Sunday, May 08, 2011

မှတ်သားဖွယ် အဆိုအမိန့်များ

လေဖမ်း ဒန်းစီး 

လေကို ဖမ်းပြီး ဒန်း စီးသည် ဆိုသကဲ့သို့ မရေရာ သည်၊ မဖြစ် နိုင်သည်ကို အဟုတ် ထင်မှတ် ပြောဆို တာကို ပြောတာပါ။

မြင်းစီးလို့မှ အထီးမှန်း အမမှန်း မသိ 

မိမိ စီးသော မြင်းသည် အထီးမှန်း၊ အမမှန်း မသိ သကဲ့သို့ မိမိ ပြုလုပ် နေသော ကိစ္စ ကိုပင် ကွဲကွဲ ပြားပြား မသိတာကို ဆိုလို တာပါ။

မွဲချင်တဲ့ ခွေး ပြာပုံတိုး 

အရောင် မွဲချင်သော ခွေးသည် ပြာပုံကို တိုးသည်ဟု ဆိုသကဲ့သို့ ဆင်းရဲဖို့ ဖြစ်လာ သူသည် ဆင်းရဲမည့် အလုပ်များ ချည်း လုပ်ပြီး ဘယ်တော့မှ ကြီးပွားမှာ မဟုတ်ဟု ဆိုလိုတာပါ။

လူများ၍ ပွဲ မစည်  

လူများသော်လည်း ပွဲနှင့်တူအောင် စည်စည် ကားကား မဖြစ်သကဲ့သို့ လုပ်ကိုင် ဆောင်ရွက် နိုင်မည့် အင်အားများ ပါသော်လည်း လုပ်ငန်းမထိ ရောက်ဘဲ ရှိတာကို ဆိုလိုတာပါ။

(ပညာရေးဝန်ကြီးဌာန၊ မြန်မာစာအဖွဲ့ဦးစီးဌာန၏ မြန်မာစကားပုံမှ ကောက်နုတ်ဖော်ပြပါသည်။)


Posted by TSH

No comments:

Post a Comment