Tuesday, December 20, 2011

You're Hired - အပိုင်း (၈)

Episode (8)


Marcia wrote an email to one of the candidates giving them the news that they have not got the job.
(မာစီယာသည် အလုပ်လျှောက်ထားသူတစ်ဦးထံသို့ အလုပ်မရရှိကြောင်း email ရေးပို့သည်။)

Marcia Boardman : …ok…ok…that’s great! We’ll be pleased to have you on the team! Looking forward to seeing you next week! Bye!
(…ကောင်းပြီ…ကောင်းပြီ… အဖွဲ့ဝင်ဖြစ်လာမှာကို ၀မ်းသာပါတယ်။ နောက်အပတ်မှ တွေ့ကြမယ်! တာ့တာ!)

Sunday, December 18, 2011

စားပွဲအဖြစ်သုံးနိုင်မည့် Samsung ၏ Tablet ကွန်ပျူတာ မိတ်ဆက်ပြသ




Samsungကုမ္ပဏီသည် စားပွဲအဖြစ် အသုံးပြုနိုင်မည့် လက်မ(၄၀) Tablet ကွန်ပျူတာ တစ်လုံးကို မိတ်ဆက် ပြသလိုက်ကြောင်း သိရသည်။ Multi-touch နည်းပညာအရ အဆိုပါ Tabletသည် မျက်နှာပြင်ပေါ် ထိတွေ့ခံစားမှု (၅၀)ကို တစ်ပြိုင်နက်တည်း အာရုံခံ သိရှိနိုင်ကြောင်း သိရှိရသည်။ Touchscreen နည်းပညာ၏ မျိုးဆက်သစ် ကွန်ပျူတာ တစ်ခုအဖြစ် ဖန်တီးထားသော အဆိုပါ ကွန်ပျူတာသည် ဘောပင်နှင့် ထောက်တံကဲ့သို့ ပစ္စည်းများ၏ အထိအတွေ့ကိုပါ ခံယူနားလည်နိုင်သည်။

ထို့အပြင် Screen ၏ ရုပ်ထွက်အားမှာ Full HD အဆင့်ဖြစ်ပြီး အတွင်းထဲတွင် Windowsစနစ်ကို အခြေခံထားသည့် စွမ်းအင်မြင့် System တစ်ခုကို ထည့်သွင်းထားသည်။ ကွန်ပျူတာ၏ အထူမှာ (၄)လက်မသာရှိသည်။ Touchscreen နည်းပညာတွင် Screen၏ ထိတွေ့မှုကို အာရုံခံရာ၌ အကန့်အသတ်ဖြင့်သာ လက်ခံနိုင်သော အားနည်းချက်ကို မိမိတို့ ကျော်လွှားနိုင်ခဲ့ကြောင်း Samsung က ကြေညာသည်။



အဆိုပါ Tabletသည် ကလေးငယ်များအတွက် အလွယ်တကူ ပုံဆွဲခြင်းမျိုး ပြုလုပ်နိုင်သလို Facebook တွင် ဓာတ်ပုံများတင်ခြင်း၊ YouTubeမှ ဗီဒီယိုများ ကြည့်ရှုခြင်းတို့ကို ကြည်လင်ပြတ်သားစွာ ပြုလုပ်နိုင်မည်ဖြစ်သည်။ Microsoft သည်လည်း အလားတူ နည်းပညာမျိုးကို CES 2011ပွဲတွင် ပြသခဲ့ဖူးသည်။ LCDအခြေပြု Touchscreen ကြီးများကို အသုံးပြုထားသည့် စားပွဲမျိုးကို Microsoftက ဖန်တီးမိတ်ဆက်ခဲ့သည်။ Samsungသည် ၎င်းတို့၏ စားပွဲTablet ကို SUR40 ဟု အမည်ပေးထားပြီး ပေါင်စတာလင် (၇,၅၀၀)ဖြင့် မှာယူနိုင်ကြောင်း သိရှိရသည်။

Source : www.planet.com.mm

Posted by ဂျစ်တီး

၀၉-၈၀ နှင့်စသော WCDMA ဖုန်းလိုင်းများကို ဒီဇင်ဘာလ ၁၃ ရက်နေ့မှ စတင်ပိတ်သိမ်း

ဝ၉-၈ဝ နှင့်စသော WCDMA  ဖုန်းလိုင်းများကို ဒီဇင်ဘာလ ၁၃ ရက်နေ့မှ စတင်ပြီး ပိတ်သိမ်း လိုက်ပြီဖြစ်ကြောင်း ရွှေဂုံတိုင်ရှိ မြန်မာ ဆက်သွယ်ရေးရုံးမှ ရုံးဝန်ထမ်းတစ်ဦးက ဘားမားဗီဂျေ မီဒီယာကို ပြောပါတယ်။



ရွှေဂုံတိုင် မိုဘိုင်း အိတ်ချိန်ရုံး၏ ဆိုင်းဘုတ်

ဒီဇင်ဘာ ၁၃ ရက်နေ့ ကစပြီး ဝ၉-၈ဝ WCDMA  ဖုန်းလိုင်းတွေကို ပိတ်သိမ်းပြီး ဂျီအက်အမ် ငါးသိန်းဖုန်းတွေနှင့် ပြန်လဲပေးမှာဖြစ်ပါတယ်။ မည်သည့် အတွက်ကြောင့် အဆိုပါဖုန်းများကို ပိတ်သိမ်းရသည်ကို သေချာ မသိရသော်လည်း

ဖုန်းကိုင်ဆောင် အသုံးပြုနေသူများအား နေရာဒေသအလိုက် ငါးသိန်းတန် ဂျီအက်စ်အမ် မိုဘိုင်းဖုန်းများဖြင့် လဲလှယ်ပေးသွားမည် ။ ဖြစ်ကြောင်း  ၊ CDMA 800 MHZ လိုင်း ရှိနေရင် 800 နဲ့ လဲပေးမယ် ၊ GSM ဖုန်းလိုင်းများကို GSM

နဲ့ လဲပေးမှာဖြစ်ပြီး  ဒီဇင်ဘာ ၁၄ ရက်နေ့မှ စတင်ပြီး သက်ဆိုင်ရာမြန်မာ့ ဆက်သွယ်ရေး ရုံးများတွင် လာရောက် လဲလှယ်နိုင်ကြောင်း ယင်းဝန်ထမ်းက ပြောပါတယ်။ ထိုသို့ လဲလှယ်ပေး ရာတွင် လဲလှယ်သည့် ဖုန်းမှာ မြန်မာ့ ဆက်သွယ်

ရေးလုပ်ငန်းမှ ထုတ်ပေးထားသည့် စာရွက်စာတမ်း အပြည့်အစုံ နှင့် အမည်ပေါက်ဖြစ်ရမည် ဖြစ်ကြောင်း သိရပါတယ်။  ငှားရမ်းထားတယ် ဆိုရင်လဲ နာမည်ပေါက်ဖြင့် ပြန်လျှောက်ရမှာဖြစ်တယ်။ ငွေထပ်မံ အလိုက်ပေး၍ လဲလှယ်စရာ

မလိုပါဘူး ဟု သိရပါတယ်။ မြန်မာ့ ဆက်သွယ်ရေး ရုံးများမှာ ပန်းဆိုးတန်း မြန်မာ့ ဆက်သွယ်ရေးရုံး ၊ အလုံဆက်သွယ်ရေးရုံး ၊   ရွှေဂုံတိုင် မိုဘိုင်း အိတ်ချိန်းရုံး နှင့် ရန်ကုန်စာတိုက်ကြီး စုစုပေါင်း ဆက်သွယ်ရေး ရုံး ၄ ရုံးမှာ ပြန်လည်၍

လဲလှယ် ပေးသွားမှာ ဖြစ်ပါသည်။ မြန်မာ့ ဆက်သွယ်ရေး လုပ်ငန်းမှ လက်ရှိတွင် ဝ၉-၈ဝ ဖုန်းများသာမက ဝ၉-၉၉ ဖြင့် စသော ဆယ်လူလာဖုန်း ၊ ခြင်းဖုန်းများကိုပါ ငါးသိန်းတန် မိုဘိုင်းဖုန်းများဖြင့် လဲလှယ်ပေးနေသလို မကြာမီ လပိုင်း

အတွင်း ကျပ်နှစ်သိန်းခွဲတန် ဂျီအက်စ်အမ် ဖုန်းများ ချထားပေးရန် စီစဉ်နေကြောင်း မြန်မာ့ဆက်သွယ်ရေးရုံးမှ သိရတယ်။

WCDMA ဆင်းကဒ်



@burmavjmedia

Posted by ဂျစ်တီး

လူသားတို့နေထိုင်ရန် သင့်တော်မည့် ဂြိုဟ်သစ်တစ်ခု ရှာဖွေတွေ့ရှိ

ဒီဇင်ဘာလထဲ စတင်ဝင်ရောက်လာခဲ့တဲ့ အေးမြမှုနဲ့အတူ အမေရိကန် အမျိုးသား အာကာသ လေ့လာရေး အေဂျင်စီ (NASA) က လူသားတွေ နေထိုင်ရန် သင့်တော်တဲ့ ကမ္ဘာမြေသစ် (သို့)  ဂြိုဟ်သားကမ္ဘာ (Alien world) တစ်လုံးကို ရှာဖွေတွေ့ရှိခဲ့ပါတယ်လို့ ဒီဇင်ဘာလ ၅ ရက်နေ့မှာ ဒီသတင်းကောင်းကို ယူဆောင်ပေးနိုင်ခဲ့ပါတယ်။

NASA ရဲ့ သိပ္ပံပညာရှင်တွေက ယခုသတင်းအား လာမည့်နှစ်လောက်မှ ထုတ်ပြန်ရန် အဆိုပြုထားသော်လည်း NASA တာဝန်ရှိသူတွေက ယခုကဲ့သို့ အလျင်အမြန် ထုတ်ပြန်ခဲ့တာပါ။ ယခု ရှာဖွေတွေ့ရှိခဲ့တဲ့ ဂြိုဟ်ကို Kepler-22b လို့ အမည်ပေးထားပြီး သူ့ရဲ့ အလင်းနှစ်က သန်း ၆၀၀ ရှိပြီး ကမ္ဘာနဲ့ 5.9 ထရီလီယံမိုင် ကွာဝေးပါတယ်။ Kepler-22b ရဲ့ အချင်းဟာ ကမ္ဘာမြေထက် 2.4 q လောက်သာကြီးပြီး သူ၏ ပျမ်းမျှ အပူချိန်ဟာ 72° F (22° C) သာ ရှိပါတယ်။

ဒီမတိုင်မီ ၂၀၀၉ ခုနှစ်မှစ၍ နာဆာသည် ၎င်းတို့၏ Kepler telescope များဖြင့် ဂြိုဟ်ပေါင်း ၁၂၃၅ ဂြိုဟ်ကို ရွေးချယ်ခဲ့ပြီး ၎င်းတို့ထဲမှ နေထိုင်ရန် သင့်လျော်သောဂြိုဟ် ၅၄ ဂြိုဟ်၊ ကမ္ဘာမြေနှင့် အရွယ်အစား တူသော်လည်း မြေမျက်နှာသွင်ပြင် ကျောက်တောင်များဖြင့် ထူထပ်နေသော ဂြိုဟ် ၆၈ ဂြိုဟ်တို့မှ ယခု Kelper-22b ဂြိုဟ်ကို NASA ရဲ့ ဂြိုဟ်လိုက်မုဆိုး (Alienhunters) တို့က ရှာဖွေ ပေးနိုင်ခဲ့ခြင်းလည်း ဖြစ်ပါတယ်။

ဝါရှင်တန် ဒီစီအခြေစိုက် နာဆာဂြိုဟ်တု လေ့လာရေး သိပ္ပံပညာရှင် ဒေါက်တာ ကလပ်ဟတ်ဂင်ကမူ “အခုအချိန် ကျွန်တော်တို့ တွေးနေတာကတော့ ကျွန်တော်တို့ ကမ္ဘာမြေရဲ့ အမြွှာညီလေး အကြောင်းကိုပါ။ ဒီသတင်းကို ခရစ်စမတ် လက်ဆောင်အဖြစ် ယူပေးနိုင်ခဲ့လို့ ဝမ်းသာမိပါတယ်” ဟု ဆိုသွားခဲ့သည်။

၎င်း၏ အဖွဲ့ဝင်များဟာ အခုဆိုရင် Kepler-22b ဂြိုဟ်အား အာရုံစိုက် လေ့လာလျက် ရှိနေကြပြီး ၂၀၁၂ နိုဝင်ဘာမှာတော့ နောက်ထပ် အတည်ပြုမှု ပြုလုပ်ဦးမှာပါ။ ကမ္ဘာမြေနှင့် သဏ္ဌာန်တူဖို့ ဆိုရာတွင် ယေဘုယျအားဖြင့် နေအဖွဲ့အစည်း ပတ်လည် ၃ လမ်း အပူချိန်၊ ရေ၊ မြေ၊ လေနှင့် နေအလင်းရောင်တို့က အဓိကကျကြောင်း သိရသည်။ ဟတ်ကင်တို့ရဲ့ NASA အဆိုသာ မှန်ကန်ခဲ့မည်ဆိုလျှင် ကျွန်တော်တို့ လူသားသမိုင်း၏ အကြီးမြတ်ဆုံးသော ရှာဖွေဖန်တီးမှုကို NASA က ကမ္ဘာသူ ကမ္ဘာသားတို့ အတွက် ယူဆောင်ပေးနိုင်တော့မှာပဲ ဖြစ်ပါတယ်။

Source: www.mmcybermedia.com

Posted by ဂျစ်တီး

အဝေးကသမီးလေးကို လွမ်းနေရတဲ့ သမီးရှင် သူငယ်ချင်းတွေအတွက်ပါ


Posted by ဝတီ

ဆရာမင်းသုဝဏ်ရဲ့ကဗျာလေးပါ


Posted by ဝတီ

Saturday, December 17, 2011

Tuesday, December 13, 2011

You're Hired - အပိုင်း (၇)

Episode (7)

Philip Hart and Marcia Boardman discuss which candidate to appoint.
(Philip Hart နှင့် Marcia Boardman တို့သည် မည်သည့်အလုပ်လျှောက်ထားသူကို ခန့်ရမည်ဆိုသည်ကို တိုင်ပင်နေကြသည်။)

Philip Hart : So…what did you think?
(ကဲ…ခင်ဗျားဘယ်လိုထင်လဲ?)
Marcia Boardman : Well … between Sarah Timms and Daniel Watson – I think the choice is pretty obvious! 
(Sarah Timms နဲ့ Daniel Watson တို့ကြားမှာဆိုရင်တော့ ဘယ်သူ့ကို ရွေးရမယ်ဆိုတာ ထင်ရှားနေတာပဲလို့ထင်ပါတယ်။)