Sunday, May 08, 2011

အမေများနေ့အထိမ်းအမှတ် (ဘယ်ပန်းချီရေးမမှီသော မိဘမေတ္တာ)

အင်း....ဘာလိုလိုနဲ့ ဒီနေ့မေလ(၈) ရက်နေ့ ဆိုရင် ”အမေများနေ့ ရောက်ရှိလို့...လာပါပြီ။
ကမ္ဘာတ၀ှမ်းလုံးရှိ မေတ္တာတရားကြီးမားကြကုန် သော... မိဘတွေက သားသမီးအပေါ် မေတ္တာတရားစုန်ရေအနေနဲ့ ရှိခဲ့ကြပြီ
းသားပါ။ ဒီတခါကျွန်တော်အမြင်က သားသမီးက မိဘကိုကြည့်ရမဲ့  မေတ္တာတရားဆန်ရေအနေနဲ့ ရေးပါမယ်။ ဘယ်ပန်းချီရေးမမှီသော မိဘများရဲ့အနှိုင်းမဲ့မေတ္တာကို ကျွန်တော်ရဲ့အတွေးခေါ်အမြင်က မှားယွင်းမိခဲ့ရင် ကျွန်တော်ကို ခွင့်လွတ်ပေးပါလို့ ဦးစွာပန်ကြားပါတယ်...။

ရေဆန်ဆိုတာ...
သားသမီးဆိုးတော့ မိဘက ဆုံးမတယ်။
ပိုလိမ္မာအောင် ကျောင်းကဆရာကို သေချာ လိုက်အပ်တယ်။
အမြင်မတော်တာတွေရင် ဆုံးမပါတဲ့၊ အိမ်နီးချင်းတွေကိုလည်း အကူအညီတောင်းတယ်။
တူလိုသားလို သဘောထား မလိမ္မာရင် ပြောပါဆိုပါတဲ့။
ဘုန်းကြီးကိုလည်း အပူပေးတယ်။ ဒီဒကာငယ် မလိမ္မာဘူးဘုရား ဆုံးမပေးပါတဲ့။
မိဘမေတ္တာ သားသမီးတွေကို လိမ္မာစေချင်တာ အမြင်မတော်တာ မလုပ်စေချင်တာ။
မတင့်တယ်တာ မဖြစ်စေချင်တာ စေတနာစကားတွေ စိုးရိမ်စကားတွေဆိုကြတယ်။သွန်သင်ကြတယ်။

သားသမီးတွေကတော့ ဒီလိုမဟုတ်ပါဘူး။
မိဘတွေ ကိုယ့်ကိုဘယ်လို ရှာဖွေကျွေးနေတယ် စိတ်မ၀င်စားဘူး။
လိုချင်တာဝယ်ပေး တောင်းတာ ရရင် ကျေနပ်နေတာပဲ။
နေ့ တဓူဝ ကိုယ့်မိဘရဲ့ ဒုက္ခကို သားသမီးဘယ်နှစ်ယောက်က စစ်ဆေးကြည့်ဖူးပါသလဲ။

ကျွန်တော့်မိဘ မလိမ္မာလို့ ဆိုပြီးကော ဘုန်းကြီးအပ်ကြသလား။
ကျွန်တော့်အဖေ အမြင်မတော်တာ လုပ်နေလို့ ကော အိမ်နီးချင်းကို အကူအညီတောင်းကြလား။
ကျွန်တော့် အမေတော့ မတရား နှစ်လုံးထီ ကိုင်နေတယ်ကော ဆရာကို တိုင်တာကြားဖူးလား။

ရတဲ့လခနဲ့ မမျှသုံးနေတာ နည်းနည်းလေးမှ မတွေးတတ်ဘူးလား။
မိဘကမဟုတ်တာတွေ လုပ်နေရင် ဒုက္ခရောက်မှာ မစိုးဘူးလား။
အိုကြီးအိုမကြမှ ကိုယ့်မိဘ အသေမဖြောင့်ဖြစ်မှာ စိတ်မပူမဟုတ်လား။ မေတ္တာမှမတူတာ။
မိဘကသားသမီးအပေါ်ထားတဲ့ မေတ္တာနဲ့ သားသမီးကမိဘအပေါ်ထားတဲ့မေတ္တာမတူနိုင်ပါဘူးနော်
လိမ်လိမ်မာမာ လေး ကာဗာတောင် ယူလိုက်သေး။ ကံကြီးထိုက်မှာစိုးလို့ တဲ့။

အတ္တ အတ္တ ကိုယ်ကတော့ကံကြီးထိုက်မှာစိုးတယ်။ မိဘတော့ငရဲသွားစေပေါ့။
အမှန်ကတော့လမ်းမှားနေတဲ့ မိဘကို လမ်းမှန်ပေါ်တင်ပေးမှ တကယ် ကုသိုလ်ရမှာ။
ကိုယ့်မိဘကိုတကယ်ချစ်ရင် ပြောရမှာပေါ့။ အဖေကြီးရယ်အမြင်မတော်လို့ ပါပေါ့။
သားသမီးပြောရင် မိဘက လက်ခံပါတယ်။

မိဘနဲ့ သားသမီး ဆိုတာ တစ်ယောက်ကိုတစ်ယောက် ရွေးချယ်လို့ ရတာမဟုတ်ဘူး။
ဗိုက်ထဲရောက်လာတဲ့ကလေးကို သူခိုးလားလို့ မေးပြီး ဗီဇာမပေးပဲထားလို့ ရတာမဟုတ်ဘူး။
ကိုယ့်မိဘကိုလည်း လူလိမ်လားလို့ sms ပို့ မေးနိုင်တာမဟုတ်ဘူး။
ရေစက်ကြောင့်ဆုံကြပြီ။ မိဘကတော့ဘာလေးဖြစ်ဖြစ်ချစ်တာပဲ။ ကောင်းစေချင်တာပဲ။
ကိုယ်တွေ သားသမီးတွေကကော မအေမိဘ ကိုတကယ်ချစ်ကြရဲ့ လား။
တကယ်ချစ်ရင်တော့ မဟုတ်မှန်းသိရက်နဲ့ ဒီ့အတိုင်းပစ်မထားသင့်ဘူး။
ကိုယ့်မိဘဒုက္ခရောက်မှာကို လက်ပိုက်ကြည့်နေရင်တော့ တကယ်ကံကြီးထိုက်မှာလို့ ထင်တာပဲ။
မိဘကျေးဇူးဆပ်တယ် ဆိုတာမိဘကိုငွေပုံပေး၊ လိုအပ်တာဝယ်ပေး ယုံတင်မဟုတ်ဘဲ၊
မိဘလမ်းမှားရောက်ခဲ့ ရင်လည်း သားသမီးတစ်ယောက်အနေနဲ့ လမ်းမှန်ပို့ ပေးရပါမယ်။
ဘုရားကျောင်းကန်တရား မနာတတ်သောမိဘများရှိရင်လည်း..အမေရယ်ဒီတရားလေးနာကြည့်ပါ..
အဖေရယ်ဒီတရားလေးနာကြည့်ပါ...နဲ့ ဘာသာတရားနဲ့ လည်းကျေးဇူးဆပ်နိုင်ပါတယ်..

ဒါကြောင့်သူငယ်ချင်းရေ...မိဘကျေးဇူးဆပ်နိုင်ဘို့ ရေဆန်ပြန်စီးနိုင်ဘို့ အတွက်.......

Posted By ၀တီ

No comments:

Post a Comment