် ပထမဆုံး တပ်ဖူးသွားတဲ့ ဆင်ကလေး

         
 ဒီဆင်မကလေးကတော့ ဟော်လန်နိုင်ငံ အမ်စတာဒမ်မြို့က Artis ဆိုတဲ့ တိရိစ္ဆာန်ရုံက မြန်မာဆင်မကလေးဖြစ်ပါတယ်။  ခုအချိန်မှာတော့ ဒီဆင်မလေးဟာ အသက် ၄၄ နှစ်ရှိနေပြီ ဖြစ်ပြီးတော့ တရိစ္ဆာန်ရုံကိုလာတဲ့ ကလေးတွေရဲ့ အချစ်တော် ဆင်မလေးလည်း ဖြစ်ပါတယ်။  ဆင်မလေးရဲ့ နာမည်ကတော့ ၀င်းသီတာပါ။ 
          ဆင်မလေးဟာ အခြားသော တရိစ္ဆာန်ရုံထဲမှာရှိတဲ့ ဆင်တွေနဲ့ ကစားနေတုန်း သူ့ရဲ့ ဘယ်ဘက် မျက်ကြည်လွှာဟာ ဒဏ်ရာရသွားခဲ့ပါတယ်။  ဒါကြောင့်ပဲ တရိစ္ဆာန်ရုံက ဆရာဝန်တွေဟာ ဆင်မလေးရဲ့ မျက်လုံးကို မျက်ကပ်မှန် တပ်ဆင်ခြင်းအားဖြင့် ဆင်ကလေးရဲ့ မျက်ကြည်လွှာ ထိခိုက်မှု့ဒဏ်ကို ကာကွယ်ပေးခဲ့တာပါ။
          ဒီလို တပ်ဆင်တဲ့နေရာမှာတော့ အခက်အခဲအနည်းငယ်ရှိပါတယ်။  ဒါကတော့ ဆင်တွေဟာ အသက်ရှုထိခိုက်မှု့မရှိပဲ ကြာရှည်စွာ လဲလျှောင်းလို့မရပါဘူးတဲ့။  ဒါကြောင့် ဆင်မလေးကို ထုံဆေးပေးထားသည့်တိုင်အောင် မတ်တပ်ရပ်လျှက်အနေအထားမှာ ဆရာဝန်တွေက လှေကားနဲ့ တပ်ပြီး မျက်ကပ်မှန် တပ်ပေးခဲ့ရတယ်လို့ဆိုပါတယ်။ 

          
          ခုတော့ ဒီဆင်မကလေးဟာ ပျော်ရွှင်နေပြီလို့ဆိုပါတယ်။  နောက်ပြီးတော့ မျက်ကြည်လွှာမှာ ဖြစ်တဲ့ ဒဏ်ရာကလည်းမျက်ကပ်မှန်ကကာကွယ်ပေးထားလို့မကြာခင်မှာပြန်လည် ကောင်းမွန်သွားမယ်လို့ဆိုပါတယ်။




 Source: http://blog-aunghtut.blogspot.com/

အားရစရာတွေ ပါလားကွယ်တို့

ရန်ကုန်မြို့တော်အား စီးပွားရေးမြို့တော်အဖြစ် တည်ဆောက်ရန် မြေအောက်မီးရထားလမ်းများ ထည့်သွင်းဖောက်လုပ်သွားမည်ဖြစ်ကြောင်း သိရသည်။ ဇန်နဝါရီ ၂၆ ရက်က နေပြည်တော်၌ ကျင်းပသည့် ပထမအကြိမ်ပြည်သူ့လွှတ်တော် တတိယပုံမှန်အစည်းအဝေး၌ ရထားပို့ဆောင်ရေးဝန်ကြီးဌာနဝန်ကြီး ဦးအောင်မင်းက လွှတ်တော်ကိုယ်စားလှယ်တစ်ဦး၏ မေးမြန်းချက်ကို ယခုကဲ့သို့ ပြန်လည်ဖြေကြားခဲ့သည်။ “ရန်ကုန်မြို့ကို စီးပွားရေးမြို့တော်အဖြစ် ဖော်ဆောင်ဖို့အတွက် မြေပေါ်မြေအောက် မီးရထားလမ်းတွေထည့် သွင်းဖောက်လုပ်သွားမယ်။ ဒီစီမံကိန်းကို နိုင်ငံခြားပညာရှင်တွေ ရေးဆွဲနေပါတယ်” ဟု ရထားပို့ဆောင်ရေးဝန်ကြီးဌာန ဝန်ကြီး ဦးအောင်မင်းက ပြောသည်။ ရန်ကုန်မြို့တော်အား အဆင့်မြင့်မြို့တော်အဖြစ် တည်ဆောက်ရေးအတွက် ရန်ကုန်တိုင်းဒေသကြီးအစိုးရက အကောင်အထည်ဖော် ဆောင်ရွက်လျက်ရှိနေပြီး ယာဉ်သွားယာဉ်လာ ရှုပ်ထွေးသည့် နေရာများအတွက် မိုးပျံတံတားများ ဖောက်လုပ်နိုင်ရန်လည်း ပြင်ဆင်နေပြီဖြစ်ကြောင်း ၂၀၁၂ ခုနှစ် ဇန်နဝါရီ ၃၁ ရက်နေ့ထုတ် Flower News ဂျာနယ်တွင် ဖော်ပြထားပါသည်။
  
ခေတ်လူငယ်

Saturday, January 28, 2012

အစိုးရ ၀န်ထမ်းများ အရစ်ကျ စနစ်ဖြင့် ကားဝယ်နိုင်

အာမခံ စနစ် မလိုပဲ အရစ်ကျ စနစ်ဖြင့် အစိုးရ၀န်ထမ်းများအား ပြည်တွင်းထုတ် မော်တော် ယာဉ်များကို ရောင်းချပေးသွားမည် ဟု အားမာန်သစ် ကားထုတ်လုပ်ရေးမှ တာဝန်ရှိသူ က ဇန်န၀ါရီလ ၁၉ ရက်နေ့ တွင်ပြောသည်။ နိုင်ငံ့ ၀န်ထမ်းဖြစ်ကြောင်း သက်သေခံလက်မှတ် ရှိရမယ်။ ဘယ်ဌာန ဘယ်အဆင့်ဖြစ်ဖြစ်ရောင်းချပေးသွားမယ် ဟု ၄င်းကပြောသည်။ ရန်ကုန်၊ မန္တလေး နှစ်နေရာ၌ အရောင်းပြခန်း ဖွင့်လှစ်ကာ ရောင်းချပေးသွားမည်ဖြစ်ပြီး ၀ယ်ယူသူ အနေဖြင့် ယာဉ်တန်ဖိုး၏ တစ်ဝက်ကိုဦးစွာပေးချေရမည်ဟု သိရသည်။ ထိုသို့  ရောင်းချပေးမည့် ကားများမှာ ကုန်းလမ်းပို့ ဆောင်ရေး ညွှန်ကြားမှု ဦးစီးဌာန (ကညန) လိုင်စင် အပြီးအစီး ဖြစ်ကြောင်းသိရသည်။ အားမာန်သစ် ကားထုတ်လုပ်ရေးမှ Light Truck အမျိုးအစားတူ AMTOB အား ကျပ် ၁၂၃ သိန်း၊ MTO 16 အား ကျပ် ၉၈ သိန်း၊ MINI BUS အားကျပ်သိန်း ၅၀ ဖြင့် ဇန်န၀ါရီလ ၁၉ ရက်မှ ၂၂ ရက်နေ့ အထိ မင်းဓမ္မလမ်း MCC ခန်းမ ကားပြပွဲ တွင် ရောင်းချခဲ့ ကြောင်း သိရသည်။

Myanmar Express

တစ်လ ၅၀၀၀၀ တန်ဖိုးနည်း အိမ်ရာများ စီစဉ်နေ

တန်ဖိုးနည်းတိုက်ခန်းများ ဆောက်လုပ်ရောင်းချရေးအတွက် ယခုအခါ သက်ဆိုင်ရာသို့ မြေနေရာတင်ပြထားပြီး ခွင့်ပြုချက်ရရှိပါက အများပြည်သူအား တရားဝင် အသိပေးကာ ရောင်းချနိုင်မည့် အကြောင်းကို ပြောပြခဲ့သည်။ “တန်ဖိုးနည်း တိုက်ခန်းနှင့် ပတ်သက်ပြီး လာစုံစမ်းတဲ့သူတွေ အများကြီးရှိပါတယ်။ ဒါပေမယ့် ဘယ်နေ့၊ ဘယ်အချိန်မှာ ရောင်းခွင့်ပေးမယ်ဆိုတာ မသိသေးပါဘူး။ သေချာတာက ရောင်းခွင့်ကျပြီဆိုတာနဲ့ နိုင်ငံပိုင် သတင်းစာကနေ ကြော်ငြာမယ်” ဟု အရောင်းတာဝန်ခံက ပြောပြခဲ့သည်။ ယခုဆောက်လုပ်ရန် လျာထားသော တန်ဖိုးနည်း တိုက်ခန်းများမှာ အခြေခံလူတန်းစားများအတွက် ရည်ရွယ်ကာ လစဉ်ကြေး တစ်လကျပ် ၅၀၀၀၀ ပေးသွင်းရုံဖြင့် တိုက်ခန်းရရှိနိုင်မည်ဖြစ်သည်။ တိုက်ခန်း၏ စုစုပေါင်း ကုန်ကျငွေပမာဏမှာ ကျပ် ၃၄ သိန်းဖြစ်ပြီး ဝယ်ယူခွင့်ရရှိသူမှ ကနဦးငွေကျပ် ၄ သိန်း ပေးသွင်းကာ ကျန်သိန်း ၃၀ အတွက် လစဉ်ကြေး ၅၀၀၀၀ ဖြင့် ငါးနှစ်ပေးသွင်းရမည်ဖြစ်ကြောင်း ပြောပြခဲ့သည်။ ယခု တန်ဖိုးနည်းတိုက်ခန်း အစီအစဉ်ကို မြောက်ဒဂုံမြို့နယ် ၄၁၊ ၄၂ တိုးချဲ့ရပ်ကွက်မှာ စီမံဆောင်ရွက်လျက်ရှိကာ သက်ဆိုင်ရာဌာနသို့ တင်ပြထားခြင်းနှင့် ခွင့်ပြုချက် ရရှိပါက နိုင်ငံပိုင်သတင်းစာမှ တရားဝင် ကြေညာကာ ရောင်းချပေးမည်ဖြစ်သည်။ တန်ဖိုးနည်း တိုက်ခန်းတွင် ကျပ် ၃၄ သိန်း ဖြစ်သည်နှင့်အညီ အခန်းဖွဲ့စည်းပေးခြင်း မရှိဘဲ တိုက်ခန်းဝယ်ယူခွင့် ရရှိသူမှ မိမိစိတ်ကြိုက် အခန်းဖွဲ့ခြင်း၊ အလှဆင်ခြင်းများ ပြုလုပ်ရမည်ဖြစ်သည်ဟု သိရကြောင်း ၂၀၁၂ ခုနှစ် ဇန်နဝါရီလ ၃၁ ရက်နေ့ထုတ် News Watch Weekly ဂျာနယ်တွင် ဖော်ပြထားပါသည်။

ခေတ်လူငယ်

ထိုင်း၊ စင်္ကာပူ နှင့် မလေးငွေပို့ ငွေလွှဲဝန်ဆောင်မှု ပြည်တွင်းဘဏ်တစ်ချို့ ဖေဖော်ဝါရီ စမည်

ပြည်ပရောက် မြန်မာလုပ်သားများ တရားဝင် ငွေလွှဲပို့ရန် ဝန်ဆောင်မှုများကို ပြည်တွင်းဘဏ်အချို့က ဖေဖော်ဝါရီတွင် စတင်၍ ဆောင်ရွက်ပေးတော့မည်ဖြစ်ကြောင်း သိရသည်။ ပြည်တွင်း ပုဂ္ဂလိကဘဏ် လေးခုဖြစ်သည့် သမဝါယမဘဏ်(CB ဘဏ်)၊ ကမ္ဘောဇဘဏ်၊ ဧရာဝတီဘဏ်နှင့် အာရှစိမ်းလန်းမှု ဖွံ့ဖြိုးရေးဘဏ် (AGD)ဘဏ်တို့က စင်ကာပူ၊ မလေးရှားနှင့် ထိုင်းနိုင်ငံရောက် မြန်မာရွှေ့ပြောင်း လုပ်သားများအတွက် တရားဝင်ငွေလွှဲနိုင်ရန် စီစဉ်ဆောင်ရွက်လျက်ရှိကြောင်း သိရသည်။ “ကျွန်တော်တို့ ဘဏ်ကတော့ ဖေဖော်ဝါရီ လလယ်လောက်မှာ စင်ကာပူကို တရားဝင်ငွေလွှဲအတွက် ဝန်ဆောင်မှု စတင်တော့မှာပါ။ အဲဒီအတွက် ပန်နီဆူလာပလာဇာမှာ ရုံးခန်းကအစ စီစဉ်ပြီးသွားပါပြီ။ မလေးရှားကတော့ ဧပြီလောက်မှ စနိုင်ပါမယ်” ဟု အာရှစိမ်းလန်းမှု ဖွံ့ဖြိုးရေးဘဏ်မှ အုပ်ချုပ်မှု ဒါရိုက်တာ ဦးရဲမင်းဦးက ပြောသည်။ “ကျွန်မတို့ ဧရာဝတီဘဏ်ကလဲ ဖေဖော်ဝါရီ ဒုတိယပတ်လောက်မှာ လုပ်ဖို့စီစဉ်နေပါတယ်။ ဘဏ်ခွဲပဲ ဖွင့်ဖြစ်မလား၊ ကိုယ်စားလှယ်ရုံးခွဲပဲ ဖွင့်ဖြစ်မလား ဆိုတာကိုတော့ ဥက္ကဋ္ဌက ခရီးသွားနေတော့ အတိအကျ မသိသေးပါဘူး” ဟု ဧရာဝတီဘဏ်မှ ဈေးကွက်မန်နေဂျာ ဒေါ်သန်းမြင့်က ပြောသည်။ CB ဘဏ်က စင်ကာပူနိုင်ငံ၊ ဧရာဝတီဘဏ်က မလေးရှားနိုင်ငံ၊ ကမ္ဘောဇဘဏ်က ထိုင်းနိုင်ငံနှင့် အာရှစိမ်းလန်းမှု ဖွံ့ဖြိုးရေး (AGD)ဘဏ်က စင်ကာပူနိုင်ငံနှင့် မလေးရှားနိုင်ငံတို့တွင် ငွေလွှဲခြင်း လုပ်ငန်းများကို လုပ်ကိုင်သွားမည်ဖြစ်ကြောင်း သိရသည်။ ပြည်ပရောက် မြန်မာရွှေ့ပြောင်း လုပ်သားများအနေဖြင့် ပြည်ပရှိ ပြည်တွင်းဘဏ်များမှ ငွေလွှဲပါက ပြည်တွင်းရှိ သက်ဆိုင်ရာ ဘဏ်များ၏ ငွေလွှဲကောင်တာများမှတစ်ဆင့် ငွေကြေးပေါက်ဈေး နှုန်းထားများအတိုင်း လဲလှယ်ပေးသွားမည်ဖြစ်ကြောင်း သိရသည်။ ယင်းအပြင် အစိုးရဘဏ်များကလည်း ထိုင်းနိုင်ငံ၊ မလေးရှားနိုင်ငံနှင့် စင်ကာပူနိုင်ငံတို့တွင် ဘဏ်ခွဲများ ဖွင့်လှစ်နိုင်ရန်အတွက် စီစဉ်ဆောင်ရွက်လျက်ရှိကြောင်း ၂၀၁၂ ခုနှစ် ဇန်နဝါရီ ၂၆ ရက်နေ့ထုတ် ရန်ကုန်တိုင်း(မ်) ဂျာနယ်တွင် ဖော်ပြထားပါသည်။

Myanmar Express

Friday, January 27, 2012

မြန်မာပြည် ပြန်တော့ မလို့လား သူငယ်ချင်း

          ရွှေပြည်ကြီးရဲ့ အခြေအနေတွေက အရင်ထက်စာရင် ကောင်းသထက် ကောင်းလာပြီ ဆိုတာ ဘယ်သူမှ ငြင်းလို့ မရပါဘူး။ ရှေ့ဆက်ပြီးတော့လည်း ကောင်းလာနိုင်စရာတွေ အများကြီး ရှိတယ်ဆိုတာ မျှော်လင့်လို့ရတဲ့ အခြေအနေပါ။ နိုင်ငံရဲ့ အခြေအနေက တိုးတက်သင့်သလောက် တိုးတက်မှုမရှိဘူး ဆိုတာကတော့ အဓိက အကြောင်းအရင်းက နိုင်ငံရေး ပေါ်လစီ တွေကြောင့် ဖြစ်တယ် ဆိုတာလည်း အားလုံးအသိပါ။ အခုတော့ ဒီပေါ်လစီ တွေလည်း တဖြည်းဖြည်း နဲ့ ပြောင်းလာနေပါပြီ။ အပ်ချလောင်းဆိုပြီး အရာရာ ကို ချက် ချင်း ကြီး ပြောင်းလဲဖို့တော့ မလွယ်ပါ။ ဆိုတော့ စိတ်ရှည်ရပါမယ်။ အဓိက ပြောချင်တာက နိုင်ငံရေး အကြောင်းမဟုတ်ပါ။ စီးပွားရေး နဲ့ အလုပ်အကိုင် အခွင့် အလမ်းများ အကြောင်းကို ဆွေးနွေးတင်ပြ လိုခြင်းပါ။
          Mobile Labor Market ရဲ့ သဘောသဘာဝ အရ အလုပ်အကိုင် အခွင့် အလမ်းများပေါ များ တဲ့ နေ ရာဒေသ ဆီသို့ ရွေှ့ပြောင်းရတဲ့ သဘာဝအတိုင်း ကျွန်တော်တို့  ရွှေမြန်မာ တွေလည်း များသော အားဖြင့် ထိုင်း၊ မလေးရှား၊ စင်္ကာပူ စသဖြင့် ပြောင်းရွေှ့လုပ်ကိုင် ကြရပါတယ်။ ကိုယ့်တိုင်းပြည် က အ လုပ်ကောင်း ကောင်း မပေးနိုင်လို့သာ ပြောင်းရွေှ့လုပ်ကိုင် ကြရပေမယ့် ဘယ်သူမှ သူများနိုင်ငံ မှာ မလုပ်ချင်ကြပါဘူး။ အခက်အခဲ မျိုးစုံ တွေ့ကြပါလိမ့်မယ်။ ဒီလိုတွေ့ ကြတာလည်း အဆန်းတော့ မဟုတ်ပါ။ ဘယ်သွားသွား ဒါမျိုးတွေ ကတော့ ကြုံရလိမ့် မည်ဟုထင်ပါသည်။ နည်းနည်းဆိုးတာ နဲ့ များများဆိုးတာ သာ ကွာခြားပါလိမ့်မည်။ အခွင့် အရေးမတူတာ သွားပြောလို့ မရပါ။ ကိုယ့်တိုင်းပြည် ကိုယ့်လူမျိုးချင်း တူတာ တောင် အခွင့်အရေးရတာချင်း တူရဲ့လား စဉ်းစားကြည့်ပါ။
          အချိန်တန်ရင် အိမ်ပြန်ကြရမဲ့ သူတွေဆိုတော့ သိပ်မကြာခင်မှာ အချိန်တန်တော့ မယ်ထင်ပါတယ်။ ရတာချင်း သိပ်မကွာရင်တော့ ပြန်ချင်ကြတဲ့ သူတွေချည်းပါပဲ။ သူများနိုင်ငံမှာ အခြေကျနေတဲ့ စီးပွားရေး သမားတွေ ကအစ အလုပ်သမားအဆုံး ပြန်မယ် ဆိုတာချည်းပါပဲ ကျွန်တော်တွေ့ သမျှတော့။ ပြည်ပက ရင်းနှီး မြှုပ်နှံမဲ့ သူတွေလည်း အခြေအနေပေးတာနဲ့ တပြိုင်နက် ၀င်လာဖို့ ပြင်နေကြတာတွေ့မှာပါ။ ဒါတွေက လည်းတကယ်ကောင်းတာတွေပါ။ ကိုယ့်တိုင်းပြည်သာ တကယ်ဖွံ့ဖြိုးလာရင် ထိုင်းတို့၊ မလေးတို့ ၊ စင်္ကာပူတို့ ကို ဘာမှ သွားပြီး အောက်ကျခံနေစရာ မလိုတော့ပါဘူး။ တခု သတိထားရမှာ ကတော့ ဒီနိုင်ငံတွေက ဥရောပ တိုင်းပြည်တွေနဲ့ ဆက်ဆံလုပ်ကိုင်လာတာ ကြာပြီဖြစ်တဲ့ အတွက် အတွေ့အကြုံ အတော်ရှိနေပြီ ဖြစ်ပါတယ်။ ချက်ချင်းကြီး ပခုံးချင်း ယှဉ်နိုင်ဖို့ တော့ မလွယ်လှပါဘူး။ ဒီတော့ ကောင်းတာတွေ လေ့လာ သင်ယူပြီး ကိုယ့်နိုင်ငံ မှာ အသုံးချဖို့ပါပဲ။
          ချက်ချုင်းကြီင်္း ဇွတ်ပြန်ဖို့ ဆိုတာ လည်း မလွယ်သေးပါဘူး။ ကိုယ့် အခြေအနေက ဒီအချိန်ပြန်ဖို့ သင့်ပြီ ဆိုတဲ့ သူတွေကတော့ တမျိုးပေါ့လေ။ ကိုယ့်ကိုကိုယ် သေချာမေးရမှာ ကတော့ ငါတကယ်ကို အဆင်သင့် ဖြစ်ပြီလားဆိုတာပါပဲ။ ကိုယ်ဘာလုပ်ချင်တာလဲ ပြန်ပြီးတော့၊ ကျွမ်းကျင် အလုပ်သမားလား၊ အင်ဂျင်နီယာ လား၊ မန်နေဂျာလား၊ ဒါရိုက်တာလား စသဖြင့်ပေါ့လေ။ ဘာပဲပြောပြော ကိုယ့်အတွက် တခုခုတော့ ပါအောင် ယူသွားစေချင်ပါတယ်။ ကိုယ့်ဆီမှာ အလုပ်လုပ်ရတာ ချောင်တယ် ဆိုတဲ့ အသိနဲ့ ပြန်တာထက် ဟိုရောက် ရင် စနစ်တကျ နဲ့ ဘယ်လို လုပ်လိုက်မယ် ဆိုတဲ့ စိတ်ကူး နဲ့ ပြန်မယ် ဆိုရင် အကောင်းဆုံးပါ။ တချို့ က နိုင်ငံခြားရောက်တာနဲ့ မြန်မာပြည် ကလူတွေ ကို အထင်သေးချင်ကြတယ်။ တကယ်တမ်းက အဲဒီလူတွေ တော်တာတွေ အများကြီးပဲ။ အခက်အခဲတွေ ကြားက ဖြစ်အောင် လုပ်သွားနိုင်တဲ့ သူတွေ အများကြီး ပဲ။ ကိုယ်ဆိုရင်ကော ဒီလို လုပ်နိုင် မလားဆိုတာ ကိုယ့်ကိုကိုယ် မေးကြည့်စေချင်တယ်။ ဒီမှာ အဆူအငေါက် ခံပြီး လုပ်နေရတဲ့ ကိုယ့်အခြေအနေကိုလဲ မမေ့သင့်ဘူး။ ပြောချင်တာက ကိုယ့်ကို ကိုယ် အထင်မကြီး ဖို့ နဲ့ ဟုတ်လှပြီ မမှတ်ဖို့ပါ။
          သိပ်မဝေးတော့တဲ့ အချိန်မှာ ကျွန်တော်တို့တွေ ကိုယ့်နိုင်ငံမှာ ကိုယ့်စိတ်ကူး လေးတွေ အကောင်အထည် ဖော်ရင်း နိုင်ငံ ထူထောင်ရေး အတွက် ကိုယ်တတ်နိုင် တဲ့ ဖက်ကနေ တတ်နိုင်သလောက် ၀ိုင်းဝန်း လုပ်ကိုင်ရင်း ပျော်ရွှင်စွာ ပြန်လည် ဆုံတွေ့ကြဖို့ ဆုတောင်းလိုက်ပါတယ်။


Posted by ဂျစ်တီး

Thursday, January 26, 2012

နိုင်ငံခြားငွေ လဲလှယ်နှုန်းမူဝါဒ ကို ၂၀၁၂ ဧပြီ ၁ ရက်နေ့မှ စတင်ပြောင်းလဲမည်

“၂၀၁၂ -၂၀၁၃ ဘဏ္ဍာရေး နှစ်စဖြစ်တဲ့ ဧပြီ ၁ ရက်ကစပြီးတော့ လက်ရှိကျင့်သုံးနေတဲ့ မြန်မာကျပ်ငွေကို SDR (IMF ၏ အထူးထုတ်ယူခွင့်လက်မှတ်) နဲ့ ချိတ်ဆက်ထားမှုကို ဖျက်သိမ်းပါ့မယ်။ ဒီအစားအကန့်အသတ်နဲ့ နှုန်းရှင်ငွေလဲလှယ်နှုန်းစနစ်ကို ပြောင်းလဲကျင့်သုံးသွားမယ်” ဟုဆိုသည်။ ယင်းသို့ ပြောင်းလဲကျင့်သုံးရခြင်းမှာ နိုင်ငံ၌ တရားဝင်နိုင်ငံခြားငွေလဲလှယ်နှုန်းနှင့် ဈေးကွက်ငွေလဲလှယ်နှုန်းဟူ၍ တစ်မျိုး ထက်ပိုသည့် ငွေလဲလှယ်နှုန်းစနစ်များ ဖြစ်ပေါ်နေခြင်းကြောင့်ဖြစ်ပြီး နိုင်ငံခြားငွေ ပေါင်းစည်းရေးပြုလုပ်ရန် လိုအပ်လျက်ရှိနေခြင်းတို့ကြောင့် ဖြစ်သည်ဟု ဗဟိုဘဏ်၏ တာဝန်ရှိသူထံမှ သိရသည်။ ဗဟိုဘဏ်၏ တာဝန်ရှိသူကပင်ထပ်မံ၍ “အာဆီယံကတိကဝတ်တွေအရလည်း ငွေလဲလှယ်နှုန်း အမျိုးမျိုးကျင့်သုံးတဲ့ စနစ်ကိုဖယ်ရှားပြီး နိုင်ငံခြားငွေလဲလှယ်နှုန်းပေါင်းစည်းမှု ပြုလုပ်ဖို့လိုပါတယ်။ နောက်ပြီး နိုင်ငံခြားသုံးငွေပေးချေမှုဆိုင်ရာ ကန့်သတ်ချက်များကို ဖယ်ရှားပေးဖို့လည်း လိုအပ်တဲ့အတွက်ကြောင့်ပါ” ဟု ပြောသည်။ ဘဏ်လုပ်ငန်းဆိုင်ရာ ပညာရှင်တစ်ဦးက “ နှစ်ပေါင်း ၄၀၊ ၅၀ အထိ မပြောင်းလဲခဲ့တဲ့ ကန်တစ်ဒေါ်လာ မြန်မာငွေခြောက်ကျပ်နဲ့ အရိုးစွဲကျင့်သုံးလာခဲ့တဲ့ စနစ်ကို အခုပြောင်းလဲတော့မယ်ဆိုတော့ ပြောင်းအပ်တဲ့ အရာကို ပြောင်းတယ်လို့ပဲ မြင်ပါတယ်” ဟု ပြောကြားခဲ့ကြောင်း ၂၀၁၂ ခုနှစ်ဇန်နဝါရီ ၂၆ ရက်နေ့ထုတ် Popular News ဂျာနယ်တွင် ဖော်ပြထားပါသည်။

ရန်ကုန်တိုင်းဒေသကြီးကို လျှပ်စစ်ဓာတ်အား ဗို့အားပြည့် ပေးနိုင်တော့မည်

မန်မာနိုင်ငံ၏ အမြင့်ဆုံးမြစ်ကျော်တာဝါတိုင်နှင့် အလုံဓာတ်အားခွဲရုံတည်ဆောက်မှုမှာ ယခုအခါပြီးစီးခဲ့ပြီဖြစ်သည့်အတွက် ရန်ကုန်တိုင်းဒေသကြီးကို လျှပ်စစ်ဓာတ်အား ဗို့အားပြည့်ပေးနိုင်တော့မည်ဖြစ်ကြောင်း သိရသည်။

ရန်ကုန်တိုင်းဒေသကြီးအတွင်းရှိ မြို့နယ်များသို့ လျှပ်စစ်ဓာတ်အားဖြန့်ဖြူးပေးရာတွင် ဗို့အားပြည့်ပေးနိုင်ရန်အတွက် လှိုင်သာယာမဟာ ဓာတ်အားလိုင်းမှ ဓာတ်အားကို ရယူနိုင်ရန် ၄၆၂ ပေ အမြင့်ရှိသောတာဝါတိုင်လေးတိုင်ကို လှိုင်မြစ်ကိုဖြတ်ကာ တည်ဆောက်ခဲ့ကြောင်း သိရသည်။ ခန့်မှန်းကုန်ကျငွေအမေရိကန်ဒေါ်လာ ၁၀ သန်းကျော် အကုန်အကျခံတည်ဆောက်ခဲ့ရသော အဆိုပါမြစ်ကျော် တာဝါတိုင်နှင့် အလုံဓာတ်အားခွဲရုံကိုလည်း ယခုလဆန်းပိုင်းတွင် ဖွင့်လှစ်ပေးတော့မည်ဟု သိရသည်။

"ဒီအလုံဓာတ်အားခွဲ စက်ရုံကို ဒီလထဲမှာ ဖွင့်ဖို့ စီစဉ်နေပါတယ်။ ဒီလိုမျိုး နောက်ထပ် ဒဂုံ(အရှေ့) ဓာတ်အားခွဲရုံကိုတော့ တည်ဆောက်မှာပါ"ဟု အမှတ်(၂) လျှပ်စစ်ဓာတ်အားဝန်ကြီးဌာန ပြည်ထောင်စုဝန်ကြီး ဦးခင်မောင်စိုးက ပြောသည်။

ယခု တည်ဆောက်ပြီးစီးခဲ့ပြီးဖြစ်သည့် အလုံဓာတ်အားခွဲရုံမှ ဓာတ်အားများကို မော်တင်ဓာတ်အားခွဲရုံမှ ဓာတ်အားများကို မော်တင်ဓာတ်အားခွဲရုံမှ တစ်ဆင့်မြို့တွင်းမြို့နယ်များကို ပေးဝေမည်ဖြစ်ပြီး ယင်းခွဲရုံမှ လွှတ်တော်ဓာတ်အားခွဲရုံ၊ MRTV-3 ဆင်မလိုက်ဓာတ်အားခွဲရုံတို့ကို ပေးဝေမည်ဖြစ်ပြီး ယင်းနှင့် ချိတ်ဆက်ထားသော မြို့နယ်များကိုလည်း အဆင့်ဆင့်ချိတ်ဆက်ကာ ဗို့အားပြည့်ပေးဝေ သွားမည်ဖြစ်ကြောင်း သိရသည်။

"ရန်ကုန်မြို့ကြီးကို 230 KVA လိုင်းနဲ့ ပတ်ထားရင် ဓာတ်အားပေးတဲ့နေရာမှာ တစ်ခုခုဖြစ်ရင်တောင် ဓာတ်အားပေးတဲ့အခါမှာ မဟာဓာတ်အားလိုင်းပတ်ထားတဲ့အတွက် ဓာတ်အားကို ဆက်ပေးနိုင်မှာ ဖြစ်ပါတယ်"ဟု ရန်ကုန်တိုင်းဒေသကြီး လျှပ်စစ်ဓာတ်အားပေးဝေရေးအဖွဲ့မှ တာဝန်ရှိသူတစ်ဦးက ပြောသည်။

ယခုအခါ ရန်ကုန်တိုင်းဒေသကြီးကို သန်လျင်ဓာတ်အားခွဲရုံမှ လျှပ်စစ်ဓာတ်အားများကို ပေးထားနိုင်ပြီဖြစ်ပြီး မကြာမီအချိန်တွင်လည်း ဒဂုံ(အရှေ့)တွင် ယင်းကဲ့သို့ ဓာတ်အားခွဲရုံတစ်ရုံထပ်မံ တိုးမြင့်လာတော့မည်ဖြစ်ကြောင်း သိရသည်။


The Flower News

အခမဲ့ ရုပ်သံလိုင်း (၇) လိုင်းတိုးချဲ့

တပ်မတော်ပိုင် မြဝတီ အမှတ်တံဆိပ်ဖြင့် ဒစ်ဂျစ်တယ်ရုပ်သံဖမ်းစက်များကို စတင်ရောင်းချလျက်ရှိကြောင်း၊ အဆိုပါ ရုပ်သံဖမ်းစက်သည် အခမဲ့ တိုးချဲ့ ပြသမည့် မြဝတီရုပ်သံလိုင်း (၇) လိုင်း အပါအဝင် လက်ရှိ ထုတ်လွှင့်ပြသနေသည့် ရုပ်သံလိုင်း စုစုပေါင်း ၃၃ လိုင်းကို ဖမ်းယူကြည့်ရှုနိုင်မည်ဖြစ်သည်။ ဈေးနှုန်း ၂၉၅၀၀ ကျပ်ဖြင့် ဝယ်ယူနိုင်မည့် အဆိုပါရုပ်သံဖမ်းစက်များသည် လာမည့် မတ်လ ၂၇ ရက်နေ့မှ စတင်၍ ကတ်စနစ်ဖြင့် ဖမ်းယူကြည့်ရူနိုင်မည်ဖြစ်ကြောင်း ၂၀၁၂ ခုနှစ် ဇန်နဝါရီ ၂၆ ရက်နေ့ထုတ် Internet ဂျာနယ်တွင် ဖော်ပြေထားပါသည်။


ခေတ်လူငယ်

Wednesday, January 25, 2012

ဂလက်စကိုမှာ တွေ့တယ်ဆိုတဲ့ ဒိုင်ယာနာ မင်းသမီးရဲ့ ၀ိညာဉ်

 စကော့တလန်နိုင်ငံ ကလက်စကိုမြို့က ဘုရားကျောင်းတစ်ခုမှာတော့ ဒိုင်ယာနာ မင်းသမီးရဲ့ ၀ိညာဉ်ကို တွေ့ရပါတယ်လို့ ဆိုနေကြပါတယ်။  ဒီ ဗီဒီယိုကိုတော့ အဲ့ဒီဘုရားကျောင်းကို သွားလည်ပတ်တဲ့ တရုတ်ခရီးသွား အုပ်စုတစ်ခုက ရိုက်ယူခဲ့တာဖြစ်ပြီး အဲ့ဒီဗီဒီယိုထဲမှာတော့ ဘုရားကျောင်းရဲ့ ဆေးခြယ်ထားတဲ့ မှန်သားပြင်ပေါ်မှာ ဒိုင်ယာနာ ပုံနဲ့ ဆင်တူတဲ့ ရုပ်သဏ္ဍာန်ကို မြင်တွေ့ရတယ်လို့ဆိုပါတယ်။  ဂမ္ဘီရ လျှို့ဝှက်ဆန်းကျယ် ဖြစ်ရပ်တွေကို စိတ်ဝင်စားတဲ့ မိုင်ကယ်ကိုဟင် ဆိုသူကတော့ အခု ဒီ ဗီဒီယိုကို စစ်ဆေးပြီး သကာလမှာတော့ ဒါဟာ ထူးခြားဆန်းကျယ်တဲ့ မူမှန်ထက်ကို ကျော်လွန်နေတဲ့ ဖြစ်ရပ်လို့ ကောက်ချက်ချပါသတဲ့။ 
          “ခုထိတော့ ဒီဗီဒီယိုကို ကျွန်တော်ရော အခြားသော သုတေသန ပညာရှင်များပါ အဖြေရှာနေကြပါတယ်။ ဒါဟာ အလင်းပြန်မှု့ ဖြစ်ကောင်းလည်း ဖြစ်နိုင်သလို ဒါဟာ ၀ိညာဉ်လည်း ဖြစ်နိုင်ပါတယ် - ဒိုင်ယာနာ မင်းသမီးရဲ့ ၀ိညာဉ်ဖြစ်နိုင် သလိုပေါ့” လို့ ကိုဟင်က ပြောသွားပါတယ်။  ဒီ ဗီဒီယိုလေးကိုတော့ Paranormal mysteries လို့ခေါ်တဲ့ သိပ္ပံလွန် ဖြစ်ရပ်ဆန်းတွေရဲ့ အခန်းဆက်ထဲမှာ ထည့်သွင်းပြသဦးမယ်လို့ဆိုပါတယ်။  ဟုတ်သည် မဟုတ်သည်ထား အသုံးချတတ်သူများကျတော့ ကြွက်သေတစ်ခု အရင်းပြုပြီး ရုပ်ရှင်တွေဘာတွေ ထုတ်၊ ကြည့်တဲ့ လူတွေကကြည့်၊ ချမ်းသာတဲ့ လူက ချမ်းသာ သူ့ဟာနဲ့ သူတော့ ဟုတ်နေကြတာပါပဲ။ အောက်မှာတော့ YouTube က ဗီဒီယိုလေး ကို ကြည့်နိုင်ပါတယ်။




Posted by ကိုကိုနေ
Source: blog-aunghtut.blogspot.com/