Monday, August 29, 2011

လေယူလေသိမ်း ကွာခြားချက်(၁)

(ညအလင်္ကာ ရေးသားထားတာပါ။ ဖတ်ကြည့်ကြပါအုံး။)
ကျွန်တော်တို့ ကလေးဘ၀ ကျောင်းတွင် အင်္ဂလိပ်စာ စသင်သည်မှာ Noun "(နာမ်)" များဖြင့် စသင်ခဲ့ရသလို မြန်မာဘာသာပြန်လျှင်လည်း "အပြောစကား" ဖြင့်မပြန်ဘဲ? "အရေး စာစကား" ဖြင့် ဘာသာပြန်ပေးကြောင်းတွေ့ရပါတယ်။ ဤသည်မှာ အင်္ဂလိပ်စကားလုံး တိုးပွားစေရေးအတွက် အထောက်အကူဖြစ်သော်လည်း အင်္ဂလိပ်စကားပြောရေးအတွက်မူ အဟန့်အတားဖြစ်နေကြောင်း သတိပြုမိပါတယ်။
ကျွန်တော်အခုပြောပြချင်တဲ့အကြောင်းအရာက Verb "ကြိယာ" မှစ၍  မြန်မာဘာသာပြန်ရာတွင် "စကားဖြင့်" ဘာသာမပြန်ဘဲ၊ "အပြောစကား" ဖြင့်ဘာသာပြန်စေလိုခြင်းဖြစ်သည်။
ကျွန်တော်လည်း အင်္ဂလိပ်စာလေ့လာလိုက်စား ၀ါသနာကြီးနေသူတစ်ယောက်ပါ။ အင်္ဂလိပ်စကား ပြောရဲစေလိုသူ တစ်ယောက်သာဖြစ်ပါသည်။ အခုကျွန်တော် ဖော်ပြမည့်အကြောင်းအရာမှာ အင်္ဂလိပ်စကားပြော ကျွမ်းကျင်သွားအောင် စွမ်းဆောင်နိုင်မည်မဟုတ်သော်လည်း အင်္ဂလိပ်စကားကို လွယ်လွယ်ကူကူပြောတတ်စေရန် ၊ ပြောရဲစေရန်၊ ပြောဖြစ်စေရန် အတွက် ရည်ရွယ်ပါသည်။
ကျွန်တော်တို့ငယ်ငယ်က ခေါက်ရိုးကျိုးပြီးသင်ခဲ့ရတာတွေအားလုံး ခ၀ါချပြီး အမှန်တကယ် နားလည်းအသုံးပြုနေသော အသုံးအနှုန်းဖြင့် သိရှိစေလိုခြင်းအတွက် ဒီဆောင်းပါးလေးအား ရေးသားဖော်ပြလိုက်ပါတယ်။ 


တန်ဖိုးရှိသော စကားများ

၂၀၀၅ ခုနှစ် ဇွန်လ ၁၂ရက် နေ့တွင် ကျင်းပခဲ့သော Stanford တက္ကသိုလ် ဘွဲ့နှင်းသဘင် အခမ်းအနားတွင် Apple Computer နှင့် Pixar Animation Studio တို့ကို စတင်တည်ထောင်ခဲ့သူ Steve Jobs ပြောကြားခဲ့ သည့် မိန့်ခွန်း




ကမ္ဘာ့အကောင်းဆုံး တက္ကသိုလ်ကြီးတခုရဲ့ ဘွဲ့ရ မောင်မယ်များကို တွေ့ဆုံစကားပြောခွင့်ရတဲ့အတွက်ကြောင့် အင်မတန် ဂုဏ်ယူမိကြောင်း ပြောပါရစေ။ ကျနော်ဟာ တက္ကသိုလ်ဘွဲ့ရ တယောက်မဟုတ်ပါ။ အမှန်အတိုင်း ပြောရရင် ဘွဲ့နှင်းသ ဘင် အခမ်းအနားဆိုတာ ဒီနေ့မှ တက်ဖူးတာပါ။ ဒီ ဘွဲ့နှင်းသဘင် အခမ်းအနားမှာ ကျနော့်ဘဝ ဇာတ်လမ်းလေး သုံးပုဒ် ပြောပါရစေ။ မိန့်ခွန်းအရှည်ကြီး မဟုတ်ပါ။ ကြီးကြီးကျယ်ကျယ် အကြောင်းအရာတွေ မဟုတ်ပါ။ ဇာတ်လမ်း သုံးပုဒ် ထဲ ပါ။
ပထမဆုံးဇာတ်လမ်းကတော့ ဆက်စပ်ပုံဖော်ခြင်း အကြောင်းပါ။

ကျနော် Reed College မှာ ခြောက်လပဲ တက်ပြီး ကျောင်းထွက် ခဲ့ပါတယ်။ ဒါပေမဲ့ ကျောင်းက မခွါနိုင်သေးပဲ နောက် ၁၈ လလောက် အတန်းတွေ ဆက်တက်ခဲ့ပါတယ်။ ကျနော် ဘာကြောင့် ကျောင်းထွက်ခဲ့ရတယ် ထင်ပါသလဲ။

ဒီဇာတ်လမ်းက ကျနော် မမွေးခင် အချိန်ကစပြီး ပြောပြရမှာပါ။ ကျနော့်ကို ကိုယ်ဝန်ရှိတဲ့အချိန်မှာ အမေဟာ အိမ်ထောင် မရှိသေးတဲ့ ဘွဲ့လွန်ကျောင်းသူ တယောက်ပါ။ အဲဒါကြောင့်လည်း ကျနော့်ကို မွေးစားဖို့ ပေးလိုက်မယ်လို့ ဆုံးဖြတ်ခဲ့ပါ တယ်။ ကျနော့်ကို မွေးစားမဲ့ မိဘများဟာ ဘွဲ့ရပညာတတ်တွေသာ ဖြစ်သင့်တယ်လို့ အမေ့ စိတ်ထဲမှာ အကြီးအကျယ် စွဲနေခဲ့ပါတယ်။ ဒါကြောင့်လဲ ဥပဒေပညာရှင် တယောက်နဲ့ သူ့ဇနီးတို့က ကျနော့်ကို မွေးပြီးပြီးချင်း လွှဲယူလိုက်ဖို့ ကြိုတင် စီစဉ် ထားခဲ့ပါတယ်။ ဖြစ်ချင်တော့ ကျနော် ကို “အူဝဲ” ဆိုပြီး မွေးလိုက်တဲ့အချိန်မှာ သူတို့က မိန်းကလေးမှ လိုချင်ပါ တယ်လို့ စိတ်ပြောင်း သွားခဲ့ပါတယ်။ ဒါကြောင့်မို့ အချိန်မတော် ညကြီးသန်းခေါင်မှာ မွေးစား မိဘလောင်း တန်းစီစာ ရင်းထဲက ကျနော့်မိဘများကို ဖုံးဆက်ခဲ့ပါတယ်။

“ဒီမှာ မမျှော်လင့်ဘဲ ယောကျာင်္းလေး တယောက် ရထားတယ်။ ယူမလား…” တဲ့။ မိဘများကလဲ “သိပ်ယူတာပေါ့…” တဲ့။ အဲဒီလို ပေးလိုက်ပြီးမှ ကျနော့်ရဲ့ အမေဟာ ဘွဲ့ရပညာ တတ်မဟုတ်တာ၊ ကျနော့်ရဲ့ အဖေဟာလဲ အထက် တန်းကျောင်း တောင်မှ မအောင်တာကို ကျနော့် မွေးမိခင်က သိသွားတာပါ။ မွေးမိခင်ဟာ မွေးစားစာချုပ်မှာ သဘောတူကြောင်း လက် မှတ်ထိုးမပေးခဲ့ပါဘူး။ နောင်လပေါင်း အတော်ကြာပြီး ကျနော့်ရဲ့ မိဘတွေက ကျနော့်ကို “တက္ကသိုလ် ထားပေးပါ့မယ်…” လို့ ကတိပေးမှ မွေးမိခင်က စိတ်လျော့ပြီး လက်မှတ်ထိုးပေးခဲ့တာပါ။

Sunday, August 28, 2011

Window 7 Installation Guide

Window 7 အသုံးပြုနေသော သူငယ်ချင်းတို့အတွက် စာအုပ်ကောင်းလေးပါ၊
Window 7 Installation Guide
Posted by ဝတီ

အင်္ဂလိပ်စာ လေ့လာနည်း

(အင်္ဂလိပ်စာ လေ့လာနေကြတဲ့ သူငယ်ချင်းတို့အတွက် ဒီဆောင်ပါးလေးဟာ အလွန်အကျိုးရှိစေမယ်လို့ မျှော်လင့်မိပါတယ်။ ဦးတင်ညွှန်ရေးသားထားတာပါ၊ အရင်တုန်းကလဲ ဦးတင်ညွှန်ရဲ့ ဆောင်းပါးတွေတင်ပေးခဲ့ဖူးပါတယ်။ ကဲ... ဒီဆောင်ပါးလေးထဲအတိုင်း သူငယ်ချင်းတို့လဲ လေ့လာကျင့်ကြံအားထုတ်ရင်း အင်္ဂလိပ်စာထူးချွန်သူတွေ ဖြစ်ကြပါစေလို့ ဆန္ဒပြုရင်......)
အမြန်ဆုံးနဲ့ အခြေခံအကျဆုံးကို ပြောပါ့မယ်။ တတ်ပြီးသားတွေကို မရည်ရွယ်ပါဘူး။ ခုမှစပြီး လေ့လာမယ့် သူတွေကိုရည်ရွယ်ပါတယ်။ စတင်လေ့လာလိုသူတွေအတွက် အညွှန်းကိုစပြောမယ်။ (လိုရင်း တိုရှင်းပေါ့)
၁။ ကိုယ့်ကိုယ်ကို ကလေးလိုသဘောထားပါ
ကလေးဆိုတာ စကားသင်ရင် ဖြည်းဖြည်းသင်ပေးရတယ်။ ပထမဦးဆုံး သူတို့ နားထောင်တာကို အရင်လုပ်တယ်။ နားရည်ဝရင် ပြောတာကို စလုပ်မယ်။ နောက်မှ အဖတ်နဲ့ အရေးကို လုပ်ကြတယ်။

၂။ အင်္ဂလိပ်စကား နေ့စဉ်နားထောင်ပါ
ရေဒီယိုကို အင်္ဂလိပ်ပိုင်း အစီအစဉ်များများနားထောင်ပါ။ အင်္ဂလိပ်စကားပြော TV တွေကြည့်ပါ။ ရုပ်ရှင် ကြည့်ရင် လည်း အင်္ဂလိပ်ကားတွေ များများကြည့်ပါ။ ဗီဒီယိုမှာ အင်္ဂလိပ်ကားတွေကြည့်ရင် မြန်မာစာတန်းထိုးနဲ့ မကြည့်ဘဲ အင်္ဂလိပ်စာတန်းထိုးကိုပြောင်းကြည့်နိုင်အောင်ကြိုးစားပါ။ အွန်လိုင်းကို တက်ရင်လည်း အင်္ဂလိပ် သင်ခန်းစာ site တွေကို လျှောက်လေ့လာကြည့်ပါ။

၃။ အင်္ဂလိပ်လိုပြောနိုင်သူတွေနဲ့ မိတ်ဆွေဖွဲ့ထားပါ
အင်္ဂလိပ်စကားဆိုတာ ပြောမှတတ်ပါတယ်။ ဒါကြောင့် အင်္ဂလိပ်လို ပြောနိုင်သူတွေနဲ့ပေါင်းပြီး များများ ပြောနိုင်အောင် အခွင့်အလမ်းယူပါ။ စပြီး သင်ရင် လွယ်ကူတဲ့ ဖတ်စာအုပ်လေးတွေကိုပဲ ရှာဖတ်ကြည့်ပါ။

၎။ အင်္ဂလိပ်ဇာတ်လမ်း၊ ပုံပြင်တွေများများဖတ်ပါ
ကလေးပုံပြင်စာအုပ်တွေကို အရင်ဆုံးလေ့လာကြည့်ပါ။ ပြီးမှ ESL (English as a Second Language) အနေနဲ့ ပြဌာန်းထားတာတွေကို လေ့လာပါ။ အင်္ဂလိပ်လိုကြော်ငြာတွေ၊ ဆိုင်းဘုတ်တွေ၊ အညွှန်းတွေ လိုက်ဖတ်ကြည့်ပါ။ ခုမှစပြီးလေ့လာတာဆိုရင် http://www.englishclub.com/ ကို ၀င်ကြည့်ဖို့ တိုက်တွန်းချင်တယ်။

၅။ ကိုယ်မသိတဲ့ စာလုံးအသစ်တွေတွေ့တိုင်း ချရေးထားပါ
New Words ဆိုပြီး မှတ်စုစာအုပ်တစ်အုပ်လောက်ထားပါ။ အက္ခရာ စဉ်အလိုက် စာမျက်နှာထိပ်တွေမှာ A, B, C … စသဖြင့် ရေးထားပါ။ A နဲ့စတဲ့ စာလုံးတွေကို A စာမျက်နှာမှာပဲ မှတ်ထားပါ။ နမူနာ စာကြောင်းလှလှ လေးတွေကိုလည်း ကြိုက်ရင်မှတ်ထားပါ။ အဘိဓာန်သုံးရင် English-English အဘိဓာန်ကိုပဲ သုံးနိုင်အောင် ကြိုးစားပါ။ အင်္ဂလိပ်-မြန်မာအဘိဓာန်ကို တတ်နိုင်သလောက်ရှောင်ပါ။

၆။ ဒိုင်ယာရီရေးရင် အင်္ဂလိပ်လိုရေးပါ
စာကြောင်းတစ်ကြောင်းပဲဖြစ်ဖြစ် စကြည့်ပါ။ ကိုယ်ခံစားရတာကို စရေးကြည့်ပါ။ ရာသီဥတုအကြောင်း ရေးကြည့်ပါ။ ဒီနေ့ ဘာတွေလုပ်ခဲ့သလဲဆိုတာ ရေးကြည့်ပါ။ မနက်ဖြန်ဘယ်သူတွေနဲ့တွေ့မယ်၊ ဘာတွေ လုပ်မယ်ဆိုတာရေးကြည့်ပါ။

၇။ အင်္ဂလိပ်စကားပြောနိုင်ငံတွေကို သွားလည်ကြည့်ပါ
အင်္ဂလိပ်စာမြန်မြန်တတ်ချင်ရင် အင်္ဂလိပ်လိုပြောတဲ့လူတွေကြား ရောက်နေတာက ပိုပြီးအဆင်ပြေတယ်။ အင်္ဂလိပ်လိုပြောတဲ့ မိသားစုတွေနဲ့ အတူနေနိုင်အောင်ကြိုးစားမယ်။ ဒေသခံတွေပြောတာကို များများနားထောင် မယ်။ တကယ့်ပျော်စရာကောင်းတဲ့ အတွေ့အကြုံတွေဖြစ်လိမ့်မယ်။

အသည်းရောင် အသားဝါ B ရောဂါအကြောင်း

အသည်းရောင်အသားဝါ B ဆိုတာ အသည်းရောင်အသားဝါ B ဗိုင်းရပ်စ် (Hepatitis B Virus, HBV) ကြောင့် ဖြစ်ပွားရတဲ့ ကူးစက်ရောဂါ တစ်မျိုး ဖြစ်ပါတယ်။ ဒီဗိုင်းရပ်စ်ဟာ လူအပါအ၀င် အဆင့်မြင့်သတ္တ၀ါများရဲ့ အသည်းကို ကူးစက်နိုင်ပြီး အသည်းရောင်ယမ်းခြင်းကို ဖြစ်စေပါတယ်။
ယနေ့ကမ္ဘာပေါ်မှာ ရှိရှိသမျှသော လူဦးရေတွေ အားလုံးရဲ့ သုံးပုံတစ်ပုံခန့် ဖြစ်တဲ့ လူပေါင်း သန်းနှစ်ထောင်ကျော်မှာ အသည်းရောင်အသားဝါ B ဗိုင်းရပ်စ် ရှိနေတယ်လို့ ကမ္ဘာ့ကျန်းမာရေး ပညာရှင်များက ခန့်မှန်းပြောဆိုပါတယ်။ အဲဒီအထဲမှာမှ ၆ပုံ ၁ပုံ ဖြစ်တဲ့ သန်း ၃၅၀ သော လူသားများဟာ နာတာရှည်ပိုးသယ်ဆောင်သူများ (chronic carriers) များ အဖြစ် တည်ရှိနေကြတယ်လို့ သိရပါတယ်။

2002 estimate of disability-adjusted life year for hepatitis B per 100,000 inhabitants.[57]

     no data      ≤ 10      10–20      20–30      30–40      40–50      50–80


     80–100      100–120      120–150      150–200      200–500      ≥ 500

အခုဆိုရင် ဒီ အသည်းရောင်အသားဝါ B ရောဂါဟာ အာရှတိုက်နဲ့ အာဖရိကတိုက်ရဲ့ နေရာ အတော်များများမှာ ကူးစက်မှုမြန်သော ကပ်ရောဂါ အသွင်ဆောင်နေတယ်လို့ သိရပါတယ်။ လူဦးရေ များလွန်းလှတဲ့ တရုတ်နိုင်ငံမှာတော့ ပြည်နယ်ဒေသတစ်ခုရှိ အတူနေလူများမှာ အစုလိုက်အပြုံလိုက် တွေ့ရှိရတဲ့ ရောဂါတစ်ခုတောင် ဖြစ်နေတယ်လို့ တရုတ်အစိုးရရဲ့ တရားဝင်ထုတ်ပြန်တဲ့ ကျန်းမာရေး အချက်အလက်တွေအရ သိရပါတယ်။

Saturday, August 27, 2011

ဘောလုံးပွဲ link များ

ဘောလုံးပွဲဝါသနာရှင် သူငယ်ချင်းတို့အတွက် internet မှတဆင့် ပရီးမီးယားလိဒ်၊ စီးရီးအေ၊ လာလီဂါ၊ ဘွန်ဒစ်လီဂါအပါအဝင် စိတ်ဝင်စားဖွယ်ကောင်းတဲ့ ချန်ပီယံလိဒ်ပွဲစဉ်တွေကို ကြည့်ရှုနိုင်စေဖို့ ကျွန်တော်သိထားသမျှ link တွေကိုစုစည်းတင်ပြပေးလိုက်ပါတယ်။ တချို့ link တွေကို Internet Explorer နဲ့ကြည့်မှ အဆင်ပြေနိုင်မှာပါ။
ဘောလုံးပွဲတွေအပြင် မိမိဝါသနာပါရာ နိုင်ငံတကာTV လိုင်းတွေကို ကြည့်ရှုနိုင်စေဖို့ အောက်မှာရှိတဲ့ မှတဆင့် download ရယူပြီး ကြည့်ရှုနိုင်ပါတယ်။
Posted by ဝတီ

ဆရာကြီး ဦးသာနိုးရဲ့ ဆောင်းပါး(၂၅)

Noun တစ်ခုရဲ့နေရာမှာ သုံးထားတဲ့ပုဒ်စုကို ( Noun Clause ) ခေါ်တာပါပဲ။
I know the boy.
I know he is honest.
ဒီဝါကျနှစ်ခုအနက် ပထမ၀ါကျမှာ know ကြိယာရဲ့ကံ ( Object ) ဟာ the boy ဆိုတဲ့ နာမ်ဖြစ်တယ်။ ဒုတိယ၀ါကျမှာ know ကြိယာရဲ့ကံက he is honest ဆိုတဲ့ ပုဒ်စုဖြစ်တယ်။ ဒီတော့ the boy ဆိုတဲ့ Noun နေရာမှာ he is honest ပုဒ်စုကို သုံးထားတယ်ဆိုတာကို တွေ့ရလိမ့်မယ်။ ဒါကြောင့် Noun တစ်ခုအစား သုံးထားတဲ့ ဒီပုဒ်စုကို Noun Clause လို့ခေါ်တယ်။ အလားတူ...
The story is not true.
That he has come back is not true.
ဒီမှာလည်း The story ရဲ့နေရာမှာ That he has come back ဆိုတဲ့ ပုဒ်စုကို သုံးထားတယ်။ Noun နေရာမှာ သုံးတော့ Noun clause ပါပဲ။ တစ်နည်းအားဖြင့် ( Subject ) နေရာမှာ သုံးထားတဲ့ N clause ပေါ့ ။
The fact is I have no money. ( Complement အဖြစ် N clause ကို သုံးထားတာ )
He is listening to what we are talking. ( Preposition နောက်မှာ N clause )
မှတ်ချက်။.......။ ကျောင်းသားများဟာ N clause နဲ့ Adj clause ရောထွေးပစ်လေ့ ရှိတယ်။ N နဲ့ တွဲနေတဲ့ clause ကို N clause လို့ ထင်သွားတဲ့သဘော။ အဲလို မဖြစ်အောင်မှတ်ပါ။ N နောက်ကနေ N ကို အထူးပြုနေတာက Adj clause။ သူကိုတိုင်က N ဖြစ်နေမှ N clause ပါ။
အောက်ပါဝါကျများကို သေသေချာချာ ယှဉ်ကြည့်ပါ။

Friday, August 26, 2011

ကိုယ့်တိုင်းပြည် ကိုယ့်လူမျိုး

တိုင်းပြည်နှင့် လူမျိုးကို ချစ်မြတ်နိုးဖို့လိုသလား။ လူရယ်လို့ဖြစ်လာလျှင် စားဝတ်နေရေး ပြေ လည်ဖို့ ကိုယ့်မိသားစု ပျော်ပျော်ရွှင်ရွှင် နေထိုင်နိုင်ဖို့ ကြိုးစားအလုပ်လုပ်ရမယ်။ နောင်ဘ၀မှာ ယခု ထက် ပိုပြီး သာလွန်ကောင်းမွန်တဲ့ ဘ၀သစ်ရရှိဖို့ ကုသိုလ်ကောင်းမှုတွေ ပြုရမယ်။ ဒါဆိုရင် ဘ၀ရဲ့အဓိပ္ပါယ် ပြည့်စုံပြီပေါ့ဟု သာမာန်လူအများက ယုံကြည်ကြသည်။ ထိုယုံကြည်ချက် မမှားချေ။ လူတစ် ယောက်၏ အခြေခံလိုအပ်ချက်ကို လက်ခံယုံကြည်ခြင်းဖြစ်၍ မှားယွင်းခြင်းမရှိချေ။
သို့သော် လူ့ဘ၀၏ အဓိပ္ပါယ်သည် ထိုမျှနှင့် ပြီးပြည့်စုံပြီဟု မဆိုအပ်ပေ။ လူသည် တစ်ဦးချင်း သဘောဆောင်သော်လည်း ကမ္ဘာပေါ်တွင် မိမိနှင့် မိမိ၏ ဆွေမျိုးသားချင်းတစ်စုသာ နေထိုင်နေကြခြင်း မဟုတ်ပေ။ လူသည် အခြားသော လူများနှင့် သတ္တ၀ါအမျိုးမျိုးတို့နှင့် တစ်ဆက်တစ်စပ်တည်း ရောနှော နေထိုင်လျက်ရှိသည်။ ထို့ကြောင့် လူသည် မိမိ၏ လူ့အဖွဲ့အစည်းဝင် အချင်းချင်းနှင့် မိတ်ဖက်သတ္တ၀ါ များနှင့် သဟဇာတဖြစ်အောင် ကြိုးစားနေထိုင်ကြရသည်။ စိတ်တူကိုယ်တူရှိသော မျိုးနွယ်တူများ စုပေါင်းနေထိုင်ကြခြင်းဖြင့် တိုင်းပြည်နိုင်ငံများဟူ၍ ပေါ်ပေါက်လာခဲ့ရာ မိမိ မှီတင်းနေထိုင်သော တိုင်းပြည်၏ အရိပ်အာဝါသသည် ဆွေရိပ်မျိုးရိပ်ပင်ဖြစ်သည်။ မိမိ၏ အရင်းအချာဆွေမျိုး သားချင်း များကို ချစ်တတ်လျှင် ကိုယ့်တိုင်းပြည် ကိုယ့်လူမျိုးကို ချစ်တတ်ဖို့ မခဲယဉ်းပါချေ။
သို့သော် ထိုသို့ အသိတရားမထားတတ်လျှင် သာမန်လူအများသည် တစ်ကိုယ်ကောင်းစိတ် ၏ စေ့ဆော်ချက်ဖြင့် တိုင်းပြည်နှင့် လူမျိုးဆိုသည်ကို မေ့လျော့နေတတ်ကြသည်။ မည်သည့်အချိန်မျိုး တွင် သိသာသနည်းဆိုသော် တိုင်းပြည်နှင့် လူမျိုးအကျိုးအတွက် မိမိတစ်ဦးချင်း၏ အကျိုးစီးပွား အနည်းငယ်မျှကို အထိပါးခံရမည့် အနေအထားမျိုး ကြုံရချိန်များတွင် ဖုံးမနိုင်ဖိမရ ပေါ်လာလေ့ရှိသည်။
ကိုယ့်တိုင်းကိုယ့်ပြည် ကိုယ့်လူမျိုးဆိုသော အသိကို တိုင်းတစ်ပါးသို့ ရောက်နေချိန်တွင် ပို၍ နှလုံးသွင်းမိတတ်ကြသည်။ “နီးတကျက်ကျက် ဝေးတသက်သက်” ဟူသော စကားအတိုင်းပင် ကိုယ့် တိုင်းပြည်မှ အဝေးသို့ ရောက်နေသူများသည် အိမ်လွမ်းစိတ် ပိုဖြစ်ပေါ်တတ်ကြသည်။ နိုင်ငံရပ်ခြား တိုင်းတစ်ပါးတွင် ဘယ်နိုင်ငံကလဲ၊ ဘာလူမျိုးလဲဟူသော မေးခွန်းနှင့် မကြာခဏ ကြုံကြရမည် ဖြစ် သည်။ ထိုအခါ မိမိ ဘာလူမျိုးလဲဆိုသည့် အမှတ်အသား(identity)ကို မပြောမဖြစ် ပြောကြလေသည်။ ယင်းသည် ကိုယ့်လူမျိုး ဂုဏ်သိက္ခာကျဆင်းမည်စိုးသော စိတ်ကလေးကြောင့် ဖြစ်ရကား အမျိုးသား သံယောဇဉ်၏ ကောင်းသော ရလဒ်တစ်ခုဟု ဆိုနိုင်ပေသည်။
အချို့ကမူ မိမိလူမျိုးအမှတ်အသားကို ပြောလိုက်လျှင် အထင်အမြင်သေးခံရမည် စိုး၍ လှီးလွှဲ ပြောဆိုတတ်ကြသည်။ ယင်းသည် ကိုယ့်အကျိုး ထိခိုက်မည်စိုးသောကြောင့် ဖြစ်ရကား ကောင်းသော နမူနာ မဖြစ်နိုင်ချေ။
လူမျိုး၏ဂုဏ်သတင်း(reputation)ဟူသည် နေ့ချင်းညချင်း ဖြစ်ပေါ်လာခြင်းမဟုတ်ပေ။ နှစ်ကာလများစွာ အစိုင်အခဲဖြစ်ပြီးမှ အထင်သေးစရာ အထင်ကြီးစရာ ထုနှင့်ထည်နှင့် ပေါ်ထွက်လာ ခြင်းဖြစ်သည်။ မိမိတစ်ဦးတည်း တစ်ယောက်ထဲ၏ လုပ်ရပ်ကြောင့် လူမျိုး၏ဂုဏ်သတင်း ကောင်းခြင်း ဆိုးခြင်း မဖြစ်နိုင်သော်လည်း ယနေ့မျက်မှောက်ကာလ လူအများက ဖန်တီးခဲ့သော ဂုဏ်သတင်းသည် နောက်မျိုးဆက်များအတွက် ကောင်းမွေသော်လည်းကောင်း၊ ဆိုးမွေသော်လည်းကောင်း ဖြစ်ပေမည်။ သို့ဖြစ်ရာ မျက်မှောက်ခေတ်ကို ကိုယ်စားပြုသူများအနေဖြင့် ကောင်းမွေများများ ထားနိုင်ခဲ့ ကြဖို့ တာဝန်ရှိကြောင်း အလေးအနက် ခံယူအပ်ကြသည်။ သို့မဟုတ်ပါက နောင်လာနောက်သားများ က ကျွန်ုပ်တို့၏ အုတ်ဂူကို တံတွေးနှင့် ထွေးကြလိမ့်မည်။
Posted by အိမ်လွမ်းသူ

တယ်လီဖုံးအင်္ဂလိပ်စကားပြော (အပိုင်း ၄)

Taking messages (အမှာစကားယူခြင်း)
 - I'll tell him/her you called.
  ခင်ဗျားဖုန်းဆက်ကြောင်းသူ့ကိုပြောလိုက်ပါမယ်။
 - I'll make sure he/she gets your message.
  သူ့ကို ခင်ဗျားပြောတာ သေချာပြောလိုက်ပါမယ်။
 - Can I take your name and number?
   ခင်ဗျားနံမည်နဲ့ ဖုန်းနံပါတ်ပေးခဲ့မလား။
 - When is the best time for him/her to call you back?
   ခင်ဗျားကိုဘယ်အချိန် ပြန်ခေါ်ခိုင်းရင် အဆင်ပြေမလဲ။

  Confirming information 
- Okay, I've got it all down.
  အိုကေ။ ကျွန်တော်အားလုံးရေးမှတ်ထားပါတယ်။
 - Let me repeat that just to make sure.
   သေချာအောင် နောက်တခါ ပြန်ဖတ်ပြမယ်နော်။

  Leaving message on a machine (အလိုအလျောက်ဖြေကြားစက်တွင်အမှာစကာထားခဲ့ခြင်း)
 - This is Marie-Noelle. It's three o'clock on Friday 8th February.
  အခုပြောနေတာ Marie-Noelle ပါ။   သောကြာနေ့ (၈) ရက် ဖေဖော်ဝါရီလ သုံးနာရီက ခေါ်ထားတာပါ။
 - I'm calling about...
  ...... ကိစ္စအကြောင်း ပြောမလို့ပါ။
 - Would you mind sending the attachment again? I can't open it.
   Attachment ကိုပြန်ပို့ပေးပါလား။ ဖွင့်မရလို့ပါ။
 - Would you please call me on my mobile?
  ကျေးဇူးပြု၍ ကျွန်တော့်လက်ကိုင်ဖုန်းကို ပြန်ခေါ်ပေးပါလား။

  Warning about bad reception (တယ်လီဖုန်းလိုင်းမကောင်းကြောင်း သတိပေးခြင်း။)
 - I think we're going to get cut off...
  ဖုန်းလိုင်းပြတ်သွားတော့မယ်နဲ့တူတယ်။
 - I'm afraid you're breaking up....
   ခင်ဗျားအသံကောင်းကောင်း မကြားရတော့ဘူး။
 - We might get cut off any minute now...
  မကြာခင် ဖုန်းပြတ်သွားတော့မယ်နဲ့တူတယ်။

  Not being able to hear (သေသေချာချာ မကြားရခြင်း။)
 - You’ll have to speak up
  ကျယ်ကျယ်လေးပြောပေးပါ။
 - I'm going to have to call you back. I can't hear you.
  ခင်ဗျားကို ပြန်ခေါ်မှဖြစ်မယ်။ ကျွန်တော်မကြားရဘူး။
 - I'm sorry. I didn’t hear that.
  Sorry ပါပဲ။ ကျွန်တော်မကြားလိုက်ဘူး။

  Being distracted (အာရုံထွေပြားခြင်း။)
 - Sorry, not you-I'm talking to the ticket collector.
   ခင်ဗျားကိုပြောတာ မဟုတ်ပါဘူး-လက်မှတ်စစ်ကို ပြောတာပါ။
 - Just a moment. Bob is saying something....
   ခဏလေးနော်၊ Bob ကတခုခုပြောနေလို့။
 - Sorry, I missed the last part.
   နောက်ဆုံးဘာပြောလိုက်တယ်ဆိုတာ မကြားလိုက်ပါဘူး။

  Avoiding giving confidential information (ကန့်သတ်သတင်းအားပေးရန် ရှောင်လွှဲခြင်း။)
 - Well, I'm afraid I can't really say right now.
   စိတ်မရှိပါနဲ့နော်၊ ဒီကိစ္စကို အခုမပြောနိုင်သေးပါဘူး။
 - I'd rather tell you in private.
   လူခြင်းတွေ့မှပဲ ပြောပါရစေ။

  Dealing with key information (အဓိကအချတ်အလက်များအား သေချာအောင်ပြန်မေးခြင်း။)
 - Could you spell your name, please?
   ခင်ဗျားနံမည်လေး စာလုံးပေါင်းပြနိုင်မလား။
 - What did you just say your address was?
  ဘယ်လိပ်စာလို့ပြောလိုက်တာပါလဲခင်ဗျာ။
 - Can I just check your e-mail address?
   အီးမေးလိပ်စာလေး သေချာအောင်ပြန်မေးလို့ရမလား။
 - Is your company's website www.....?
  ခင်ဗျား ကုမ္ပဏီရဲ့ ဝက်ဆိုဒ်က် www..... လားဗျာ?
Posted by ကိုတူး(မိတ္ထီလာ GTI)

Wednesday, August 24, 2011

တယ်လီဖုံးအင်္ဂလိပ်စကားပြော (အပိုင်း ၃)

Making special requests (အထူးမေတ္တာရပ်ခံခြင်း)
 - Could you please repeat that?
   ကျေးဇူးပြု၍ ပြန်ပြောပေးလို့ရမလား။
 - Would you mind spelling that for me?
   စာလုံးပေါင်းပြပေးလို့ရမလားရှင်။
 - Could you speak up a little please?
   နည်းနည်းကျယ်ကျယ်လေးပြောပေးလို့ရမလား။
- Can you speak a little slower please? My English isn't very strong.
  နည်းနည်း ဖြည်းဖြည်းလေး ပြောပေးပါလား။ ကျွန်တော်အင်္ဂလိပ်စာမကောင်းလို့ပါ။
 - Can you call me back? I think we have a bad connection.
   ပြန်ခေါ်ပေးပါလား။ လိုင်းမကောင်းဘူးနဲ့တူတယ်။
 - Can you please hold for a minute? I have another call.
   ကျေးဇူးပြုပြီး ခဏကိုင်ထားပေးပါလား။ တခြားဖုန်းတခုလာနေလို့ပါ။

Taking a message for someone (တစုံတယောက်အတွက်အမှာစကားလက်ခံပေးခြင်း)   
- Sammy's not in. Who's this? (Informal)
  ဆမ်မီအပြင်သွားပါတယ်။ အခုဘယ်သူပါလဲ။
 - I'm sorry, Lisa's not here at the moment. Can I ask whose calling?
   လီဆာအခုဒီမှာမရှိပါဘူး။ အခုပြောနေတာ ဘယ်သူပါလဲ။
 - I'm afraid he's stepped out. Would you like to leave a message?
   သူအခုလေးတင်ပဲ ထွက်သွားပါတယ်။ အခုဆက်တာ ဘယ်သူပါလဲ။
 - He's on lunch right now. Who’s calling please?
   သူထမင်းသွားစားနေပါတယ်။ အခုဆက်တာ ဘယ်သူပါလဲ။
 - He's busy right now. Can you call again later?
   သူအခုအလုပ်များနေပါတယ်။ ခဏနေရင်ပြန်ခေါ်လို့ရမလား။
 - I'll let him know you called.
  ခင်ဗျားဆက်တယ်လို့ပြောလိုက်ပါမယ်။
 - I'll make sure she gets the message.
   ခင်ဗျားမှာထားတာ သူမကို အသေအချာ ပြောလိုက်ပါမယ်။

Leaving a message with someone (တစုံတယောက်နှင့်အမှာစကားထားခဲ့ခြင်း)
 - Could you please tell him/her I called?
  ကျွန်တော်ဆက်တယ်လို့သူ/သူမ ကိုပြောပေးပါလား။
 - Would you mind asking him to call me on my mobile? My mobile is.....
   ကျေးဇူးပြုပြီး သူ့ကို ကျွန်တော့် လက်ကိုင်ဖုန်းကို ပြန်ခေါ်ပေးပါလို့ ပြောပေးလို့ရမလား။ ကျွန်တော့် နံပါတ်က ....ပါ။
 - Could you ask her to call me as soon as she can? It's urgent.
   သူမ ပြန်ရောက်ရောက်ခြင်း ကျွန်တော့်ဆီဖုန်းဆက်ပေးပါလို့ ပြောပေးပါ။ အရေးကြီးကိစ္စရှိလို့ပါ။
 - Yes, can you tell him his wife called, please?
   ဟုတ်ကဲ့။ သူ့အမျိုးသမီးဆက်တယ်လို့ကျေးဇူးပြုပြီး  ပြောပေးပါ။
 - No, that's okay, I'll call back later.
   ရပါတယ်။ ကျွန်တော် ပြန်ခေါ်လိုက်ပါမယ်။
 - Thanks; could you ask him to call Brian when he gets in?
   ကျေးဇူးပါ။ သူပြန်လာရင်ဘရိုင်ယန်ဆီပြန်ဆက်ပါလို့ပြောပေးလို့ရမလား။
 - Do you have a pen handy? I don't think he has my number.
   အနားမှာ ဘောပင်ရှိလားဗျာ။ သူ ကျွန်တော့်ဖုန်းနံပါတ်ကို မသိဘူးလို့ထင်ပါတယ်။
 - Thanks. My number is 222-3456, extension 12.
   ကျေးဇူးပါပဲ။ ကျွန်တော်နံပါတ်က ၂၂၂-၃၄၅၆  လိုင်းခွဲ  ၁၂  ပါ။
Posted by ကိုတူး(မိတ္ထီလာ GTI)