Sunday, May 08, 2011

ဆ၇ာကြီး ဦးသာနိုးရဲ့ ဆောင်းပါး(၈)

Simple Past Tense
ate
walked
ဒီကြိယာရုပ်ကတော့ ကြိယာမှာ ed ထည့်ပေးရတာပါပဲ။ တချို့ကတော့ ed ထည့်လို့ မရ၊ ထူးထူးခြားခြားရုပ်ပြောင်းလဲမှုတွေ ဖြစ်တယ်။ go - went, eat - ate ရယ်လို့ ဖြစ်သွားတယ်။ go ကနေ goed လုပ်တဲ့ ကျောင်းသားရှားပေမယ့်  leave ကနေ leaved လုပ်တဲ့ ကျောင်းသားကတော့ မနည်းလှပါဘူး။ ( အမှန်က left )။ အဲ့သလို မမှားရအောင် မှတ်သားပါ။

ဒီကြိယာရုပ်ကို အတိတ်က တစ်ချိန်ချိန်မှာ လုပ်ခဲ့ ၊ ဖြစ်ခဲ့ တာကို သာမန်ပြောပြလိုတဲ့ အခါ သုံးပါ တယ်။
I went to the cinema yesterday.
ကျနော် မနေ့ က ရုပ်ရှင်သွားခဲ့ တယ်။
He came half an hour ago.
သူ နာရီဝက်က လာခဲ့ တယ်။
We visited Bagan last week.
ကျနော်တို့  အရင်အပတ်က ပုဂံ သွားခဲ့ ကြတယ်။
Anawrahta was a great king.
အနော်ရထာဟာ ဘုန်းကြီးတဲ့ ဘုရင်တစ်ပါး။
The king had no son.
ဘုရင်ကြီးမှာ သားတော်မရှိဘူး။
မေးခွန်းလုပ်ရင်၊ မဟုတ်ဝါကျလုပ်ရင် was / were တို့ ကို ကတ္တားနေရာပြောင်းပေးရုံ၊ not ထည့် ပေးရုံနဲ့  ရပြီး၊ တစ်ခြားကြိယာတွေမှာတော့ did ကိုသုံးတယ်။
Was he at home yesterday?
သူ မနေ့ က အိမ်မှာ ရှိရဲ့လား။
Were the boys at the cinema last night?
ကောင်လေးတွေ မနေ့ ညက ရုပ်ရှင်ရုံမှာလား။
You were not at school yesterday.
မင်း မနေ့ က ကျောင်းမှာ မရှိပါဘူး။
Did you play yesterday?
မင်းမနေ့ က ကစားခဲ့ သလား။
I did not see you at school yesterday.
ငါမင်းကို မနေ့က ကျောင်းမှာ မတွေ့ပါဘူး..။
ခုထိဟာ Active Voice တွေဖြစ်တယ်။ Passive လုပ်ရင် was / were ကို ရှေ့ကတင်ပြီး ကြိယာရဲ့ Past Participle ကို နောက်ကထားရမယ်။ Past Participle ဆိုတာ အများစုက ကြိယာတွေမှာ - ed ထည့်ရုံနဲ့ ပြီးပြီ၊ ထူးခြားတဲ့  ကြိယာတွေမှာတော့ အလွတ် ကျက်မှတ်ရမယ်။ do-done, eat-eaten စသဖြင့် ပြောင်းလဲပါတယ်။
This book was printed in 1981.
ဒီစာအုပ်ကို ၁၉၈၁ ကပုံနှိပ်တာ။
The children were taken to the zoo.
ကလေးတွေကို တိရစ္ဆာန်ရုံ ခေါ်သွားတယ်။
This pagoda was built 500 years ago.
ဒီစေတီကို အနှစ် ၅၀၀ ကတည်ခဲ့တာ။
Passive voice ကို မေးခွန်းလုပ်ရင်၊ မဟုတ်ဝါကျလုပ်ရင် was/were နဲ့  ကတ္တားရှေ့နောက် ပြောင်းရုံ၊ not ထည့်ပေးရုံပါပဲ။
I was not invited to the meeting.
ကျနော့် ကို အစည်းအဝေး မဖိတ်ပါဘူး။
Was he informed?
သူ့ ကို အကြောင်းကြားရဲ့လား။
When was Bagan built?
ပုဂံကို ဘယ်တုန်းက တည်ခဲ့ သလည်း။
The boys were not given any books.
ကောင်လေးတွေကို ဘာစာအုပ်မှ မပေးကြဘူး.။
အခုဆိုရင် ကြိယာရုပ် အတော်များများကို လေ့လာခဲ့ ကြပြီးပြီ။ တစ်ခုနဲ့ တစ်ခုမရောအောင် သေသေချာချာ မှတ်သားပါလေ။ လောလောဆယ် Past Tense မှာပဲကြည့် လေ။ ရိုးရိုးဖြစ်တယ် ရှိတယ် ဆိုရင် was/were ကိုသုံးတယ်။ Passive ကျတော့လည်း was/were ကို Participle နဲ့ တွဲပြီးသုံးပြန်တယ်။ ဒီတော့ သေချာစွာ မမှတ်တဲ့ ကျောင်းသားဆိုရင်
He was eat the orange. ဆိုတာမျိုးမှားယွင်းရေးမိတတ်တော့တယ်။
(၁) သူ မနေ့ က အိမ်မှာရှိတယ်ဆိုတာမျိုးမှာ He was လို့ နောက်က ဘာ Verb မှမပါပဲသုံးရပုံ။
(၂) သူမနေ့ က သွားတယ်ဆိုတာမျိုးမှာ He went လို့  was မပါပဲ သုံးရပုံ။
(၃) သူ့ကို စာအုပ်ပေးလိုက်တယ်ဆိုတဲ့ Passive မျိုးမှ He was given သုံးရပုံတို့ ကို ကျကျနန မှတ်သားပါလေ။

Posted by ကိုတူး(မိတ္ထီလာ GTI)

1 comment:

Anonymous said...

It is in reality a great and useful piece of info. I am glad
that you shared this helpful information with us.
Please keep us informed like this. Thanks for sharing.



Here is my webpage - cellulite treatment

Post a Comment