Sunday, May 08, 2011

ယနေ့ခေတ်လူငယ်နှင့် စာဖတ်ခြင်းအကြာင်း

ယနေ့ခေတ် လူငယ် အများစုမှာ အချိန်နဲ့ အမျှ မိမိ ကိုယ်ကိုယ် တိုးတက်ရေး၊ နောက်မကျ ကျန်ခဲ့ရေး အတွက် လေ့လာ သင်ယူတဲ့ နေရာမှာ “အလိမ္မာ စာမှာရှိ” ဆိုတဲ့ စကားပုံလို မိမိတို့ရဲ့ ကိုယ်ကျင့်တရား၊ လူမှုကျင့်ဝတ်များကို လိုက်နာသိရှိနိုင်ရန် စာပေဖတ်ရှု လေ့လာခြင်းမှာ ရှေးယခင်ကတည်းက အရေးကြီးတဲ့ အခန်းကဏ္ဍက ပါဝင်လို့နေပါတယ်။
ရွေးချယ်စရာများတစ်နေ့ထက်တစ်နေ့များပြားလာချိန်မှာလူငယ်တွေရဲ့အားလပ်ချိန်များဟာလည်း ရှားပါလာပါတယ်။ လူငယ်တွေရဲ့ စာဖတ်ခြင်း အလေ့ဟာ မိဘများရဲ့ ထိန်းကျောင်းမှုအပေါ် အများကြီးမူတည်နေပါတယ်။

ဂျာနယ်၊ မဂ္ဂဇင်းနဲ့ နယ်ပယ်စုံမှ စာအုပ်စာပေမျိုးစုံ ထွက်ရှိနေပေမယ့် လူငယ်အများစု စာဖတ်လျော့နေသည်လို့ ထင်မိပါတယ်။ရသ၊ တက်ကျမ်း စသလို စာအုပ်စာပေမျိုးစုံ ရှိနေသော်လည်း လူငယ်တွေရဲ့ စာဖတ်အား လျော့နေသည်မှာ လုပ်ငန်းခွင်သို့ စောစီးစွာဝင်ရောက်ခြင်း၊ အမျိုးမျိုးသော သင်တန်း၊ စိတ်အပန်းဖြေစရာ ရုပ်သံမီဒီယာများ တိုးပွားလာခြင်းကြောင့် ဖြစ်နိုင်ပါတယ်။
စာဖတ်တဲ့အကျင့်ဆိုတာ လုပ်ယူရတာမျိုးပါပဲ။ ခုခေတ်လူငယ်တွေ စာအုပ်ဖတ်ဖြစ်ဖို့ ဆိုရင်တော့ စာအုပ်ဖတ်တဲ့အချိန် သပ်သပ်ပေးပြီး စာအုပ်ကောင်းလေးတွေ ရွေးဖတ်ဖို့လိုမယ် ထင်ပါတယ်။
စာအုပ်ဆိုင်၊ စာကြည့်တိုက်တွေမှာ စာအုပ်ငှားရမ်း ဖတ်ရှုကြတဲ့ လူငယ်တွေနဲ့ အဝတ်အထည်ဆိုင်၊ အင်တာနက်ဆိုင်တွေမှာ အချိန်ကုန်နေလေ့ရှိတဲ့ လူငယ်တွေရဲ့ အရေအတွက်ကို နှိုင်းယှဉ်ကြည့်မယ်ဆိုရင် စာအုပ်ဆိုင်၊ စာကြည့်တိုက်တို့မှာ ရှိတဲ့လူငယ်တွေရဲ့ အရေအတွက် နည်းနေသေးတာကို တွေ့နိုင်ပါတယ်။
ယနေ့ခေတ် လူငယ်များမှာ စာအုပ်များထဲမှ လေ့လာသင်ယူမှု အားနည်းလာပြီး အပြင် မီဒီယာ များကိုသာ ပိုပြီး အားကိုးလာကြတာကို တွေ့ရပါတယ်။
လူငယ်များ စာမဖတ်ခြင်းမှာ မိမိလက်လှမ်းမီရာ စာပေများ အနီးအနားတွင် ရှိမနေခြင်းနဲ့ အမှန်တကယ် စာဖတ်ရှုရန် အချိန်ရှားပါးလာမှု သည်လည်း အဓိက အချက်တစ်ခု ဖြစ်နေပါတယ်။ လက်လှမ်းမီရာ ဖတ်ချင်တဲ့ စာအုပ်တွေရဲ့ ဈေးနှုန်းကြီးမြင့်မှု ကလည်း လူငယ်တွေ စာဖတ်ခြင်းအတွက် အတားအဆီး တစ်ခုဖြစ်နေပြန်ပါတယ်။
Posted By ၀တီ

No comments:

Post a Comment